၂၀၃၀ ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ခွင့်ကို ဆိုးသွမ်းပရိသတ်တွေကြောင့် အင်္ဂလန် ဆုံရှုံးရဖွယ်ရှိနေ

အင်္ဂလန်နိုင်ငံက ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရဖို့ ကာလရှည်ကြိုးစားနေတာပါ။ အခုတော့ ဆိုးသွမ်းပရိသတ်တွေကြောင့် အဲ့ဒီကြိုးစားမှုတွေဟာ သဲထဲရေသွန်သလိုဖြစ်သွားဖို့ ရှိနေပါပြီ။

ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ ရမ်းကားတဲ့လူတွေကြောင့် ဝင်ဘလေကွင်းကြီးထဲမှာ အကျည်းတန်တဲ့ဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဗိုလ်လုပွဲကြည့်ခွင့် လက်မှတ်မပါတဲ့ လူပေါင်း ၅၀၀၀ လောက်က ကွင်းထဲကို အတင်းဝင်ရောက်ဖို့ကြိုးစားခဲ့ပြီး ရုန်းရင်းဆန်ခတ်တွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

အဲ့ဒီလူရမ်းကားတွေဟာ ကွင်းထဲသို့သွားရာလမ်းတလျှောက်မှာလည်း မြင်တွေ့သမျှပစ္စည်းတွေကို ဖျက်ဆီးခဲ့ကြပြီး ကွင်းလုံခြုံရေးတွေနဲ့ တခြားလူတွေကိုလည်း တိုက်ခိုက်ခဲ့ကြပါတယ်။ ဒါ့အပြင် ပွဲကစားချိန်အတွင်းမှာလည်း လူတယောက်က ကွင်းထဲကို ကျူးကျော်ဝင်ရောက်ကာ ပွဲကို အနှောက်အယှက်ပေးခဲ့ပါသေးတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ် UEFA က အဲ့ဒီဖြစ်ရပ်တွေအတွက် အင်္ဂလန်အသင်းကို စွဲချက်တင်ထားတယ်လို့ သိရပါတယ်။ ဖြစ်စဉ်ကို အသေးစိတ်စုံစမ်းစစ်ဆေးပြီးရင် ကြီးမားတဲ့ပြစ်ဒဏ်ချမှတ်သွားဖို့ ရှိနေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

အင်္ဂလန် က ၂၀၃၀ ကမ္ဘာ့ဖလားကို အိုင်ယာလန် ၊ စကော့တလန် ၊ ဝေးလ်စ် နိုင်ငံတွေနဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ အရင်တုန်းကတော့ အိမ်ရှင်ဖြစ်ခွင့်ရဖို့ ရေပန်းအစားဆုံးဖြစ်ခဲ့ပေမဲ့ ယူရို ၂၀၂၀ ဗိုလ်လုပွဲကဖြစ်ရပ်တွေကြောင့် အဲ့ဒီအခွင့်အရေးကို လက်လွှတ်ဆုံးရှုံးရဖွယ်ရှိနေတယ်လို့ သိရပါတယ်။

zawgyi

၂၀၃၀ ကမာၻ႔ဖလားအိမ္ရွင္ျဖစ္ခြင့္ကို ဆိုးသြမ္းပရိသတ္ေတြေၾကာင့္ အဂၤလန္ ဆုံရႈံးရဖြယ္ရွိေန

အဂၤလန္ႏိုင္ငံက ၂၀၃၀ ကမာၻ႔ဖလားၿပိဳင္ပြဲကို အိမ္ရွင္အျဖစ္ လက္ခံက်င္းပခြင့္ရဖို႔ ကာလရွည္ႀကိဳးစားေနတာပါ။ အခုေတာ့ ဆိုးသြမ္းပရိသတ္ေတြေၾကာင့္ အဲ့ဒီႀကိဳးစားမႈေတြဟာ သဲထဲေရသြန္သလိုျဖစ္သြားဖို႔ ရွိေနပါၿပီ။

ၿပီးခဲ့တဲ့ ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲမွာ ရမ္းကားတဲ့လူေတြေၾကာင့္ ဝင္ဘေလကြင္းႀကီးထဲမွာ အက်ည္းတန္တဲ့ျဖစ္ရပ္ေတြ ေပၚေပါက္ခဲ့ပါတယ္။ ဗိုလ္လုပြဲၾကည့္ခြင့္ လက္မွတ္မပါတဲ့ လူေပါင္း ၅၀၀၀ ေလာက္က ကြင္းထဲကို အတင္းဝင္ေရာက္ဖို႔ႀကိဳးစားခဲ့ၿပီး ႐ုန္းရင္းဆန္ခတ္ေတြ ျဖစ္ေပၚေစခဲ့ပါတယ္။

အဲ့ဒီလူရမ္းကားေတြဟာ ကြင္းထဲသို႔သြားရာလမ္းတေလွ်ာက္မွာလည္း ျမင္ေတြ႕သမွ်ပစၥည္းေတြကို ဖ်က္ဆီးခဲ့ၾကၿပီး ကြင္းလုံၿခဳံေရးေတြနဲ႔ တျခားလူေတြကိုလည္း တိုက္ခိုက္ခဲ့ၾကပါတယ္။ ဒါ့အျပင္ ပြဲကစားခ်ိန္အတြင္းမွာလည္း လူတေယာက္က ကြင္းထဲကို က်ဴးေက်ာ္ဝင္ေရာက္ကာ ပြဲကို အေႏွာက္အယွက္ေပးခဲ့ပါေသးတယ္။

ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္ UEFA က အဲ့ဒီျဖစ္ရပ္ေတြအတြက္ အဂၤလန္အသင္းကို စြဲခ်က္တင္ထားတယ္လို႔ သိရပါတယ္။ ျဖစ္စဥ္ကို အေသးစိတ္စုံစမ္းစစ္ေဆးၿပီးရင္ ႀကီးမားတဲ့ျပစ္ဒဏ္ခ်မွတ္သြားဖို႔ ရွိေနတယ္လို႔လည္း သတင္းေတြထြက္ေပၚေနပါတယ္။

အဂၤလန္ က ၂၀၃၀ ကမာၻ႔ဖလားကို အိုင္ယာလန္ ၊ စေကာ့တလန္ ၊ ေဝးလ္စ္ ႏိုင္ငံေတြနဲ႔အတူ ပူးတြဲအိမ္ရွင္အျဖစ္ လက္ခံက်င္းပဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။ အရင္တုန္းကေတာ့ အိမ္ရွင္ျဖစ္ခြင့္ရဖို႔ ေရပန္းအစားဆုံးျဖစ္ခဲ့ေပမဲ့ ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲကျဖစ္ရပ္ေတြေၾကာင့္ အဲ့ဒီအခြင့္အေရးကို လက္လႊတ္ဆုံးရႈံးရဖြယ္ရွိေနတယ္လို႔ သိရပါတယ္။