၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ အသင်းနည်းပြအဖြစ် ဆက်ရှိနေမယ့် ဆောက်ဂိတ်

အင်္ဂလန်အသင်းနည်းပြဆောက်ဂိတ်က ကာတာနိုင်ငံမှာ ကျင်းပမယ့် ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအထိ လက်ရွေးစင်အသင်းနည်းပြအဖြစ် ဆောင်ရွက်သွားမှာဖြစ်ပြီး အဲဒီနောက်ပိုင်းကျရင်တော့ လမ်းခွဲဖို့ရှိတယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ယူရို-၂၀၂၀ဗိုလ်လုပွဲတုန်းက အီတလီအသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး (၅၅)နှစ်အကြာမှာ အဓိက ဆုဖလားတစ်ခုရယူနိုင်မယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့တာကြောင့် အင်္ဂလန်ကစားသမားတွေသာမက ပရိသတ်တွေပါ အသည်းကွဲခဲ့ရပါတယ်။

ပယ်နယ်တီအဆုံးအဖြတ်မှာ ကစားသမားရွေးချယ်မှုနဲ့ပတ်သက်လို့ ဆောက်ဂိတ်အပေါ် ဝေဖန်မှုတွေထွက်ပေါ်နေပြီး သူ့ရဲ့နည်းဗျူဟာ အားနည်းချက်ကြောင့် ရှုံးနိမ့်ခဲ့ရတာလို့ နာမည်ကျော်တချို့က ပြစ်တင်နေပေမယ့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ကတော့ နည်းပြအဖြစ် ဆောက်ဂိတ်ကိုသာ ဆက်လက်တာဝန်ပေးသွားမှာပဲဖြစ်ပါတယ်။

ယူရိုပြိုင်ပွဲကာလအတွင်းတုန်းက FA အမှုဆောင်ချုပ်မာ့ခ်ဘယ်လင်ဂန်က ၂၀၂၂ ကမ္ဘာ့ဖလားအပြီးမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဆောက်ဂိတ်ကို စာချုပ်သစ်ချုပ်ဖို့ စီစဉ်နေတယ်ဆိုပြီး ပြောကြားခဲ့ဖူးပါတယ်။

စာချုပ်သစ်ကိစ္စနဲ့ပတ်သက်လို့ မီဒီယာတွေရဲ့မေးမြန်းမှုအပေါ် ဆောက်ဂိတ်က “အခုလောလောဆယ်တော့ ကျွန်တော်လည်း မသိသေးပါဘူး။ အဲဒီကိစ္စကို စဉ်းစားဖို့အချိန်ရှိပါသေးတယ်။ ကာတာမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲခြေစစ်ပွဲအောင်မြင်ဖို့က အဓိကပါပဲ။ အခုအချိန်မှာ ကျွန်တော် ခဏလောက်အနားယူဖို့လိုအပ်နေပါပြီ။ FA ရဲ့အားပေးထောက်ခံမှုရရှိထားတာက ကျေနပ်ဖို့ကောင်းပြီး ကိုယ့်ကိုတန်ဖိုးထားတဲ့အတွက် ဝမ်းမြောက်မိပေမယ့် ဘာတွေဆက်လုပ်ရမလဲဆိုတာ စဉ်းစားသွားမှာပါ။ အသင်းတစ်သင်းမှာ ရှိသင့်တဲ့အချိန်ထက် အကြာကြီး ဆက်နေသွားမှာမဟုတ်သလို ကျွန်တော့်ကို အားပေးထောက်ခံမှုတွေ အဆုံးသတ်သွားမယ့်အချိန်ရောက်လာတဲ့အထိ စောင့်ဆိုင်းသွားမှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ဆောက်ဂိတ်ဟာ ၂၀၁၆ ခုနှစ်မှာ အင်္ဂလန်အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး သူ့လက်ထက်မှာ အင်္ဂလန်အသင်း ၁၉၉၀ နောက်ပိုင်းပထမဆုံးအကြိမ်အဖြစ် ၂၀၁၈ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်တက်ရောက်ခဲ့သလို အခုယူရိုပြိုင်ပွဲမှာ ပထမအကြိမ်၊ (၅၅)နှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲတစ်ခုရဲ့ ဗိုလ်လုပွဲအဆင့်ကို ပထမဆုံးအကြိမ်တက်ရောက်နိုင်ခဲ့ပါတယ်။

zawgyi

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအထိ အသင္းနည္းျပအျဖစ္ ဆက္ရွိေနမယ့္ ေဆာက္ဂိတ္

အဂၤလန္အသင္းနည္းျပေဆာက္ဂိတ္က ကာတာႏိုင္ငံမွာ က်င္းပမယ့္ ၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲအထိ လက္ေ႐ြးစင္အသင္းနည္းျပအျဖစ္ ေဆာင္႐ြက္သြားမွာျဖစ္ၿပီး အဲဒီေနာက္ပိုင္းက်ရင္ေတာ့ လမ္းခြဲဖို႔ရွိတယ္လို႔ အတည္ျပဳေျပာဆိုခဲ့ပါတယ္။

