အင်္ဂလန် ပရိသတ်တွေဟာ လက်မှတ်တွေထိုးပြီး ယူရို ၂၀၂၀ ဗိုလ်လုပွဲကို ပြန်ကန်ခိုင်းဖို့ ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ကို တောင်းဆိုနေကြ

အင်္ဂလန် ပရိသတ်တွေဟာ အဖွဲ့အစည်းသဘောမျိုးစုဖွဲ့ကာ လက်မှတ်တွေထိုးပြီး ယူရို ၂၀၂၀ ဗိုလ်လုပွဲကို ပြန်ကန်ခိုင်းဖို့ ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ကို တောင်းဆိုနေကြပါတယ်။ အဲ့လိုမျိုးတောင်းဆိုနေကြတဲ့ အဖွဲ့ ၅ ဖွဲ့လောက်ရှိပြီး လက်ရှိအချိန်ထိတော့ လူပေါင်း ၆ သောင်းလောက်က လက်မှတ်တွေထိုးပြီးသွားတာကို တွေ့ရပါတယ်။ အဖွဲ့တဖွဲ့ဆိုရင် သူတို့အဖွဲ့ရဲ့ နာမည်ကို “ တရားမျှတသော ပြန်ကန်ပွဲ “ လို့ အမည်ပေးထားပါတယ်။

အင်္ဂလန်ပရိသတ်တွေ အဲ့လိုမျိုးတောင်းဆိုနေကြတဲ့ အကြောင်းအရင်းကတော့ ဗိုလ်လုပွဲမှာ ဆယ်ကျော်သက်ကစားသမားလေး ဆာကာ ကို အီတလီအသင်းခေါင်းဆောင် ရုပ်ပြတ်ဆင်းပြတ်အနောက်ကနေလှမ်းဆွဲမှုကို အနီကတ်မပြခဲ့တဲ့အတွက်ရယ် ၊ ဂရီးလစ်ရှ် ကို အဝင်ကြမ်းခဲ့တဲ့ ဂျော်ဂျင်ဟို ကို အနီကတ်မပြခဲ့တာတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗိုလ်လုပွဲကို တာဝန်ယူခဲ့တဲ့ နယ်သာလန် ကွင်းလယ်ဒိုင် Bjorn Kuipers ကိုလည်း ဝေဖန်တိုက်ခိုက်နေကြပြီး ပြန်ကန်ပွဲ ကန်ဖြစ်ခဲ့ရင်ထပ်မံတာဝန်မပေးဖို့ကိုလည်း တောင်းဆိုနေကြပါသေးတယ်။

ဒီလိုပြန်ကန်ပွဲလုပ်ပေးဖို့ တောင်းဆိုမှုတွေဟာ ပြင်သစ်- ဆွစ်ဇာလန် ပွဲအပြီးမှာ စတင်ရေပန်းစားလာခဲ့တဲ့ ရူးကြောင်ကြောင်လုပ်ရပ်တွေဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ပွဲတပွဲဖြစ်တဲ့ အင်္ဂလန်-ဒိန်းမတ် ပွဲအပြီးမှာလည်း ပွဲရလဒ်ကို မကျေနပ်တဲ့ ဒိန်းမတ်ပရိသတ်တချို့က ပြန်ကန်ပွဲ လုပ်ပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။

အဲ့ဒီ ပရိသတ်တွေရဲ့ ကြိုးစားမှုဟာ လက်တွေ့မှာတော့ အရာထင်ခဲ့ခြင်းမရှိပဲ ကမ္ဘာတဝန်းကလူတွေရဲ့ လှောင်ပြောင်ခြင်းကိုသာ ခံခဲ့ရတယ်လို့ ဆိုရမှာပါ။ အခုလည်း လက်မှတ်တွေထိုးပြီး တောင်းဆိုနေကြတဲ့ သူတွေကို အင်္ဂလန်ပရိသတ်အများစုက ဝေဖန်နေကြပြီး ဆက်မလုပ်ကြတော့ဖို့ လူမှုကွန်ယက်တွေပေါ်ကနေ တိုက်တွန်းရေးသားနေကြပါတယ်။

အီတလီပေးခဲ့တဲ့ အရှုံးဒဏ်ရာဟာ အင်္ဂလန်ပရိသတ်တွေရဲ့ ရင်ထဲမှာအခုထိလှိုက်စားနေဆဲလို့ပြောလို့ရပြီး မဖြစ်နိုင်မှန်းသိနေတဲ့ အရာကိုလည်း ရူးရူးမိုက်မိုက်တောင်းဆိုနေကြတယ်လို့ ဆိုရတော့မှာပါ။

zawgyi

အဂၤလန္ ပရိသတ္ေတြဟာ လက္မွတ္ေတြထိုးၿပီး ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲကို ျပန္ကန္ခိုင္းဖို႔ ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္ UEFA ကို ေတာင္းဆိုေနၾက

