ပခုံးကြွက်သားဒဏ်ရာ ကို ခွဲစိတ်ဖို့ အတွက် အောက်တိုဘာလကုန်အထိ အနားယူရတော့မယ့် ရပ်ရှ်ဖိုဒ်

ပခုံးကြွက်သားဒဏ်ရာ ကို ခွဲစိတ်ဖို့ အတွက် ရပ်ရှ်ဖိုဒ် အောက်တိုဘာလကုန်အထိ အနားယူရတော့မယ်။ အသက် (၂၃)နှစ်ရှိပြီဖြစ်တဲ့ ယူနိုက်တက် တိုက်စစ်မှူး ရပ်ရှ်ဖိုဒ်ဟာ သူ့ရဲ့ကာလရှည်ကြာနေပြီဖြစ်တဲ့ ဘယ်ဘက်ပခုံး ကြွက်သားဒဏ်ရာ ကို ခွဲစိတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီဒဏ်ရာဟာ မနှစ်က လက်စတာနဲ့ပွဲမှာ ဟာဗေး ဘားနက် ကြောင့် ရခဲ့တာဖြစ်ပေမယ့် အဲ့သည့်အချိန်က ယူနိုက်တက်တိုက်စစ်ပိုင်းမှာ အင်အားလျော့သွားမှာစိုးတာကြောင့် ခွဲစိတ်မှုမပြုလုပ်ခဲ့သေးပဲ ယူနိုက်တက်အသင်းအတွက် ဆက်လက်ကစား နေခဲ့တာပါ။

ပွဲမကစားခင်မှာ အကိုက်အခဲပျောက်ဆေးတွေထိုးပြီး ဆက်ကစားနေရတာဟာ သူ့အတွက် ရေရှည်မှာ ကောင်းမွန်တဲ့ အနေအထားဖြစ်မှာတော့မဟုတ်တာကြောင့် အခု ယူရိုပြိုင်ပွဲအပြီးမှာတော့ သူဟာ ဒဏ်ရာကို ခွဲစိတ်ဖို့ အသင်းဆရာဝန်တွေနဲ့ တိုင်ပင်ပြီးမှ ဆုံးဖြတ်ချက်ချခဲ့တာလည်းဖြစ်ပါတယ်။

ပခုံး ကြွက်သားဒဏ်ရာအနေနဲ့ ဒီထက် ဆိုးလာနိုင်ဖို့တော့မရှိပေမယ့်သူ့ရဲ့ ပြေးလွှား လှုပ်ရှားမှုတွေလုပ်ရာမှာ ကန့်သတ်နေခြင်းတွေကြောင့်လဲ ခွဲစိပ်မှုလုပ်ဖို့ဆုံးဖြတ်ခဲ့တာလည်းဖြစ်နိုင်ပါတယ်။ မနှစ်က ဒဏ်ရာမရခင်က ၁၂ ပွဲကို ၈ ဂိုးသွင်းထားနိုင်ခဲ့တဲ့ ရပ်ရှ်ဖိုဒ်ဟာ ဒဏ်ရာရပြီးနောက်ပိုင်းပွဲတွေမှာ ဆက်ကစားရင်း တခြားဒဏ်ရာတွေလည်း ထပ်ရခဲ့ပါသေးတယ်။ ဒူးနဲ့ ခြေကျင်းဝတ်မှာ ဒဏ်ရာတွေ ရရှိထားပေမယ့် ပခုံးဒဏ်ရာလိုတော့ ခွဲစိတ်ဖို့ မလိုသေးပါဘူး။ ရပ်ရှ်ဖိုဒ်က ဒဏ်ရာကို ချက်ချင်း ခွဲစိတ်မှုခံယူလိုပေမယ့် လကုန်ပြီးမှသာ ခွဲစိတ်မှု ပြုလုပ်နိုင်မှာပါ။

ဒီခွဲစိတ်မှုကြောင့် ရပ်ရှ်ဖိုဒ်ဟာ အောက်တိုဘာလ ကုန်အထိအနားယူသွားရမှာဖြစ်တာကြောင့် သူဟာ ယူနိုက်တက်အသင်းနဲ့ ရာသီအစပွဲစဉ်တွေမှာတော့ပါဝင်လာမှာမဟုတ်သလို ပရီမီးယားပွဲ (၈)ပွဲ၊ ချန်ပီယံလိဂ် (၃)ပွဲနဲ့ အင်္ဂလန်အသင်းအတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အနဲဆုံး (၅) ပွဲကိုတော့ လွဲချော်သွားမှာဖြစ်ပါတယ်။

zawgyi

ပခုံးႂကြက္သားဒဏ္ရာ ကို ခြဲစိတ္ဖို႔ အတြက္ ေအာက္တိုဘာလကုန္အထိ အနားယူရေတာ့မယ့္ ရပ္ရွ္ဖိုဒ္

