အာဂျင်တီးနားကို အားပေးခဲ့တဲ့ ဘရာဇီးလ်နိုင်ငံသားတချို့ကို သီယာဂိုဆေးလ်ဗား ဝေဖန်

မက်ဆီ ရဲ့ ပရိသတ်တွေဖြစ်တဲ့ ဘရာဇီးလ်နိုင်ငံသားတချို့ဟာ ကိုပါအမေရိကဖလား ဗိုလ်လုပွဲစဉ်မှာ မိခင်နိုင်ငံဖြစ်တဲ့ ဘရာဇီးလ် ကို အားမပေးခဲ့ပဲ မဟာပြိုင်ဖက် အာဂျင်တီးနား ကိုသာ အားပေးခဲ့ကြပါတယ်။

သူတို့ရဲ့လုပ်ရပ်ကို သိရှိသွားတဲ့ ဘရာဇီးလ် ကစားသမားတွေဟာ စိတ်ဆိုးခဲ့ကြပြီး လူမှုကွန်ယက်ပေါ်ကနေ ပြစ်တင်စကားဆိုခဲ့ကြတာကို သိကြမှာပါ။ ဘရာဇီးလ် ကြယ်ပွင့် နေမာ ဆိုရင် ဗိုလ်လုပွဲမကစားခင်တရက်အလိုမှာ အလွန်ပေါက်ကွဲကာ သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ အဲ့ဒီပရိသတ်တွေကို ပြင်းပြင်းထန်ထန်ဝေဖန်ကာ ဆဲဆိုခဲ့ပါတယ်။

ဖိုင်နယ်မှာတော့ သူတို့ဖြစ်စေချင်တဲ့အတိုင်း ဘရာဇီးလ် ဟာ အာဂျင်တီးနား ကို အမိမြေပေါ်မှာ ရှုံးနိမ့်ခဲ့ပြီး ဖလားလက်လွှတ်ခဲ့ရပါတယ်။ ဘရာဇီးလ် အသင်းခေါင်းဆောင် သီယာဂို ဆေးလ်ဗား ကတော့ လူပြောများခဲ့တဲ့ အဲ့ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဖိုင်နယ်ပွဲအပြီးမှာ အခုလို ကြေညာချက်တခုကို ထုတ်ပြန်ခဲ့ပါတယ်။

ဆေးလ်ဗား က “ ကျွန်တော်တို့နဲ့အတူ အရှုံးကိုခံစားခဲ့ရတဲ့ ပရိသတ်အစစ်အမှန်တွေကို ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ကို ဘုရားသခင် ကောင်းချီးပေးပါစေ။ ပြိုင်ဖက်ကို အားပေးခဲ့တဲ့ သူတွေ ၊ ခင်ဗျားတို့ ပျော်ပါစေလို့ ကျွန်တော် မျှော်လင့်တယ်။ ( ရုပ်သံလိုင်းမှာ အင်တာဗျူးဖြေရဖို့ ၊ ခင်ဗျားတို့ရဲ့ ကလေးတွေနဲ့ သူငယ်ချင်းတွေအတွက် ပွဲကြည့်ခွင့်လက်မှတ်ရဖို့ ၊ ဂျာစီအင်္ကျီရဖို့ ၊ ဓာတ်ပုံအတူတွဲရိုက်ခွင့်ရဖို့ ) စသဖြင့် ဘာကိုပဲ ရည်ရွယ်ပြီးတော့ တဖက်အသင်းကို အားပေးခဲ့ အားပေးခဲ့ပေါ့လေ “ လို့ ရွဲ့စောင်းကာ ရေးသားခဲ့ပါတယ်။

သီယာဂို ဆေးလ်ဗား ဟာ သူ့ရဲ့ နောက်ဆုံးနိုင်ငံတကာ ပြိုင်ပွဲဖြစ်လာနိုင်တဲ့ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားကို ယှဉ်ပြိုင်ခွင့်ရဖို့အတွက် ဘရာဇီးလ် ခြေစစ်ပွဲအောင်ဖို့ကို အာရုံစိုက်ကာ အကောင်းဆုံးပေးဆပ်သွားမယ်လို့ ထပ်လောင်း ရေးသားခဲ့ပါတယ်။

zawgyi

အာဂ်င္တီးနားကို အားေပးခဲ့တဲ့ ဘရာဇီးလ္ႏိုင္ငံသားတခ်ိဳ႕ကို သီယာဂိုေဆးလ္ဗား ေဝဖန္

မက္ဆီ ရဲ႕ ပရိသတ္ေတြျဖစ္တဲ့ ဘရာဇီးလ္ႏိုင္ငံသားတခ်ိဳ႕ဟာ ကိုပါအေမရိကဖလား ဗိုလ္လုပြဲစဥ္မွာ မိခင္ႏိုင္ငံျဖစ္တဲ့ ဘရာဇီးလ္ ကို အားမေပးခဲ့ပဲ မဟာၿပိဳင္ဖက္ အာဂ်င္တီးနား ကိုသာ အားေပးခဲ့ၾကပါတယ္။