အဂၤလန္ ပရိသတ္ေတြဟာ အဖြဲ႕အစည္းသေဘာမ်ိဳးစုဖြဲ႕ကာ လက္မွတ္ေတြထိုးၿပီး ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲကို ျပန္ကန္ခိုင္းဖို႔ ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္ UEFA ကို ေတာင္းဆိုေနၾကပါတယ္။

အဲ့လိုမ်ိဳးေတာင္းဆိုေနၾကတဲ့ အဖြဲ႕ ၅ ဖြဲ႕ေလာက္ရွိၿပီး လက္ရွိအခ်ိန္ထိေတာ့ လူေပါင္း ၆ ေသာင္းေလာက္က လက္မွတ္ေတြထိုးၿပီးသြားတာကို ေတြ႕ရပါတယ္။ အဖြဲ႕တဖြဲ႕ဆိုရင္ သူတို႔အဖြဲ႕ရဲ႕ နာမည္ကို “ တရားမွ်တေသာ ျပန္ကန္ပြဲ “ လို႔ အမည္ေပးထားပါတယ္။

အဂၤလန္ပရိသတ္ေတြ အဲ့လိုမ်ိဳးေတာင္းဆိုေနၾကတဲ့ အေၾကာင္းအရင္းကေတာ့ ဗိုလ္လုပြဲမွာ ဆယ္ေက်ာ္သက္ကစားသမားေလး ဆာကာ ကို အီတလီအသင္းေခါင္းေဆာင္ ႐ုပ္ျပတ္ဆင္းျပတ္အေနာက္ကေနလွမ္းဆြဲမႈကို အနီကတ္မျပခဲ့တဲ့အတြက္ရယ္ ၊ ဂရီးလစ္ရွ္ ကို အဝင္ၾကမ္းခဲ့တဲ့ ေဂ်ာ္ဂ်င္ဟို ကို အနီကတ္မျပခဲ့တာေတြေၾကာင့္ ျဖစ္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ဗိုလ္လုပြဲကို တာဝန္ယူခဲ့တဲ့ နယ္သာလန္ ကြင္းလယ္ဒိုင္ Bjorn Kuipers ကိုလည္း ေဝဖန္တိုက္ခိုက္ေနၾကၿပီး ျပန္ကန္ပြဲ ကန္ျဖစ္ခဲ့ရင္ထပ္မံတာဝန္မေပးဖို႔ကိုလည္း ေတာင္းဆိုေနၾကပါေသးတယ္။

ဒီလိုျပန္ကန္ပြဲလုပ္ေပးဖို႔ ေတာင္းဆိုမႈေတြဟာ ျပင္သစ္- ဆြစ္ဇာလန္ ပြဲအၿပီးမွာ စတင္ေရပန္းစားလာခဲ့တဲ့ ႐ူးေၾကာင္ေၾကာင္လုပ္ရပ္ေတြျဖစ္ပါတယ္။ ဆီမီးဖိုင္နယ္ပြဲတပြဲျဖစ္တဲ့ အဂၤလန္-ဒိန္းမတ္ ပြဲအၿပီးမွာလည္း ပြဲရလဒ္ကို မေက်နပ္တဲ့ ဒိန္းမတ္ပရိသတ္တခ်ိဳ႕က ျပန္ကန္ပြဲ လုပ္ေပးဖို႔ ေတာင္းဆိုခဲ့ပါေသးတယ္။

အဲ့ဒီ ပရိသတ္ေတြရဲ႕ ႀကိဳးစားမႈဟာ လက္ေတြ႕မွာေတာ့ အရာထင္ခဲ့ျခင္းမရွိပဲ ကမာၻတဝန္းကလူေတြရဲ႕ ေလွာင္ေျပာင္ျခင္းကိုသာ ခံခဲ့ရတယ္လို႔ ဆိုရမွာပါ။ အခုလည္း လက္မွတ္ေတြထိုးၿပီး ေတာင္းဆိုေနၾကတဲ့ သူေတြကို အဂၤလန္ပရိသတ္အမ်ားစုက ေဝဖန္ေနၾကၿပီး ဆက္မလုပ္ၾကေတာ့ဖို႔ လူမႈကြန္ယက္ေတြေပၚကေန တိုက္တြန္းေရးသားေနၾကပါတယ္။

အီတလီေပးခဲ့တဲ့ အရႈံးဒဏ္ရာဟာ အဂၤလန္ပရိသတ္ေတြရဲ႕ ရင္ထဲမွာအခုထိလႈိက္စားေနဆဲလို႔ေျပာလို႔ရၿပီး မျဖစ္ႏိုင္မွန္းသိေနတဲ့ အရာကိုလည္း ႐ူး႐ူးမိုက္မိုက္ေတာင္းဆိုေနၾကတယ္လို႔ ဆိုရေတာ့မွာပါ။