ယူရို-၂၀၂၀ ချန်ပီယံအီတလီအသင်းပိုင်ဆိုင်ခဲ့တဲ့ စံချိန်မှတ်တမ်းများ

ဇွန်လ(၁၁)ရက်ကနေ ဇူလိုင်လ(၁၁)ရက်အထိ တစ်လနီးပါးကြာကျင်းပခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲကတော့ ပြီးဆုံးသွားပြီဖြစ်ပြီး ဗိုလ်လုပွဲမှာ အီတလီအသင်းက အင်္ဂလန်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူဗိုလ်စွဲခဲ့ပါတယ်။

အီတလီနဲ့အင်္ဂလန်အသင်းတို့ဟာ မိနစ်(၁၂၀)ကစားပြီးအထိ အနိုင်အရှုံးအဖြေမပေါ်တာကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခဲ့ယူခဲ့ရတာဖြစ်ပြီး ၁၉၇၆ ခုနှစ်နောက်ပိုင်း ပယ်နယ်တီကန်ခဲ့ရတဲ့ ဒုတိယမြောက်ဗိုလ်လုပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။


အီတလီအသင်းဟာ ယူရို-၁၉၆၈ပြိုင်ပွဲမှာ ဗိုလ်စွဲပြီးနောက်ပိုင်း (၅၃)နှစ်အကြာမှ ဒုတိယအကြိမ်မြောက် ချန်ပီယံဆုဖလားရရှိခဲ့တာကြောင့် ယူရိုဖလားနှစ်ကြိမ်ရယူခဲ့တဲ့အသင်းတွေထဲမှာ နှစ်အကြာဆုံးစောင့်ဆိုင်းခဲ့ရတဲ့အသင်းဖြစ်ခဲ့ပါပြီ။

အခုဆိုရင် အီတလီအသင်းဟာ ကမ္ဘာ့ဖလား(၄)ကြိမ်၊ ယူရိုဖလား(၂)ကြိမ်ရယူနိုင်ခဲ့ပြီဖြစ်တာကြောင့် ဥရောပအသင်းတွေထဲမှာ အဓိကဆုဖလားအရေအတွက် အများဆုံးရယူထားတဲ့ ဂျာမနီ(ကမ္ဘာ့ဖလား-၄ကြိမ်၊ ယူရို-၃ကြိမ်)ပြီးရင် ဒုတိယအများဆုံးအသင်းဖြစ်လာခဲ့ပါတယ်။

အခုပွဲမတိုင်ခင် ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ဗိုလ်လုပွဲမှာ ချန်ပီယံဟောင်းအသင်းနဲ့ ချန်ပီယံမဖြစ်ဖူးတဲ့အသင်းတို့ ဆုံတွေ့ခဲ့တဲ့ (၇)ကြိမ်မှာ ချန်ပီယံဟောင်းအသင်းတွေပွဲတိုင်းရှုံးနိမ့်ခဲ့ပြီး ချန်ပီယံအသင်းသစ်ထွက်ပေါ်ခဲ့ပေမယ့် ဒီတစ်ကြိမ်ပြိုင်ပွဲမှာတော့ အီတလီအသင်းက ဗိုလ်လုပွဲ ပထမဆုံးအကြိမ်တက်ရောက်ခဲ့တဲ့ အင်္ဂလန်ကို အနိုင်ယူပြီးတော့ အဲဒီမှတ်တမ်းကို အဆုံးသတ်နိုင်ခဲ့ပါပြီ။

ဒ့ါအပြင် ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ပြိုင်ပွဲတစ်ခုတည်းမှာ ပယ်နယ်တီအဆုံးအဖြတ်နဲ့ နှစ်ကြိမ်အနိုင်ရခဲ့တဲ့အသင်းမရှိခဲ့ဘဲ အခု အီတလီအသင်းက ဆီမီးဖိုင်နယ်၊ ဗိုလ်လုပွဲတွေမှာ ပယ်နယ်တီနဲ့အနိုင်ရခဲ့လို့ ပယ်နယ်တီအဆုံးအဖြတ်နှစ်ကြိမ်ဆက် အနိုင်ရခဲ့တဲ့ပထမဆုံးအသင်းအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

