ယူရို ( ၂၀၂၀ ) ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်း – အတု ကို စတင်ဖန်တီးခဲ့သူရဲ့ ဝန်ခံချက်

ဥရောပ ဘောလုံးအဖွဲ့ချုပ်ကနေ ယူရို ( ၂၀၂၀ ) ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်းကို ယနေ့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ တရားဝင် ကြေညာချက် မထုတ်ပြန်မီ ( ၁ ) ရက်အလိုမှာ EURO Team Of The Tournament ဆိုပြီး အကောင်းဆုံးအသင်း ( ၁ ) ခု အွန်လိုင်းပေါ် ပြန့်နှံ့နေခဲ့ပါတယ်။

Fredrik လို့ အမည်ရတဲ့ Professional graphic designer ကတော့ ဘာကြောင့် ယခုလို ကြေညာချက်အတု ဖန်တီးခဲ့တယ်ဆိုတာ သူ့ရဲ့ တွယ်တာစာမျက်နှာကနေ ရှင်းလင်းသွားခဲ့ပါတယ်။ သူဖန်တီးခဲ့တဲ့ အဆိုပါ အကောင်းဆုံးအသင်း – အတုကို NBC နှင့် talkSPORTS တို့လို သတင်းဌာနတွေကပါ ဖော်ပြခဲ့ကြပါတယ်။

သူ့ရဲ့အဆိုအရ သူငယ်ချင်းဖြစ်သူရဲ့ Follower ( ၄ ) ‌ထောင်ရှိတဲ့ @False_CF အကောင့် ကနေ အဆိုပါ ဓာတ်ပုံကို “ No way this is the team of the tournament…” လို့ ရေးပြီး စတင်မျှဝေခဲ့တာလို့ သိရပါတယ်။ အဲ့ဒီနောက်( ၃ ) နာရီအတွင်းမှာပဲ အဆိုပါ ဓာတ်ပုံကို တရားဝင်အကောင်းဆုံးအသင်းအဖြစ် ပြောဆိုလာကြတယ်လို့ ဆိုပါတယ်။

Fredrikက အဆိုပါ ပို့စ်ကို ရည်ရွယ်ချက် ( ၂ ) ခုနဲ့ဖန်တီးခဲ့တာလို့ ဆိုပါတယ်။ ပထမတစ်ခုအနေနဲ့ ဒါက ပျော်ရွှင်စရာကောင်းတဲ့ graphic challenge အဖြစ် သူက သတ်မှတ်ပါတယ်။ သူ့အနေနဲ့ အသင်းရွေးချယ်မှုက အတုမှန်းသိသာပေမယ့် လူအများ ယုံကြည်နိုင်လောက်အောင် ဖန်တီးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒုတိယတစ်ခုအနေနဲ့ အွန်လိုင်းပေါ်မှာ သတင်းမှားတွေ အလွယ်တကူ အလျင်အမြန် ပျံ့နှံ့လွယ်တယ်ဆိုတာ လူအများကို သတိပေးဖို့ ရည်ရွယ်တယ်လို့ ဆိုထားပါတယ်။

ယူရို ( ၂၀၂၀ )ရဲ့ တရားဝင်ဆိုရှယ်မီဒီယာအကောင့်တွေက ပြိုင်ပွဲအတွင်းမှာ လုံးဝ active ဖြစ်နေခဲ့ပြီး အကောင်းဆုံး ကစားသမားဆုတွေကိုလည်း ကြေညာခဲ့တာတွေ့ရပါတယ်။ ဒါကြောင့် fact-check ဖို့ အရမ်းလွယ်ကူပေမယ့် လူတွေက သတိမမူ ဂူမမြင်ခဲ့ကြတာဆိုရမှာပါ။

zawgyi

ယူ႐ို ( ၂၀၂၀ ) ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးအသင္း – အတု ကို စတင္ဖန္တီးခဲ့သူရဲ႕ ဝန္ခံခ်က္

