အဇူရီတွေရဲ့ ခမ်းနားတဲ့ အိမ်ပြန်လမ်း

နှစ်ပေါင်း ၅၃ နှစ်ကြာဝေးကွာနေတဲ့ ဥရောပဘုရင်ဆိုတဲ့ နေရာကို အဇူရီ ( ခေါ် ) အီတာလျံတွေ တဖန်ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါပြီ။
ပြိုင်ဖက် အင်္ဂလန်ရဲ့ ရေမြေပေါ်မှာ အလဲထိုးအနိုင်ယူနိုင်ခဲ့တာကြောင့် ပိုပြီးလှပတဲ့ အောင်ပွဲတခုဖြစ်ခဲ့တယ်။

ပြိုင်ပွဲမစခင်တုန်းက အီတလီ ဗိုလ်စွဲလိမ့်မယ်လို့ ပရိသတ်အနည်းအကျဉ်းကသာ ခန့်မှန်းခဲ့ကြပြီး အများစုကတော့ ကွာတားဖိုင်နယ် အဆင့်လောက်သာ ရောက်လိမ့်မယ်လို့ ထင်ကြေးပေးခဲ့ကြတယ်။

ဒါပေမဲ့ မန်စီနီ ရဲ့ အီတလီ က အုပ်စုအဖွင့်ပွဲမှာပဲ လျှော့တွက်လို့မရတဲ့ ပြိုင်ဖက်ဖြစ်တဲ့ တူရကီ ကို ဂိုးပြတ်သွင်းကာ ချန်ပီယံဆုကိုစိန်ခေါ်ဖို့အသင့်ရှိနေတဲ့ အသင်းဆိုတာကို ပြိုင်ဖက်တွေကို သတိပေးခဲ့တယ်။

ဗိုလ်လုပွဲ သို့သွားရာလမ်းတလျှောက်မှာလည်း ကမ္ဘာ့အဆင့် ၁ ဘယ်လ်ဂျီယံ နဲ့ စပိန် တို့လိုအသင်းကောင်းတွေကို ကျော်ဖြတ်ပြခဲ့ပြီး ဖိုင်နယ်ကို ထိုက်ထိုက်တန်တန်တက်ရောက်လာခဲ့တယ်။

ဖိုင်နယ်မှာတော့ ပြိုင်ပွဲမစခင်ထဲက “ It’s coming home “ လို့ ကြွေးကြော်ပြီး ဖလားရမယ်လို့ အပိုင်တွက်ထားတဲ့ နာမည်ကြီး အင်္ဂလန် ကို သူတို့ရဲ့ပရိသတ်တွေရှေ့မှောက်မှာ အလဲထိုးကာ ဥရောပဘုရင်ဆိုတဲ့နေရာကို ဒုတိယအကြိမ်မြောက်အဖြစ် ပြန်လည်တက်လှမ်းခဲ့တယ်။

မနေ့ညက အီတလီနိုင်ငံတဝန်းလုံးက လူတွေဟာ ညနက်တဲ့အထိ လမ်းမတွေပေါ်မှာ လူပင်လယ်ဖြစ်နေတဲ့အထိကို ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ကြတယ်။

ဒီနေ့မနက်ခင်းမှာလည်း သူတို့ဟာ လမ်းမတွေထက်မှာ အောင်ပွဲဆက်ခံဖို့ သူရဲကောင်းတွေအလာကို ဝိရိယရှိရှိနဲ့ စောင့်နေခဲ့ကြတယ်။

ရောမ လေဆိပ်ကို အီတလီအသင်းသားတွေစီနင်းလာတဲ့ လေယာဉ်ဆိုက်ရောက်လာချိန်မှာတော့ စောင့်နေကြတဲ့ ပရိသတ်တွေဟာ ဂုဏ်ပြုဖို့ အသင့်ရှိနေခဲ့ကြတယ်။

