အသင်းနိုင်မှန်းမသိလို့ အောင်ပွဲမခံမိခဲ့တဲ့ ဒွန်နာရမ်မာ

ယူရိုဗိုလ်လုပွဲမှာ ဆာကာရဲ့ ပင်နယ်တီကို ကာကွယ်အပြီး သူ ဘာလို့အောင်ပွဲမခံခဲ့တာလဲဆိုတဲ့ အကြောင်းရင်းကို ဂိုးသမားဒွန်နာရမ်မာက ပြန်လည်ရှင်းပြခဲ့ပါတယ်။ ဆာကာရဲ့ ပင်နယ်တီကိုပုတ်ထုတ်ခဲ့ပြီးချိန်မှာ အီတလီဟာ ဗိုလ်လုပွဲမှာ အနိုင်ရရှိခဲ့ပေမယ့် ဒွန်နာရမ်မာဟာ အောင်ပွဲမခံခဲ့ဘဲ ရှိနေခဲ့တဲ့ သူ့ရဲ့အပြုအမူဟာ ဘာကြောင့်လဲဆိုတာ ပရိသတ်တွေကသိချင်နေခဲ့ ကြ ပါတယ်။

ဆာကာရဲ့ ပင်နယ်တီကိုကာကွယ်အပြီးမှာ ဒွန်နာရမ်မာဟာ ပုံမှန်ဂိုးကာကွယ်မှုလုပ်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးနဲ့ အေးအေးဆေးဆေးပဲ လမ်းလျှောက်နေခဲ့ပါတယ်။ အသင်းဖော်တွေက ဝိုင်းဝန်းပွေ့ဖက်ကာ အောင်ပွဲခံမှသာ သူပါရောပြီး အောင်ပွဲခံ ခဲ့တာ ကြောင့် သူ့ရဲ့ အေးတိအေးစက်အမူအရာအပေါ်မှာ ပရိသတ်တချို့က ဝေဖန်မှုတွေရှိနေခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သူက အခုလိုပဲ ရှင်းပြသွားခဲ့ပါတယ်။

“ကျွန်တော်အောင်ပွဲမခံမိခဲ့ဘူး၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အသင်းအနိုင်ရသွားပြီဆိုတာကို အဲ့အချိန်က ကျွန်တော် မသိခဲ့လိုက်လို့” ဆိုပြီး ဒွန်နာရမ်မာက သူ့ရဲ့အဖြစ်ကို ပြောပြခဲ့ပါတယ်။ ဒွန်နာရမ်မာရဲ့ အပြုအမူကြောင့်လည်း ကွင်းထဲမှာ ပရိသတ်တွေက နောက်ထပ်ပင်နယ်တီကန်သွင်းမှုတွေ ပြုလုပ်ရဦးမှာလားဆိုတဲ့ အတွေးတွေဖြစ် ခဲ့ကြပါသေးတယ်။

ဆာကာရဲ့ ပင်နယ်တီသာ ဝင်ခဲ့မယ်ဆိုရင် ၃-၃ ရလဒ်ဖြစ်ပြီး နောက်ထပ် ပင်နယ်တီ ဆက်ကန်ရဦးမှာပါ။ ဆာကာ ပင်နယ်တီမကန်ခင်မှာ အီတလီဘက်ကနောက်ဆုံးကန်သွင်းခဲ့တဲ့ ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီကလည်း လွဲချော်ထားတာကြောင့် ရလဒ်ကိုတွက်ချက်ခဲ့ရာမှာ သူလည်း အနည်းငယ်ဇဝေဇဝါဖြစ်ခဲ့ပုံရပါတယ်။

ဒီလို ပင်နယ်တီအဆုံးအဖြတ်မှာ ကိုယ့်အသင်းအနိုင်ရသွားပြီဆိုတာကို မသိတဲ့ အဖြစ်ဟာ သူတစ်ဦးထဲဖြစ်ခဲ့တာမဟုတ်ပဲ ယူရို၉၆ တုန်းက အင်္ဂလန်ဂိုးသမားဟောင်းဒေးဗစ်ဆီးမင်းဟာလည်း စပိန်နဲ့ ပင်နယ်တီအဆုံးအဖြတ်ခံယူချိန်က အသင်းအနိုင်ရရှိတာကို မသိခဲ့ဘဲ အသင်းဖော်တွေက သူ့ဆီလာကာ အောင်ပွဲခံတော့မှသာ အနိုင်ရမှန်းသိခဲ့တဲ့အဖြစ်မျိုးရှိခဲ့ပါတယ်။