အီတလီနဲ့ အင်္ဂလန်အသင်းတို့ဟာ ယူရို၊ ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ခုပေါင်းမှာ (၅)ကြိမ်အထိဆုံတွေ့ခဲ့ပြီး အီတလီအသင်းက အကြိမ်တိုင်းအနိုင်ယူခဲ့သလို ပယ်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရခဲ့တာက (၂)ကြိမ်(ယူရို-၂၀၁၂ ကွာတားဖိုင်နယ်၊ ယူရို-၂၀၂၀ ဗိုလ်လုပွဲ)ရှိခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်တုန်းက UEFA Nations League ပွဲအဖြစ် ပေါ်တူဂီအသင်းကို ရှုံးနိမ့်ပြီးကတည်းက လက်ရှိအချိန်အထိ ရှုံးပွဲမရှိတော့တဲ့ အီတလီအသင်းဟာ အခုဆိုရင် ပြိုင်ပွဲစုံ (၃၄)ပွဲဆက်ရှုံးပွဲမရှိတော့ဘဲ

လာမယ့်စက်တင်ဘာလအတွင်း ဘူလ်ဂေးရီးယားနဲ့ ကစားမယ့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ရလဒ်ကောင်းခဲ့မယ်ဆိုရင် ဘောလုံးသမိုင်းတစ်လျှောက် ရှုံးပွဲမရှိပွဲဆက်အများဆုံးအသင်းတွေအဖြစ် ရပ်တည်နေတဲ့ ဘရာဇီးလ်၊ စပိန်တို့ရဲ့ပွဲအရေအတွက်ကို အမီလိုက်နိုင်မှာပါ။

Zawgyi

ယူ႐ို-၂၀၂၀ ခ်န္ပီယံအီတလီအသင္းပိုင္ဆိုင္ခဲ့တဲ့ စံခ်ိန္မွတ္တမ္းမ်ား

ဇြန္လ(၁၁)ရက္ကေန ဇူလိုင္လ(၁၁)ရက္အထိ တစ္လနီးပါးၾကာက်င္းပခဲ့တဲ့ ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲကေတာ့ ၿပီးဆုံးသြားၿပီျဖစ္ၿပီး ဗိုလ္လုပြဲမွာ အီတလီအသင္းက အဂၤလန္အသင္းကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔ အႏိုင္ယူဗိုလ္စြဲခဲ့ပါတယ္။

အီတလီနဲ႔အဂၤလန္အသင္းတို႔ဟာ မိနစ္(၁၂၀)ကစားၿပီးအထိ အႏိုင္အရႈံးအေျဖမေပၚတာေၾကာင့္ ပယ္နယ္တီအဆုံးအျဖတ္ခဲ့ယူခဲ့ရတာျဖစ္ၿပီး ၁၉၇၆ ခုႏွစ္ေနာက္ပိုင္း ပယ္နယ္တီကန္ခဲ့ရတဲ့ ဒုတိယေျမာက္ဗိုလ္လုပြဲအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

အီတလီအသင္းဟာ ယူ႐ို-၁၉၆၈ၿပိဳင္ပြဲမွာ ဗိုလ္စြဲၿပီးေနာက္ပိုင္း (၅၃)ႏွစ္အၾကာမွ ဒုတိယအႀကိမ္ေျမာက္ ခ်န္ပီယံဆုဖလားရရွိခဲ့တာေၾကာင့္ ယူ႐ိုဖလားႏွစ္ႀကိမ္ရယူခဲ့တဲ့အသင္းေတြထဲမွာ ႏွစ္အၾကာဆုံးေစာင့္ဆိုင္းခဲ့ရတဲ့အသင္းျဖစ္ခဲ့ပါၿပီ။

