ကိုပါအမေရိကဗိုလ်လုပွဲရဲ့ အနိုင်ဂိုးဖန်တီးရှင် ဒီပေါလ် ကို ခေါ်ယူနိုင်ခဲ့တဲ့ အက်သလက်တီကို

လာလီဂါပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အက်သလက်တီကို က ကိုပါအမေရိကပြိုင်ပွဲမှာ အာဂျင်တီးနားအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ အူဒီးနီးစ် ကွင်းလယ်လူ ရိုဒရီကို ဒီပေါလ် ကို အရခေါ်ယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက စီးရီးအေပြိုင်ပွဲမှာ အူဒီးနီးစ်အသင်းအတွက် ၉ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၀ ကြိမ်တောင်ပြုလုပ်ပေးနိုင်ခဲ့တဲ့ ဒီပေါလ် ကို အက်သလက်တီကို က ကိုပါအမေရိကပြိုင်ပွဲမစခင်မှာထဲက ခေါ်ယူဖို့ ကြိုးစားနေခဲ့တာပါ။

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီပေါလ် အတွက် အက်သလက်တီကို က ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်းဝန်းကျင်သုံးခဲ့ရပြီး ၂၀၂၆ ခုနှစ်အထိ ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒီပေါလ် ဟာ နည်းပြ ဆီမြွန်နီ သဘောကျနှစ်သက်တဲ့ ကစားသမားတယောက်ဖြစ်ပြီး လွန်ခဲ့တဲ့နှစ်တွေကလည်း ခေါ်ယူဖို့စောင့်ကြည့်ခြင်းကိုခံခဲ့ရပါသေးတယ်။

ကစားသမားဘဝရဲ့ နောက်တဆင့်လို့ပြောရမဲ့ အက်သလက်တီကို ကို ပြောင်းရွှေ့နိုင်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ဒီပေါလ် က “ လာလီဂါပြိုင်ပွဲရဲ့ ချန်ပီယံအသင်းဆီကို ပြောင်းရွှေ့လာနိုင်ခဲ့လို့ ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်။ ဒီအပြောင်းအရွှေ့ရဲ့ နောက်မှာပါလာတဲ့ တာဝန်တွေအတွက်လည်း ကျွန်တော်အသင့်ရှိနေပါပြီ။ ဒါက ကျွန်တော့်ကစားသမားဘဝအတွက် ကြီးမားတဲ့ ခြေလှမ်းတခုပါ။ ဆီမြွန်နီ လို နည်းပြရဲ့ လက်အောက်မှာကစားရမယ့် အခွင့်အရေးကို ရရှိခဲ့တာကြောင့် ကျွန်တော်တကယ် ပျော်ရွှင်မိပါတယ်။ ကျွန်တော် က ဘောလုံးအားကစားကို အရမ်းချစ်တဲ့လူပါ။ ဘောလုံးက ကျွန်တော်ရဲ့ နေ့စဉ်ဘဝမှာအမြဲပါနေတဲ့ အစိတ်အပိုင်းတခုပါ “ လို့ ပြောခဲ့ပါတယ်။

ဒီပေါလ် ရောက်လာတာကြောင့် အက်သလက်တီကို က ဥရောပအသင်းကြီးတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ် ၊ လီဗာပူးလ် ၊ ဘာစီလိုနာ စတဲ့အသင်းတွေက အလိုရှိနေတဲ့ စပိန်ကွင်းလယ်လူ ဆာအူလ် ကို ရောင်းထုတ်သွားဖို့ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