ပွဲအပြီးမှာ တစ်ဦးခြင်းထူးချွန်ဆုပေးချိန်မှာလည်း ဒွန်နာရမ်မာက ယူရို ၂၀၂၀ ပြိုင်ပွဲကြီးရဲ့ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကို ဂိုးသမားတစ်ဦးက ရရှိခဲ့တာက ရှားရှားပါးပါး ဖြစ်ရပ်တစ်ခုပါပဲ။ ယူရိုပြိုင်ပွဲသမိုင်းတလျှောက်မှာလည်း အကောင်းဆုံးဆုရရှိသွားတဲ့ ဂိုးသမားအဖြစ် ပထမဆုံးမှတ်တမ်းဝင်ခဲ့ပါတယ်။

အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ ဒွန်နာရမ်မာဟာ ပြိုင်ပွဲတစ်လျှောက် အီတလီရဲ့ ပွဲစဉ် ၇ ပွဲကို ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ၃ ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်ပြနိုင်ခဲ့သလို ဂိုးကာကွယ်မှုစုစုပေါင်း ၉ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပေးဂိုးကလည်း တစ်ပွဲကိုတစ်ဂိုးနှုန်းသာပေးခဲ့ရပြီး ၄ ဂိုးတည်းသာ ရှိခဲ့ပါတယ်။

zawgyi

အသင္းႏိုင္မွန္းမသိလို႔ ေအာင္ပြဲမခံမိခဲ့တဲ့ ဒြန္နာရမ္မာ

ယူ႐ိုဗိုလ္လုပြဲမွာ ဆာကာရဲ႕ ပင္နယ္တီကို ကာကြယ္အၿပီး သူ ဘာလို႔ေအာင္ပြဲမခံခဲ့တာလဲဆိုတဲ့ အေၾကာင္းရင္းကို ဂိုးသမားဒြန္နာရမ္မာက ျပန္လည္ရွင္းျပခဲ့ပါတယ္။ ဆာကာရဲ႕ ပင္နယ္တီကိုပုတ္ထုတ္ခဲ့ၿပီးခ်ိန္မွာ အီတလီဟာ ဗိုလ္လုပြဲမွာ အႏိုင္ရရွိခဲ့ေပမယ့္ ဒြန္နာရမ္မာဟာ ေအာင္ပြဲမခံခဲ့ဘဲ ရွိေနခဲ့တဲ့ သူ႔ရဲ႕အျပဳအမူဟာ ဘာေၾကာင့္လဲဆိုတာ ပရိသတ္ေတြကသိခ်င္ေနခဲ့ ၾက ပါတယ္။

ဆာကာရဲ႕ ပင္နယ္တီကိုကာကြယ္အၿပီးမွာ ဒြန္နာရမ္မာဟာ ပုံမွန္ဂိုးကာကြယ္မႈလုပ္ခဲ့တယ္ဆိုတဲ့ပုံစံမ်ိဳးနဲ႔ ေအးေအးေဆးေဆးပဲ လမ္းေလွ်ာက္ေနခဲ့ပါတယ္။ အသင္းေဖာ္ေတြက ဝိုင္းဝန္းေပြ႕ဖက္ကာ ေအာင္ပြဲခံမွသာ သူပါေရာၿပီး ေအာင္ပြဲခံ ခဲ့တာ ေၾကာင့္ သူ႔ရဲ႕ ေအးတိေအးစက္အမူအရာအေပၚမွာ ပရိသတ္တခ်ိဳ႕က ေဝဖန္မႈေတြရွိေနခဲ့ပါတယ္။ ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး သူက အခုလိုပဲ ရွင္းျပသြားခဲ့ပါတယ္။

