ဘာစီလိုနာနဲ့ အမြန်ဆုံးစာချုပ်သစ်ချုပ်ဖို့ မက်ဆီ ကို တိုက်တွန်းလိုက်တဲ့ ဆရာဟောင်း Alfio Basile

ကိုပါအမေရိကပြိုင်ပွဲမှာ ပူပူနွေးနွေးချန်ပီယံဖြစ်ထားတဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီ ဟာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီးထဲက အသင်းလက်မဲ့ဖြစ်နေတဲ့သူဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ၆ ကြိမ်အထိရရှိထားတဲ့ မက်ဆီ ကို ကမ္ဘာတဝန်းက အသင်းတိုင်းက အလိုရှိတယ်ဆိုတာကတော့ သံသယဖြစ်စရာမရှိပါဘူး။ ဒါပေမဲ့ မက်ဆီ ရဲ့ လစာငွေကို ပေးချေနိုင်တဲ့ အသင်းတွေကတော့ လက်ချိုးရေလို့ရပါတယ်။ ဘာစီလိုနာ တောင် မက်ဆီ ကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ငွေရေးကြေးရေးပြဿနာကို အသည်းအသန်ဖြေရှင်းနေရတာပါ။

အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ မက်ဆီ နဲ့ လက်တွဲခဲ့ဖူးတဲ့ နည်းပြဟောင်း Alfio Basile ကတော့ မက်ဆီ ကို အခြားအသင်းကိုမပြောင်းရွှေ့ပဲ ဘာစီလိုနာ မှာသာ ကစားသမားဘဝကို ရှေ့ဆက်ဖို့ အခုလို တိုက်တွန်းသွားခဲ့ပါတယ်။

Basile က “ သူ့ကစားသမားဘဝမှာ အကောင်းဆုံးတွေပဲဖြစ်ဖို့ ဆုတောင်းပါတယ်။ ကျွန်တော်ပြောတဲ့ အကောင်းဆုံးဆိုတာ ဘာစီလိုနာ အပြင်ဖက်မှာတော့ မပါဝင်ပါဘူး။ မက်ဆီ ဘယ်ကိုပဲသွားသွား အဲ့နေရာက ဘာကာ ထက်ပိုကောင်းတဲ့ နေရာဖြစ်ပါ့မလား။ ဘာစီလိုနာမှာ သူအကုန်ပိုင်ဆိုင်ထားပြီးပြီ။ သူ့ကလေးတွေလည်း ကျောင်းတွေနဲ့ နေသားကျနေပြီ။ အဲ့တော့ သူဘယ်ကိုသွားအုန်းမှာလဲ။ ကာတာ ကိုလား .? ။ အက်ကြောင်းထင်နေတဲ့ လုပ်သက်တခုက ဘယ်လောက်ကြာကြာခံအုန်းမလဲဆိုတာကိုတော့ ဘယ်သူမှမပြောနိုင်ဘူး။ ကျွန်တော့်အမြင်အရတော့ မက်ဆီ အနေနဲ့ ဘာစီလိုနာမှာ နောက်ထပ် ၄ နှစ် ၅ နှစ်လောက် ဆက်ရှိနေအုန်းမယ်လို့ ထင်ပါတယ် “ လို့ အင်တာဗျူးတခုမှာ ပြောခဲ့ပါတယ်။

အသက် ၇၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Basile ဟာ အာဂျင်တီးနား ဘောလုံးနတ်ဘုရား ၂ ပါးလို့ တင်စားရမယ့် ဒီယေဂို မာရာဒိုနာ နဲ့ လီယို မက်ဆီ တို့ ၂ ယောက်လုံးကို အာဂျင်တီးနားအသင်းမှာ နည်းပြခဲ့ဖူးတဲ့ ဂန္တဝင်တယောက်ဖြစ်ပါတယ်။

သူ့လက်ထက်မှာ အာဂျင်တီးနားအသင်းကို ကိုပါအမေရိကဖလား ၂ ကြိမ်နဲ့ ကွန်ဖက်ဒရေးရှင်းဖလား ၁ ကြိမ် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

zawgyi

ဘာစီလိုနာနဲ႔ အျမန္ဆုံးစာခ်ဳပ္သစ္ခ်ဳပ္ဖို႔ မက္ဆီ ကို တိုက္တြန္းလိုက္တဲ့ ဆရာေဟာင္း Alfio Basile