zawgyi

ကိုပါအေမရိကဗိုလ္လုပြဲရဲ႕ အႏိုင္ဂိုးဖန္တီးရွင္ ဒီေပါလ္ ကို ေခၚယူႏိုင္ခဲ့တဲ့ အက္သလက္တီကို
လာလီဂါၿပိဳင္ပြဲရဲ႕ လက္ရွိခ်န္ပီယံ အက္သလက္တီကို က ကိုပါအေမရိကၿပိဳင္ပြဲမွာ အာဂ်င္တီးနားအတြက္ ေျခစြမ္းျပသႏိုင္ခဲ့တဲ့ အူဒီးနီးစ္ ကြင္းလယ္လူ ႐ိုဒရီကို ဒီေပါလ္ ကို အရေခၚယူႏိုင္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရာသီက စီးရီးေအၿပိဳင္ပြဲမွာ အူဒီးနီးစ္အသင္းအတြက္ ၉ ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၁၀ ႀကိမ္ေတာင္ျပဳလုပ္ေပးႏိုင္ခဲ့တဲ့ ဒီေပါလ္ ကို အက္သလက္တီကို က ကိုပါအေမရိကၿပိဳင္ပြဲမစခင္မွာထဲက ေခၚယူဖို႔ ႀကိဳးစားေနခဲ့တာပါ။
အသက္ ၂၈ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဒီေပါလ္ အတြက္ အက္သလက္တီကို က ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၃၅ သန္းဝန္းက်င္သုံးခဲ့ရၿပီး ၂၀၂၆ ခုႏွစ္အထိ ၅ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။ ဒီေပါလ္ ဟာ နည္းျပ ဆီႁမြန္နီ သေဘာက်ႏွစ္သက္တဲ့ ကစားသမားတေယာက္ျဖစ္ၿပီး လြန္ခဲ့တဲ့ႏွစ္ေတြကလည္း ေခၚယူဖို႔ေစာင့္ၾကည့္ျခင္းကိုခံခဲ့ရပါေသးတယ္။
ကစားသမားဘဝရဲ႕ ေနာက္တဆင့္လို႔ေျပာရမဲ့ အက္သလက္တီကို ကို ေျပာင္းေ႐ႊ႕ႏိုင္ခဲ့ျခင္းနဲ႔ ပတ္သက္ၿပီး ဒီေပါလ္ က “ လာလီဂါၿပိဳင္ပြဲရဲ႕ ခ်န္ပီယံအသင္းဆီကို ေျပာင္းေ႐ႊ႕လာႏိုင္ခဲ့လို႔ ကြၽန္ေတာ္ အရမ္းေပ်ာ္႐ႊင္ေနပါတယ္။ ဒီအေျပာင္းအေ႐ႊ႕ရဲ႕ ေနာက္မွာပါလာတဲ့ တာဝန္ေတြအတြက္လည္း ကြၽန္ေတာ္အသင့္ရွိေနပါၿပီ။ ဒါက ကြၽန္ေတာ့္ကစားသမားဘဝအတြက္ ႀကီးမားတဲ့ ေျခလွမ္းတခုပါ။ ဆီႁမြန္နီ လို နည္းျပရဲ႕ လက္ေအာက္မွာကစားရမယ့္ အခြင့္အေရးကို ရရွိခဲ့တာေၾကာင့္ ကြၽန္ေတာ္တကယ္ ေပ်ာ္႐ႊင္မိပါတယ္။ ကြၽန္ေတာ္ က ေဘာလုံးအားကစားကို အရမ္းခ်စ္တဲ့လူပါ။ ေဘာလုံးက ကြၽန္ေတာ္ရဲ႕ ေန႔စဥ္ဘဝမွာအၿမဲပါေနတဲ့ အစိတ္အပိုင္းတခုပါ “ လို႔ ေျပာခဲ့ပါတယ္။
ဒီေပါလ္ ေရာက္လာတာေၾကာင့္ အက္သလက္တီကို က ဥေရာပအသင္းႀကီးေတြျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္ ၊ လီဗာပူးလ္ ၊ ဘာစီလိုနာ စတဲ့အသင္းေတြက အလိုရွိေနတဲ့ စပိန္ကြင္းလယ္လူ ဆာအူလ္ ကို ေရာင္းထုတ္သြားဖို႔ရွိေနတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။