ဥေရာပ ေဘာလုံးအဖြဲ႕ခ်ဳပ္ကေန ယူ႐ို ( ၂၀၂၀ ) ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးအသင္းကို ယေန႔ ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္ အဆိုပါ တရားဝင္ ေၾကညာခ်က္ မထုတ္ျပန္မီ ( ၁ ) ရက္အလိုမွာ EURO Team Of The Tournament ဆိုၿပီး အေကာင္းဆုံးအသင္း ( ၁ ) ခု အြန္လိုင္းေပၚ ျပန႔္ႏွံ႔ေနခဲ့ပါတယ္။

Fredrik လို႔ အမည္ရတဲ့ Professional graphic designer ကေတာ့ ဘာေၾကာင့္ ယခုလို ေၾကညာခ်က္အတု ဖန္တီးခဲ့တယ္ဆိုတာ သူ႔ရဲ႕ တြယ္တာစာမ်က္ႏွာကေန ရွင္းလင္းသြားခဲ့ပါတယ္။

သူဖန္တီးခဲ့တဲ့ အဆိုပါ အေကာင္းဆုံးအသင္း – အတုကို NBC ႏွင့္ talkSPORTS တို႔လို သတင္းဌာနေတြကပါ ေဖာ္ျပခဲ့ၾကပါတယ္။

သူ႔ရဲ႕အဆိုအရ သူငယ္ခ်င္းျဖစ္သူရဲ႕ Follower ( ၄ ) ‌ေထာင္ရွိတဲ့ @False_CF အေကာင့္ ကေန အဆိုပါ ဓာတ္ပုံကို “ No way this is the team of the tournament…” လို႔ ေရးၿပီး စတင္မွ်ေဝခဲ့တာလို႔ သိရပါတယ္။ အဲ့ဒီေနာက္( ၃ ) နာရီအတြင္းမွာပဲ အဆိုပါ ဓာတ္ပုံကို တရားဝင္အေကာင္းဆုံးအသင္းအျဖစ္ ေျပာဆိုလာၾကတယ္လို႔ ဆိုပါတယ္။

Fredrikက အဆိုပါ ပို႔စ္ကို ရည္႐ြယ္ခ်က္ ( ၂ ) ခုနဲ႔ဖန္တီးခဲ့တာလို႔ ဆိုပါတယ္။ ပထမတစ္ခုအေနနဲ႔ ဒါက ေပ်ာ္႐ႊင္စရာေကာင္းတဲ့ graphic challenge အျဖစ္ သူက သတ္မွတ္ပါတယ္။ သူ႔အေနနဲ႔ အသင္းေ႐ြးခ်ယ္မႈက အတုမွန္းသိသာေပမယ့္ လူအမ်ား ယုံၾကည္ႏိုင္ေလာက္ေအာင္ ဖန္တီးခဲ့ရတယ္လို႔ ဆိုပါတယ္။ ဒုတိယတစ္ခုအေနနဲ႔ အြန္လိုင္းေပၚမွာ သတင္းမွားေတြ အလြယ္တကူ အလ်င္္အျမန္ ပ်ံ႕ႏွံ႔လြယ္တယ္ဆိုတာ လူအမ်ားကို သတိေပးဖို႔ ရည္႐ြယ္တယ္လို႔ ဆိုထားပါတယ္။

ယူ႐ို ( ၂၀၂၀ )ရဲ႕ တရားဝင္ဆိုရွယ္မီဒီယာအေကာင့္ေတြက ၿပိဳင္ပြဲအတြင္းမွာ လုံးဝ active ျဖစ္ေနခဲ့ၿပီး အေကာင္းဆုံး ကစားသမားဆုေတြကိုလည္း ေၾကညာခဲ့တာေတြ႕ရပါတယ္။ ဒါေၾကာင့္ fact-check ဖို႔ အရမ္းလြယ္ကူေပမယ့္ လူေတြက သတိမမူ ဂူမျမင္ခဲ့ၾကတာဆိုရမွာပါ။