“ကြၽန္ေတာ္ေအာင္ပြဲမခံမိခဲ့ဘူး၊ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔အသင္းအႏိုင္ရသြားၿပီဆိုတာကို အဲ့အခ်ိန္က ကြၽန္ေတာ္ မသိခဲ့လိုက္လို႔” ဆိုၿပီး ဒြန္နာရမ္မာက သူ႔ရဲ႕အျဖစ္ကို ေျပာျပခဲ့ပါတယ္။ ဒြန္နာရမ္မာရဲ႕ အျပဳအမူေၾကာင့္လည္း ကြင္းထဲမွာ ပရိသတ္ေတြက ေနာက္ထပ္ပင္နယ္တီကန္သြင္းမႈေတြ ျပဳလုပ္ရဦးမွာလားဆိုတဲ့ အေတြးေတြျဖစ္ ခဲ့ၾကပါေသးတယ္။

ဆာကာရဲ႕ ပင္နယ္တီသာ ဝင္ခဲ့မယ္ဆိုရင္ ၃-၃ ရလဒ္ျဖစ္ၿပီး ေနာက္ထပ္ ပင္နယ္တီ ဆက္ကန္ရဦးမွာပါ။ ဆာကာ ပင္နယ္တီမကန္ခင္မွာ အီတလီဘက္ကေနာက္ဆုံးကန္သြင္းခဲ့တဲ့ ေဂ်ာ္ဂ်င္ဟိုရဲ႕ ပင္နယ္တီကလည္း လြဲေခ်ာ္ထားတာေၾကာင့္ ရလဒ္ကိုတြက္ခ်က္ခဲ့ရာမွာ သူလည္း အနည္းငယ္ဇေဝဇဝါျဖစ္ခဲ့ပုံရပါတယ္။

ဒီလို ပင္နယ္တီအဆုံးအျဖတ္မွာ ကိုယ့္အသင္းအႏိုင္ရသြားၿပီဆိုတာကို မသိတဲ့ အျဖစ္ဟာ သူတစ္ဦးထဲျဖစ္ခဲ့တာမဟုတ္ပဲ ယူ႐ို၉၆ တုန္းက အဂၤလန္ဂိုးသမားေဟာင္းေဒးဗစ္ဆီးမင္းဟာလည္း စပိန္နဲ႔ ပင္နယ္တီအဆုံးအျဖတ္ခံယူခ်ိန္က အသင္းအႏိုင္ရရွိတာကို မသိခဲ့ဘဲ အသင္းေဖာ္ေတြက သူ႔ဆီလာကာ ေအာင္ပြဲခံေတာ့မွသာ အႏိုင္ရမွန္းသိခဲ့တဲ့အျဖစ္မ်ိဳးရွိခဲ့ပါတယ္။

ပြဲအၿပီးမွာ တစ္ဦးျခင္းထူးခၽြန္ဆုေပးခ်ိန္မွာလည္း ဒြန္နာရမ္မာက ယူရို ၂၀၂၀ ၿပိဳင္ပြဲႀကီးရဲ့ အေကာင္းဆုံးကစားသမားဆုကို ဆြတ္ခူးသြားခဲ့ပါတယ္။ ၿပိဳင္ပြဲရဲ့အေကာင္းဆုံးကစားသမားဆုကို ဂိုးသမားတစ္ဦးက ရရွိခဲ့တာက ရွားရွားပါးပါး ျဖစ္ရပ္တစ္ခုပါပဲ။ ယူရိုၿပိဳင္ပြဲသမိုင္းတေလၽွာက္မွာလည္း အေကာင္းဆုံးဆုရရွိသြားတဲ့ ဂိုးသမားအျဖစ္ ပထမဆုံးမွတ္တမ္းဝင္ခ့ဲပါတယ္။

အသက္ ၂၂ ႏွစ္ရွိၿပီျဖစ္တဲ့ ဒြန္နာရမ္မာဟာ ျပိဳင္ပြဲတစ္ေလွ်ာက္ အီတလီရဲ့ ပြဲစဥ္ ၇ ပြဲကို ပြဲထြက္ကစားခြင့္ရရွိခဲ့့ၿပီး ၃ ပြဲအထိ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္ျပနိုင္ခဲ့သလို ဂိုးကာကြယ္မႈစုစုေပါင္း ၉ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ေပးဂိုးကလည္း တစ္ပြဲကိုတစ္ဂိုးႏႈန္းသာေပးခဲ့ရၿပီး ၄ ဂိုးတည္းသာ ရွိခဲ့ပါတယ္။