ကိုပါအေမရိကၿပိဳင္ပြဲမွာ ပူပူေႏြးေႏြးခ်န္ပီယံျဖစ္ထားတဲ့ အာဂ်င္တီးနား အသင္းေခါင္းေဆာင္ မက္ဆီ ဟာ ၿပီးခဲ့တဲ့ ဇြန္လ ၃၀ ရက္ေန႔ ဘာစီလိုနာနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးထဲက အသင္းလက္မဲ့ျဖစ္ေနတဲ့သူျဖစ္ပါတယ္။

ကမာၻ႔အေကာင္းဆုံးကစားသမားဆုကို ၆ ႀကိမ္အထိရရွိထားတဲ့ မက္ဆီ ကို ကမာၻတဝန္းက အသင္းတိုင္းက အလိုရွိတယ္ဆိုတာကေတာ့ သံသယျဖစ္စရာမရွိပါဘူး။ ဒါေပမဲ့ မက္ဆီ ရဲ႕ လစာေငြကို ေပးေခ်ႏိုင္တဲ့ အသင္းေတြကေတာ့ လက္ခ်ိဳးေရလို႔ရပါတယ္။ ဘာစီလိုနာ ေတာင္ မက္ဆီ ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ဖို႔ ေငြေရးေၾကးေရးျပႆနာကို အသည္းအသန္ေျဖရွင္းေနရတာပါ။

အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းမွာ မက္ဆီ နဲ႔ လက္တြဲခဲ့ဖူးတဲ့ နည္းျပေဟာင္း Alfio Basile ကေတာ့ မက္ဆီ ကို အျခားအသင္းကိုမေျပာင္းေ႐ႊ႕ပဲ ဘာစီလိုနာ မွာသာ ကစားသမားဘဝကို ေရွ႕ဆက္ဖို႔ အခုလို တိုက္တြန္းသြားခဲ့ပါတယ္။

Basile က “ သူ႔ကစားသမားဘဝမွာ အေကာင္းဆုံးေတြပဲျဖစ္ဖို႔ ဆုေတာင္းပါတယ္။ ကြၽန္ေတာ္ေျပာတဲ့ အေကာင္းဆုံးဆိုတာ ဘာစီလိုနာ အျပင္ဖက္မွာေတာ့ မပါဝင္ပါဘူး။ မက္ဆီ ဘယ္ကိုပဲသြားသြား အဲ့ေနရာက ဘာကာ ထက္ပိုေကာင္းတဲ့ ေနရာျဖစ္ပါ့မလား။ ဘာစီလိုနာမွာ သူအကုန္ပိုင္ဆိုင္ထားၿပီးၿပီ။ သူ႔ကေလးေတြလည္း ေက်ာင္းေတြနဲ႔ ေနသားက်ေနၿပီ။ အဲ့ေတာ့ သူဘယ္ကိုသြားအုန္းမွာလဲ။ ကာတာ ကိုလား .? ။ အက္ေၾကာင္းထင္ေနတဲ့ လုပ္သက္တခုက ဘယ္ေလာက္ၾကာၾကာခံအုန္းမလဲဆိုတာကိုေတာ့ ဘယ္သူမွမေျပာႏိုင္ဘူး။ ကြၽန္ေတာ့္အျမင္အရေတာ့ မက္ဆီ အေနနဲ႔ ဘာစီလိုနာမွာ ေနာက္ထပ္ ၄ ႏွစ္ ၅ ႏွစ္ေလာက္ ဆက္ရွိေနအုန္းမယ္လို႔ ထင္ပါတယ္ “ လို႔ အင္တာဗ်ဴးတခုမွာ ေျပာခဲ့ပါတယ္။

အသက္ ၇၇ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ Basile ဟာ အာဂ်င္တီးနား ေဘာလုံးနတ္ဘုရား ၂ ပါးလို႔ တင္စားရမယ့္ ဒီေယဂို မာရာဒိုနာ နဲ႔ လီယို မက္ဆီ တို႔ ၂ ေယာက္လုံးကို အာဂ်င္တီးနားအသင္းမွာ နည္းျပခဲ့ဖူးတဲ့ ဂႏၲဝင္တေယာက္ျဖစ္ပါတယ္။

သူ႔လက္ထက္မွာ အာဂ်င္တီးနားအသင္းကို ကိုပါအေမရိကဖလား ၂ ႀကိမ္နဲ႔ ကြန္ဖက္ဒေရးရွင္းဖလား ၁ ႀကိမ္ ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။