ဂိုးသမား ၉ ယောက်တောင်ရှိနေပြီဖြစ်တဲ့ PSG ရဲ့ အသင်းကြီးလူစာရင်း

ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အကောင်းဆုံးလက်စွမ်းပြသခဲ့တဲ့ အီတလီဂိုးသမား ဒွန်နာရမ်မာ ကိုခေါ်ယူပြီးတဲ့နောက် ပြင်သစ်အင်အားကြီးကလပ် PSG ရဲ့ အသင်းကြီးလူစာရင်းမှာ ဂိုးသမား ၉ ယောက်တောင်ရှိနေပြီလို့သိရပါတယ်။

အသစ်ခေါ်ယူလိုက်တဲ့ ဒွန်နာရမ်မာ နဲ့ ပရိသတ်တွေနဲ့ မစိမ်းတဲ့ ဂိုးသမားတွေဖြစ်တဲ့ နာဗက်စ် ၊ အာရီယိုလာ ၊ ဆာဂျီယို ရီကို စတဲ့ ဂိုးသမားတွေအပြင် နောက်ထပ် အသက် ၃၁ နှစ်အရွယ်ဂိုးသမားနဲ့ လူငယ်ဂိုးသမား ၄ ယောက်ကိုလည်း PSG က အသင်းကြီးလူစာရင်းမှာထည့်သွင်းထားတာကို ထူးဆန်းစွာတွေ့ရပါတယ်။

သာမန်ဆိုရင် ဘောလုံးအသင်းတသင်းဟာ အသင်းကြီးလူစာရင်းမှာ ဂိုးသမား ၃ ယောက် သို့မဟုတ် ၄ ယောက်လောက်ကိုသာ ထည့်သွင်းလေ့ရှိကြပါတယ်။

ဒါကြောင့် ဂိုးသမား ၉ ယောက်တောင် လူစာရင်းမှာထည့်ထားတဲ့ PSG ရဲ့ လုပ်ရပ်ကို ပရိသတ်တွေက ဆိုရှယ်မီဒီယာတွေပေါ်မှာ နောက်ပြောင်နေကြတာပဲဖြစ်ပါတယ်။

တချို့ပရိသတ်တွေကတော့ နောက်ထပ်ဂိုးသမား ၂ ယောက်ထပ်ဝယ်ပြီး ပွဲထွက် ၁၁ ယောက်လူစာရင်းမှာ ဂိုးသမားတွေကိုပဲ အသုံးပြုပြီး ယှဉ်ပြိုင်ကစားလိုက်တော့ဆိုပြီး PSG အသင်းကို နောက်ပြောင်နေကြပါတယ်။

လက်ရှိအချိန်မှာ PSG ရဲ့ အသင်းကြီးလူစာရင်းမှာ ဂိုးသမား ၉ ယောက်ရှိနေပေမဲ့ ဘောလုံးရာသီစရင်တော့ ဒီထက်လျော့နည်းသွားဖို့ရှိနေပါတယ်။

ပြင်သစ်ဂိုးသမား အာရီယိုလာ က ဝက်စ်ဟမ်း ကို ပြောင်းရွှေ့ဖို့ပြင်ဆင်နေသလို လူငယ်ဂိုးသမားလေးတွေကိုလည်း PSG က အဌားချဖို့ရှိနေပါတယ်။

နံပါတ်တစ် ဂိုးသမားနေရာကိုတော့ ဒွန်နာရမ်မာ နဲ့ နာဗက်စ် တို့သာ အပြိုင်လုရဖို့ရှိပြီး စပိန်ဂိုးသမား ဆာဂျီယို ရီကို ကတော့ တတိယဦးစားပေးအနေနဲ့သာ ရှိနေဖို့သေချာပါတယ်။