အဂၤလန္အသင္းဟာ ၿပီးခဲ့တဲ့ယူ႐ို ၂၀၂၀ဗိုလ္လုပြဲတုန္းက အီတလီအသင္းကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔ ရႈံးနိမ့္ခဲ့ၿပီး (၅၅)ႏွစ္အၾကာမွာ အဓိက ဆုဖလားတစ္ခုရယူႏိုင္မယ့္အခြင့္အေရးနဲ႔ လြဲေခ်ာ္ခဲ့တာေၾကာင့္ အဂၤလန္ကစားသမားေတြသာမက ပရိသတ္ေတြပါ အသည္းကြဲခဲ့ရပါတယ္။

ပယ္နယ္တီအဆုံးအျဖတ္မွာ ကစားသမားေ႐ြးခ်ယ္မႈနဲ႔ပတ္သက္လို႔ ေဆာက္ဂိတ္အေပၚ ေဝဖန္မႈေတြထြက္ေပၚေနၿပီး သူ႔ရဲ႕နည္းဗ်ဴဟာ အားနည္းခ်က္ေၾကာင့္ ရႈံးနိမ့္ခဲ့ရတာလို႔ နာမည္ေက်ာ္တခ်ိဳ႕က ျပစ္တင္ေနေပမယ့္ အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္(FA)ကေတာ့ နည္းျပအျဖစ္ ေဆာက္ဂိတ္ကိုသာ ဆက္လက္တာဝန္ေပးသြားမွာပဲျဖစ္ပါတယ္။

ယူ႐ိုၿပိဳင္ပြဲကာလအတြင္းတုန္းက FA အမႈေဆာင္ခ်ဳပ္မာ့ခ္ဘယ္လင္ဂန္က ၂၀၂၂ ကမာၻ႔ဖလားအၿပီးမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ ေဆာက္ဂိတ္ကို စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ စီစဥ္ေနတယ္ဆိုၿပီး ေျပာၾကားခဲ့ဖူးပါတယ္။

စာခ်ဳပ္သစ္ကိစၥနဲ႔ပတ္သက္လို႔ မီဒီယာေတြရဲ႕ေမးျမန္းမႈအေပၚ ေဆာက္ဂိတ္က “အခုေလာေလာဆယ္ေတာ့ ကြၽန္ေတာ္လည္း မသိေသးပါဘူး။ အဲဒီကိစၥကို စဥ္းစားဖို႔အခ်ိန္ရွိပါေသးတယ္။ ကာတာမွာက်င္းပမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲေျခစစ္ပြဲေအာင္ျမင္ဖို႔က အဓိကပါပဲ။ အခုအခ်ိန္မွာ ကြၽန္ေတာ္ ခဏေလာက္အနားယူဖို႔လိုအပ္ေနပါၿပီ။ FA ရဲ႕အားေပးေထာက္ခံမႈရရွိထားတာက ေက်နပ္ဖို႔ေကာင္းၿပီး ကိုယ့္ကိုတန္ဖိုးထားတဲ့အတြက္ ဝမ္းေျမာက္မိေပမယ့္ ဘာေတြဆက္လုပ္ရမလဲဆိုတာ စဥ္းစားသြားမွာပါ။ အသင္းတစ္သင္းမွာ ရွိသင့္တဲ့အခ်ိန္ထက္ အၾကာႀကီး ဆက္ေနသြားမွာမဟုတ္သလို ကြၽန္ေတာ့္ကို အားေပးေထာက္ခံမႈေတြ အဆုံးသတ္သြားမယ့္အခ်ိန္ေရာက္လာတဲ့အထိ ေစာင့္ဆိုင္းသြားမွာမဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

ေဆာက္ဂိတ္ဟာ ၂၀၁၆ ခုႏွစ္မွာ အဂၤလန္အသင္းနည္းျပအျဖစ္ ခန႔္အပ္ခံခဲ့ရၿပီး သူ႔လက္ထက္မွာ အဂၤလန္အသင္း ၁၉၉၀ ေနာက္ပိုင္းပထမဆုံးအႀကိမ္အျဖစ္ ၂၀၁၈ ကမာၻ႔ဖလားဆီမီးဖိုင္နယ္တက္ေရာက္ခဲ့သလို အခုယူ႐ိုၿပိဳင္ပြဲမွာ ပထမအႀကိမ္၊ (၅၅)ႏွစ္အတြင္း ႏိုင္ငံတကာၿပိဳင္ပြဲတစ္ခုရဲ႕ ဗိုလ္လုပြဲအဆင့္ကို ပထမဆုံးအႀကိမ္တက္ေရာက္ႏိုင္ခဲ့ပါတယ္။