မန်ချက်စတာမြို့ပေါ်က ရက်ဖို့ဒ်ရဲ့ ပုံတူပန်းချီကား ဖျက်ဆီးခံရ

မားကတ် ရက်ဖို့ဒ်ဟာ အင်္ဂလန်က အီတလီကို ပင်နယ်တီအဆုံးအဖြတ်မှာ ( ၃-၂ ) အရေးနိမ့်ခဲ့တဲ့ ယူရို ( ၂၀၂၀ ) ဗိုလ်လုပွဲစဥ်အတွင်း ပင်နယ်တီ ကန်သွင်းမှု လွဲချော်ခဲ့ပြီးနောက် မန်ချက်စတာမြို့ နံရံတစ်ခုပေါ်က သူ့ရဲ့ ပုံတူပန်းချီကားတစ်ခု ဖျက်ဆီးခံခဲ့ရပါတယ်။

ဗြိတိန်နိုင်ငံမှ ဆင်းရဲတဲ့ ကလေးငယ်များစွာကို အခမဲ့အစားအစာ ထောက်ပံ့ပေးနေတဲ့ မန်ချက်စတာ ယူနိုက်တက်တိုက်စစ်မှူးကို ဂုဏ်ပြုတဲ့အနေနဲ့ ယခုလို ပုံတူပန်းချီကားရေးဆွဲထားတာဖြစ်ပါတယ်။

ရက်ဖို့ဒ်ရဲ့ ပင်နယ်တီ လွဲချော်မှုပြီးနောက် ဂျေဒန် ဆန်ချို နှင့် ဘာကာယို ဆာကာတို့ကလည်း ပင်နယ်တီ သွင်းဂိုးရယူနိုင်ခဲ့ခြင်းမရှိတာကြောင့် အီတလီအသင်းက ဆုဖလား သိမ်းပိုက်နိုင်ခဲ့ပြီး

သူတို့ ( ၃ ) ဦးဟာလည်း ဆိုရှယ်မီဒီယာပေါ်မှာ လူမျိုးရေးခွဲခြားသူတွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။

“ အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်အနေနဲ့ လူမျုိးရေးခွဲခြားမှုပုံစံအားလုံးကို ပြစ်တင်ရှုံ့ချပြီး ဆိုရှယ်မီဒီယာပေါ်မှာ အင်္ဂလန်ကစားသမားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အပေါ်လည်း တုန်လှုပ်ခြောက်ခြားမိပါတယ်”လို့ FA က တရားဝင်ကြေညာချက်ထုတ်ပြန်ထားပါတယ်။

( ၁၉၉၆ ) ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် အဓိကပြိုင်ပွဲကြီးတစ်ခုရဲ့ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တဲ့ အင်္ဂလန်အသင်းဟာ လုခ်ရှောရဲ့ အစောပိုင်းသွင်းဂိုးနဲ့ ဦးဆောင်ကစားနိုင်ခဲ့ပေမယ့် ဘိုနူချီက ချေပဂိုးသွင်းယူခဲ့တာကြောင့် အချိန်ပို ထပ်မံကစားခဲ့ရတာဖြစ်ပါတယ်။

Zawgyi

ပင္နယ္တီ လြဲေခ်ာ္ခဲ့ၿပီးေနာက္ မန္ခ်က္စတာၿမိဳ႕ေပၚက ရက္ဖို႔ဒ္ရဲ႕ ပုံတူပန္းခ်ီကား ဖ်က္ဆီးခံရ

မားကတ္ ရက္ဖို႔ဒ္ဟာ အဂၤလန္က အီတလီကို ပင္နယ္တီအဆုံးအျဖတ္မွာ ( ၃-၂ ) အေရးနိမ့္ခဲ့တဲ့ ယူ႐ို ( ၂၀၂၀ ) ဗိုလ္လုပြဲစဥ္အတြင္း ပင္နယ္တီ ကန္သြင္းမႈ လြဲေခ်ာ္ခဲ့ၿပီးေနာက္ မန္ခ်က္စတာၿမိဳ႕ နံရံတစ္ခုေပၚက သူ႔ရဲ႕ ပုံတူပန္းခ်ီကားတစ္ခု ဖ်က္ဆီးခံခဲ့ရပါတယ္။

ၿဗိတိန္ႏိုင္ငံမွ ဆင္းရဲတဲ့ ကေလးငယ္မ်ားစြာကို အခမဲ့အစားအစာ ေထာက္ပံ့ေပးေနတဲ့ မန္ခ်က္စတာ ယူႏိုက္တက္တိုက္စစ္မႉးကို ဂုဏ္ျပဳတဲ့အေနနဲ႔ ယခုလို ပုံတူပန္းခ်ီကားေရးဆြဲထားတာျဖစ္ပါတယ္။

ရက္ဖို႔ဒ္ရဲ႕ ပင္နယ္တီ လြဲေခ်ာ္မႈၿပီးေနာက္ ေဂ်ဒန္ ဆန္ခ်ိဳ ႏွင့္ ဘာကာယို ဆာကာတို႔ကလည္း ပင္နယ္တီ သြင္းဂိုးရယူႏိုင္ခဲ့ျခင္းမရွိတာေၾကာင့္ အီတလီအသင္းက ဆုဖလား သိမ္းပိုက္ႏိုင္ခဲ့ၿပီး

သူတို႔ ( ၃ ) ဦးဟာလည္း ဆိုရွယ္မီဒီယာေပၚမွာ လူမ်ိဳးေရးခြဲျခားသူေတြရဲ႕ ပစ္မွတ္ထားတိုက္ခိုက္ျခင္းခံခဲ့ရပါတယ္။

“ အဂၤလန္ ေဘာလုံးအဖြဲ႕ခ်ဳပ္အေနနဲ႔ လူမ်ဳိးေရးခြဲျခားမႈပုံစံအားလုံးကို ျပစ္တင္ရႈံ႕ခ်ၿပီး ဆိုရွယ္မီဒီယာေပၚမွာ အဂၤလန္ကစားသမားေတြကို ပစ္မွတ္ထားတိုက္ခိုက္ေနတဲ့အေပၚလည္း တုန္လႈပ္ေျခာက္ျခားမိပါတယ္”လို႔ FA က တရားဝင္ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

( ၁၉၉၆ ) ခုႏွစ္ေနာက္ပိုင္း ပထမဆုံး အႀကိမ္ အဓိကၿပိဳင္ပြဲႀကီးတစ္ခုရဲ႕ ဗိုလ္လုပြဲတက္ေရာက္ႏိုင္ခဲ့တဲ့ အဂၤလန္အသင္းဟာ လုခ္ေရွာရဲ႕ အေစာပိုင္းသြင္းဂိုးနဲ႔ ဦးေဆာင္ကစားႏိုင္ခဲ့ေပမယ့္ ဘိုႏူခ်ီက ေခ်ပဂိုးသြင္းယူခဲ့တာေၾကာင့္ အခ်ိန္ပို ထပ္မံကစားခဲ့ရတာျဖစ္ပါတယ္။