လေယာဉ်တံခါးဖွင့်ပြီး နည်းပြ မန်စီနီ နဲ့ အသင်းခေါင်းဆောင် ချီလီနီ တို့က ယူရိုချန်ပီယံဆုကြီးကို အတူတူကိုင်မြှောက်ကာ ပရိသတ်တွေနဲ့ အော်ဟစ်ပြီး အတူတူ စတင်အောင်ပွဲခံခဲ့ကြတယ်။

နားခိုမယ့် ဟိုတယ်ကို သွားရာလမ်းတလျှောက်မှာလည်း ပရိသတ်တွေက အီတလီအသင်းကို သူရဲကောင်းတွေသဖွယ် လက်ခုပ်တွေတီးက ဂုဏ်ပြုခဲ့ကြတယ်။


အားကစားစိတ်ဓာတ်ပြင်းထန်တဲ့ အဇူရီ တွေရဲ့ အောင်ပွဲခံပုံရိပ်တွေဟာ ဘေးကကြည့်နေတဲ့လူတွေကိုပါ ကြက်သီးထစေမှာ အသေအချာပါပဲ။

၃ နှစ်နီးပါးကြာ ၃၄ ပွဲဆက်ရှုံးပွဲမရှိဆိုတဲ့ စံချိန်တင်ထားတဲ့ အဇူရီ တွေရဲ့ နောက်ထပ်ပစ်မှတ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလား လို့ဆိုရမှာပါ။
ဥရောပဘုရင်နေရာကနေ ကမ္ဘာ့ဘုရင်ဆိုတဲ့ နေရာကို အဇူရီ တို့ထပ်မံ သိမ်းပိုက်နိုင်အုန်းမလားဆိုတာကတော့ …

Zawgyi

ဥေရာပဘုရင္ အဇူရီေတြရဲ႕ ခမ္းနားတဲ့ အိမ္ျပန္လမ္း

ႏွစ္ေပါင္း ၅၃ ႏွစ္ၾကာေဝးကြာေနတဲ့ ဥေရာပဘုရင္ဆိုတဲ့ ေနရာကို အဇူရီ ( ေခၚ ) အီတာလ်ံေတြ တဖန္ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့ပါၿပီ။
ၿပိဳင္ဖက္ အဂၤလန္ရဲ႕ ေရေျမေပၚမွာ အလဲထိုးအႏိုင္ယူႏိုင္ခဲ့တာေၾကာင့္ ပိုၿပီးလွပတဲ့ ေအာင္ပြဲတခုျဖစ္ခဲ့တယ္။

ၿပိဳင္ပြဲမစခင္တုန္းက အီတလီ ဗိုလ္စြဲလိမ့္မယ္လို႔ ပရိသတ္အနည္းအက်ဥ္းကသာ ခန႔္မွန္းခဲ့ၾကၿပီး အမ်ားစုကေတာ့ ကြာတားဖိုင္နယ္ အဆင့္ေလာက္သာ ေရာက္လိမ့္မယ္လို႔ ထင္ေၾကးေပးခဲ့ၾကတယ္။

ဒါေပမဲ့ မန္စီနီ ရဲ႕ အီတလီ က အုပ္စုအဖြင့္ပြဲမွာပဲ ေလွ်ာ့တြက္လို႔မရတဲ့ ၿပိဳင္ဖက္ျဖစ္တဲ့ တူရကီ ကို ဂိုးျပတ္သြင္းကာ ခ်န္ပီယံဆုကိုစိန္ေခၚဖို႔အသင့္ရွိေနတဲ့ အသင္းဆိုတာကို ၿပိဳင္ဖက္ေတြကို သတိေပးခဲ့တယ္။

ဗိုလ္လုပြဲ သို႔သြားရာလမ္းတေလွ်ာက္မွာလည္း ကမာၻ႔အဆင့္ ၁ ဘယ္လ္ဂ်ီယံ နဲ႔ စပိန္ တို႔လိုအသင္းေကာင္းေတြကို ေက်ာ္ျဖတ္ျပခဲ့ၿပီး ဖိုင္နယ္ကို ထိုက္ထိုက္တန္တန္တက္ေရာက္လာခဲ့တယ္။