သူတို႔ရဲ႕လုပ္ရပ္ကို သိရွိသြားတဲ့ ဘရာဇီးလ္ ကစားသမားေတြဟာ စိတ္ဆိုးခဲ့ၾကၿပီး လူမႈကြန္ယက္ေပၚကေန ျပစ္တင္စကားဆိုခဲ့ၾကတာကို သိၾကမွာပါ။ ဘရာဇီးလ္ ၾကယ္ပြင့္ ေနမာ ဆိုရင္ ဗိုလ္လုပြဲမကစားခင္တရက္အလိုမွာ အလြန္ေပါက္ကြဲကာ သူ႔ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာေပၚကေန အဲ့ဒီပရိသတ္ေတြကို ျပင္းျပင္းထန္ထန္ေဝဖန္ကာ ဆဲဆိုခဲ့ပါတယ္။

ဖိုင္နယ္မွာေတာ့ သူတို႔ျဖစ္ေစခ်င္တဲ့အတိုင္း ဘရာဇီးလ္ ဟာ အာဂ်င္တီးနား ကို အမိေျမေပၚမွာ ရႈံးနိမ့္ခဲ့ၿပီး ဖလားလက္လႊတ္ခဲ့ရပါတယ္။ ဘရာဇီးလ္ အသင္းေခါင္းေဆာင္ သီယာဂို ေဆးလ္ဗား ကေတာ့ လူေျပာမ်ားခဲ့တဲ့ အဲ့ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ဖိုင္နယ္ပြဲအၿပီးမွာ အခုလို ေၾကညာခ်က္တခုကို ထုတ္ျပန္ခဲ့ပါတယ္။

ေဆးလ္ဗား က “ ကြၽန္ေတာ္တို႔နဲ႔အတူ အရႈံးကိုခံစားခဲ့ရတဲ့ ပရိသတ္အစစ္အမွန္ေတြကို ေက်းဇူးတင္ပါတယ္။ ခင္ဗ်ားတို႔ကို ဘုရားသခင္ ေကာင္းခ်ီးေပးပါေစ။ ၿပိဳင္ဖက္ကို အားေပးခဲ့တဲ့ သူေတြ ၊ ခင္ဗ်ားတို႔ ေပ်ာ္ပါေစလို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္တယ္။ ( ႐ုပ္သံလိုင္းမွာ အင္တာဗ်ဴးေျဖရဖို႔ ၊ ခင္ဗ်ားတို႔ရဲ႕ ကေလးေတြနဲ႔ သူငယ္ခ်င္းေတြအတြက္ ပြဲၾကည့္ခြင့္လက္မွတ္ရဖို႔ ၊ ဂ်ာစီအက်ႌရဖို႔ ၊ ဓာတ္ပုံအတူတြဲ႐ိုက္ခြင့္ရဖို႔ ) စသျဖင့္ ဘာကိုပဲ ရည္႐ြယ္ၿပီးေတာ့ တဖက္အသင္းကို အားေပးခဲ့ အားေပးခဲ့ေပါ့ေလ “ လို႔ ႐ြဲ႕ေစာင္းကာ ေရးသားခဲ့ပါတယ္။

သီယာဂို ေဆးလ္ဗား ဟာ သူ႔ရဲ႕ ေနာက္ဆုံးႏိုင္ငံတကာ ၿပိဳင္ပြဲျဖစ္လာႏိုင္တဲ့ လာမယ့္ ၂၀၂၂ ကမာၻ႔ဖလားကို ယွဥ္ၿပိဳင္ခြင့္ရဖို႔အတြက္ ဘရာဇီးလ္ ေျခစစ္ပြဲေအာင္ဖို႔ကို အာ႐ုံစိုက္ကာ အေကာင္းဆုံးေပးဆပ္သြားမယ္လို႔ ထပ္ေလာင္း ေရးသားခဲ့ပါတယ္။