ပခုံးႂကြက္သားဒဏ္ရာ ကို ခြဲစိတ္ဖို႔ အတြက္ ရပ္ရွ္ဖိုဒ္ ေအာက္တိုဘာလကုန္အထိ အနားယူရေတာ့မယ္။

အသက္ (၂၃)ႏွစ္ရွိၿပီျဖစ္တဲ့ ယူႏိုက္တက္ တိုက္စစ္မႉး ရပ္ရွ္ဖိုဒ္ဟာ သူ႔ရဲ႕ကာလရွည္ၾကာေနၿပီျဖစ္တဲ့ ဘယ္ဘက္ပခုံး ႂကြက္သားဒဏ္ရာ ကို ခြဲစိတ္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ ဒီဒဏ္ရာဟာ မႏွစ္က လက္စတာနဲ႔ပြဲမွာ ဟာေဗး ဘားနက္ ေၾကာင့္ ရခဲ့တာျဖစ္ေပမယ့္ အဲ့သည့္အခ်ိန္က ယူႏိုက္တက္တိုက္စစ္ပိုင္းမွာ အင္အားေလ်ာ့သြားမွာစိုးတာေၾကာင့္ ခြဲစိတ္မႈမျပဳလုပ္ခဲ့ေသးပဲ ယူႏိုက္တက္အသင္းအတြက္ ဆက္လက္ကစား ေနခဲ့တာပါ။

ပြဲမကစားခင္မွာ အကိုက္အခဲေပ်ာက္ေဆးေတြထိုးၿပီး ဆက္ကစားေနရတာဟာ သူ႔အတြက္ ေရရွည္မွာ ေကာင္းမြန္တဲ့ အေနအထားျဖစ္မွာေတာ့မဟုတ္တာေၾကာင့္ အခု ယူ႐ိုၿပိဳင္ပြဲအၿပီးမွာေတာ့ သူဟာ ဒဏ္ရာကို ခြဲစိတ္ဖို႔ အသင္းဆရာဝန္ေတြနဲ႔ တိုင္ပင္ၿပီးမွ ဆုံးျဖတ္ခ်က္ခ်ခဲ့တာလည္းျဖစ္ပါတယ္။

ပခုံး ႂကြက္သားဒဏ္ရာအေနနဲ႔ ဒီထက္ ဆိုးလာႏိုင္ဖို႔ေတာ့မရွိေပမယ့္သူ႔ရဲ႕ ေျပးလႊား လႈပ္ရွားမႈေတြလုပ္ရာမွာ ကန႔္သတ္ေနျခင္းေတြေၾကာင့္လဲ ခြဲစိပ္မႈလုပ္ဖို႔ဆုံးျဖတ္ခဲ့တာလည္းျဖစ္ႏိုင္ပါတယ္။ မႏွစ္က ဒဏ္ရာမရခင္က ၁၂ ပြဲကို ၈ ဂိုးသြင္းထားႏိုင္ခဲ့တဲ့ ရပ္ရွ္ဖိုဒ္ဟာ ဒဏ္ရာရၿပီးေနာက္ပိုင္းပြဲေတြမွာ ဆက္ကစားရင္း တျခားဒဏ္ရာေတြလည္း ထပ္ရခဲ့ပါေသးတယ္။ ဒူးနဲ႔ ေျခက်င္းဝတ္မွာ ဒဏ္ရာေတြ ရရွိထားေပမယ့္ ပခုံးဒဏ္ရာလိုေတာ့ ခြဲစိတ္ဖို႔ မလိုေသးပါဘူး။ ရပ္ရွ္ဖိုဒ္က ဒဏ္ရာကို ခ်က္ခ်င္း ခြဲစိတ္မႈခံယူလိုေပမယ့္ လကုန္ၿပီးမွသာ ခြဲစိတ္မႈ ျပဳလုပ္ႏိုင္မွာပါ။

ဒီခြဲစိတ္မႈေၾကာင့္ ရပ္ရွ္ဖိုဒ္ဟာ ေအာက္တိုဘာလ ကုန္အထိအနားယူသြားရမွာျဖစ္တာေၾကာင့္ သူဟာ ယူႏိုက္တက္အသင္းနဲ႔ ရာသီအစပြဲစဥ္ေတြမွာေတာ့ပါဝင္လာမွာမဟုတ္သလို ပရီမီးယားပြဲ (၈)ပြဲ၊ ခ်န္ပီယံလိဂ္ (၃)ပြဲနဲ႔ အဂၤလန္အသင္းအတြက္ ကမာၻ႔ဖလား ေျခစစ္ပြဲ အနဲဆုံး (၅) ပြဲကိုေတာ့ လြဲေခ်ာ္သြားမွာျဖစ္ပါတယ္။