ဖိုင္နယ္မွာေတာ့ ၿပိဳင္ပြဲမစခင္ထဲက “ It’s coming home “ လို႔ ေႂကြးေၾကာ္ၿပီး ဖလားရမယ္လို႔ အပိုင္တြက္ထားတဲ့ နာမည္ႀကီး အဂၤလန္ ကို သူတို႔ရဲ႕ပရိသတ္ေတြေရွ႕ေမွာက္မွာ အလဲထိုးကာ ဥေရာပဘုရင္ဆိုတဲ့ေနရာကို ဒုတိယအႀကိမ္ေျမာက္အျဖစ္ ျပန္လည္တက္လွမ္းခဲ့တယ္။

မေန႔ညက အီတလီႏိုင္ငံတဝန္းလုံးက လူေတြဟာ ညနက္တဲ့အထိ လမ္းမေတြေပၚမွာ လူပင္လယ္ျဖစ္ေနတဲ့အထိကို ေပ်ာ္႐ႊင္စြာ ေအာင္ပြဲခံခဲ့ၾကတယ္။

ဒီေန႔မနက္ခင္းမွာလည္း သူတို႔ဟာ လမ္းမေတြထက္မွာ ေအာင္ပြဲဆက္ခံဖို႔ သူရဲေကာင္းေတြအလာကို ဝိရိယရွိရွိနဲ႔ ေစာင့္ေနခဲ့ၾကတယ္။

ေရာမ ေလဆိပ္ကို အီတလီအသင္းသားေတြစီနင္းလာတဲ့ ေလယာဥ္ဆိုက္ေရာက္လာခ်ိန္မွာေတာ့ ေစာင့္ေနၾကတဲ့ ပရိသတ္ေတြဟာ ဂုဏ္ျပဳဖို႔ အသင့္ရွိေနခဲ့ၾကတယ္။
ေလယာဥ္တံခါးဖြင့္ၿပီး နည္းျပ မန္စီနီ နဲ႔ အသင္းေခါင္းေဆာင္ ခ်ီလီနီ တို႔က ယူ႐ိုခ်န္ပီယံဆုႀကီးကို အတူတူကိုင္ေျမႇာက္ကာ ပရိသတ္ေတြနဲ႔ ေအာ္ဟစ္ၿပီး အတူတူ စတင္ေအာင္ပြဲခံခဲ့ၾကတယ္။

နားခိုမယ့္ ဟိုတယ္ကို သြားရာလမ္းတေလွ်ာက္မွာလည္း ပရိသတ္ေတြက အီတလီအသင္းကို သူရဲေကာင္းေတြသဖြယ္ လက္ခုပ္ေတြတီးက ဂုဏ္ျပဳခဲ့ၾကတယ္။
အားကစားစိတ္ဓာတ္ျပင္းထန္တဲ့ အဇူရီ ေတြရဲ႕ ေအာင္ပြဲခံပုံရိပ္ေတြဟာ ေဘးကၾကည့္ေနတဲ့လူေတြကိုပါ ၾကက္သီးထေစမွာ အေသအခ်ာပါပဲ။

၃ ႏွစ္နီးပါးၾကာ ၃၄ ပြဲဆက္ရႈံးပြဲမရွိဆိုတဲ့ စံခ်ိန္တင္ထားတဲ့ အဇူရီ ေတြရဲ႕ ေနာက္ထပ္ပစ္မွတ္ဟာ ၂၀၂၂ ကမာၻ႔ဖလား လို႔ဆိုရမွာပါ။
ဥေရာပဘုရင္ေနရာကေန ကမာၻ႔ဘုရင္ဆိုတဲ့ ေနရာကို အဇူရီ တို႔ထပ္မံ သိမ္းပိုက္ႏိုင္အုန္းမလားဆိုတာကေတာ့ …