Zawgyi

ဂိုးသမား ၉ ေယာက္ေတာင္ရွိေနၿပီျဖစ္တဲ့ PSG ရဲ႕ အသင္းႀကီးလူစာရင္း

ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲမွာ အေကာင္းဆုံးလက္စြမ္းျပသခဲ့တဲ့ အီတလီဂိုးသမား ဒြန္နာရမ္မာ ကိုေခၚယူၿပီးတဲ့ေနာက္ ျပင္သစ္အင္အားႀကီးကလပ္ PSG ရဲ႕ အသင္းႀကီးလူစာရင္းမွာ ဂိုးသမား ၉ ေယာက္ေတာင္ရွိေနၿပီလို႔သိရပါတယ္။

အသစ္ေခၚယူလိုက္တဲ့ ဒြန္နာရမ္မာ နဲ႔ ပရိသတ္ေတြနဲ႔ မစိမ္းတဲ့ ဂိုးသမားေတြျဖစ္တဲ့ နာဗက္စ္ ၊ အာရီယိုလာ ၊ ဆာဂ်ီယို ရီကို စတဲ့ ဂိုးသမားေတြအျပင္ ေနာက္ထပ္ အသက္ ၃၁ ႏွစ္အ႐ြယ္ဂိုးသမားနဲ႔ လူငယ္ဂိုးသမား ၄ ေယာက္ကိုလည္း PSG က အသင္းႀကီးလူစာရင္းမွာထည့္သြင္းထားတာကို ထူးဆန္းစြာေတြ႕ရပါတယ္။

သာမန္ဆိုရင္ ေဘာလုံးအသင္းတသင္းဟာ အသင္းႀကီးလူစာရင္းမွာ ဂိုးသမား ၃ ေယာက္ သို႔မဟုတ္ ၄ ေယာက္ေလာက္ကိုသာ ထည့္သြင္းေလ့ရွိၾကပါတယ္။

ဒါေၾကာင့္ ဂိုးသမား ၉ ေယာက္ေတာင္ လူစာရင္းမွာထည့္ထားတဲ့ PSG ရဲ႕ လုပ္ရပ္ကို ပရိသတ္ေတြက ဆိုရွယ္မီဒီယာေတြေပၚမွာ ေနာက္ေျပာင္ေနၾကတာပဲျဖစ္ပါတယ္။

တခ်ိဳ႕ပရိသတ္ေတြကေတာ့ ေနာက္ထပ္ဂိုးသမား ၂ ေယာက္ထပ္ဝယ္ၿပီး ပြဲထြက္ ၁၁ ေယာက္လူစာရင္းမွာ ဂိုးသမားေတြကိုပဲ အသုံးျပဳၿပီး ယွဥ္ၿပိဳင္ကစားလိုက္ေတာ့ဆိုၿပီး PSG အသင္းကို ေနာက္ေျပာင္ေနၾကပါတယ္။

လက္ရွိအခ်ိန္မွာ PSG ရဲ႕ အသင္းႀကီးလူစာရင္းမွာ ဂိုးသမား ၉ ေယာက္ရွိေနေပမဲ့ ေဘာလုံးရာသီစရင္ေတာ့ ဒီထက္ေလ်ာ့နည္းသြားဖို႔ရွိေနပါတယ္။

ျပင္သစ္ဂိုးသမား အာရီယိုလာ က ဝက္စ္ဟမ္း ကို ေျပာင္းေ႐ႊ႕ဖို႔ျပင္ဆင္ေနသလို လူငယ္ဂိုးသမားေလးေတြကိုလည္း PSG က အဌားခ်ဖို႔ရွိေနပါတယ္။

နံပါတ္တစ္ ဂိုးသမားေနရာကိုေတာ့ ဒြန္နာရမ္မာ နဲ႔ နာဗက္စ္ တို႔သာ အၿပိဳင္လုရဖို႔ရွိၿပီး စပိန္ဂိုးသမား ဆာဂ်ီယို ရီကို ကေတာ့ တတိယဦးစားေပးအေနနဲ႔သာ ရွိေနဖို႔ေသခ်ာပါတယ္။