အခုဆိုရင္ အီတလီအသင္းဟာ ကမာၻ႔ဖလား(၄)ႀကိမ္၊ ယူ႐ိုဖလား(၂)ႀကိမ္ရယူႏိုင္ခဲ့ၿပီျဖစ္တာေၾကာင့္ ဥေရာပအသင္းေတြထဲမွာ အဓိကဆုဖလားအေရအတြက္ အမ်ားဆုံးရယူထားတဲ့ ဂ်ာမနီ(ကမာၻ႔ဖလား-၄ႀကိမ္၊ ယူ႐ို-၃ႀကိမ္)ၿပီးရင္ ဒုတိယအမ်ားဆုံးအသင္းျဖစ္လာခဲ့ပါတယ္။

အခုပြဲမတိုင္ခင္ ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ဗိုလ္လုပြဲမွာ ခ်န္ပီယံေဟာင္းအသင္းနဲ႔ ခ်န္ပီယံမျဖစ္ဖူးတဲ့အသင္းတို႔ ဆုံေတြ႕ခဲ့တဲ့ (၇)ႀကိမ္မွာ ခ်န္ပီယံေဟာင္းအသင္းေတြပြဲတိုင္းရႈံးနိမ့္ခဲ့ၿပီး ခ်န္ပီယံအသင္းသစ္ထြက္ေပၚခဲ့ေပမယ့္ ဒီတစ္ႀကိမ္ၿပိဳင္ပြဲမွာေတာ့ အီတလီအသင္းက ဗိုလ္လုပြဲ ပထမဆုံးအႀကိမ္တက္ေရာက္ခဲ့တဲ့ အဂၤလန္ကို အႏိုင္ယူၿပီးေတာ့ အဲဒီမွတ္တမ္းကို အဆုံးသတ္ႏိုင္ခဲ့ပါၿပီ။

ဒ့ါအျပင္ ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ၿပိဳင္ပြဲတစ္ခုတည္းမွာ ပယ္နယ္တီအဆုံးအျဖတ္နဲ႔ ႏွစ္ႀကိမ္အႏိုင္ရခဲ့တဲ့အသင္းမရွိခဲ့ဘဲ အခု အီတလီအသင္းက ဆီမီးဖိုင္နယ္၊ ဗိုလ္လုပြဲေတြမွာ ပယ္နယ္တီနဲ႔အႏိုင္ရခဲ့လို႔ ပယ္နယ္တီအဆုံးအျဖတ္ႏွစ္ႀကိမ္ဆက္ အႏိုင္ရခဲ့တဲ့ပထမဆုံးအသင္းအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

အီတလီနဲ႔ အဂၤလန္အသင္းတို႔ဟာ ယူ႐ို၊ ကမာၻ႔ဖလားၿပိဳင္ပြဲႏွစ္ခုေပါင္းမွာ (၅)ႀကိမ္အထိဆုံေတြ႕ခဲ့ၿပီး အီတလီအသင္းက အႀကိမ္တိုင္းအႏိုင္ယူခဲ့သလို ပယ္နယ္တီအဆုံးအျဖတ္နဲ႔အႏိုင္ရခဲ့တာက (၂)ႀကိမ္(ယူ႐ို-၂၀၁၂ ကြာတားဖိုင္နယ္၊ ယူ႐ို-၂၀၂၀ ဗိုလ္လုပြဲ)ရွိခဲ့တာျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္တုန္းက UEFA Nations League ပြဲအျဖစ္ ေပၚတူဂီအသင္းကို ရႈံးနိမ့္ၿပီးကတည္းက လက္ရွိအခ်ိန္အထိ ရႈံးပြဲမရွိေတာ့တဲ့ အီတလီအသင္းဟာ အခုဆိုရင္ ၿပိဳင္ပြဲစုံ (၃၄)ပြဲဆက္ရႈံးပြဲမရွိေတာ့ဘဲ

လာမယ့္စက္တင္ဘာလအတြင္း ဘူလ္ေဂးရီးယားနဲ႔ ကစားမယ့္ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲမွာ ရလဒ္ေကာင္းခဲ့မယ္ဆိုရင္ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ရႈံးပြဲမရွိပြဲဆက္အမ်ားဆုံးအသင္းေတြအျဖစ္ ရပ္တည္ေနတဲ့ ဘရာဇီးလ္၊ စပိန္တို႔ရဲ႕ပြဲအေရအတြက္ကို အမီလိုက္ႏိုင္မွာပါ။