ဗာရန်းရဲ့အပြောင်းအရွေ့ နောက်ဆုံး အခြေအနေ

မန်ချက်စတာ ယူနိုက်တက်အသင်းက ယခုနွေရာသီမှာ ခေါ်ယူဖို့ ကြိုးစားနေတဲ့ ရီးရဲမက်ဒရစ် နောက်ခံလူ ရာဖေးလ် ဗာရန်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

မန်ချက်စတာ ညနေခင်သတင်းအရ ယူနိုက်တက်ဟာ အသက် ( ၂၈ ) နှစ်အရွယ် ဗာရန်းရဲ့ တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး သဘောတူညီမှုရှိဖို့ မဝေးတော့တဲ့ အနေအထားမှာ ရောက်ရှိနေပြီး လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ အပြောင်းအ‌ေရွ့ အပြီးသတ်နိုင်ဖို့ မျှော်လင့်ရပါတယ်။

ဗာရန်းက အားလပ်ရက်အနားယူပြီးနောက် ရာသီကြို လေ့ကျင့်ရေးအစီအစဥ်တွေအတွက် ရီးရဲမက်ဒရစ်အသင်းနဲ့ ပြန်လည်ပူးပေါင်းခြင်းမရှိတော့ပဲ မန်ချက်စတာကိုမြို့ထံ တိုက်ရိုက်သွားရောက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မက်ဒရစ်က အသင်းနဲ့ စာချုပ်သက်တမ်း ( ၁ ) နှစ်သာ ကျန်ရှိတော့တဲ့ ဗာရန်းကို လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွေ့ခွင့်ပြုရဖို့ ရှိနေတဲ့အတွက် ယခုအပြောင်းအရွေ့ကာလအတွင်း ရောင်းချနိုင်ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

လက်ရှိမှာ ( ၂ ) သင်းကြား ဆွေးနွေးမှုတွေက အနည်းငယ် နှေးကွေးလျက်ရှိပေမယ့် ယူနိုက်တက်က ယခုနွေရာသီအတွင်း ပြင်သစ်လက်ရွေးစင်ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်လျက်ရှိပါတယ်။

ယူနိုက်တက်က ပြီးခဲ့တဲ့ လအတွင်း ဗာရန်းကို ပေါင်သန်း ( ၅၀ ) နဲ့ ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ရီးရဲမက်ဒရစ်က ပိုမိုမြင့်မားတဲ့ ပြောင်းရွေ့‌ကြေး တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဗာရန်းက လက်ရှိမှာ ယူရို ( ၂၀၂၀ ) ၁၆ -သင်းအဆင့်ကနေ ထွက်ခဲ့ရပြီးနောက် မိသားစုနဲ့အတူ အားလပ်ရက်အတွင်း အပန်းဖြေအနားယူလျက်ရှိပါတယ်။

Zawgyi

ဗာရန္းရဲ႕အေျပာင္းအေ႐ြ႕ ေနာက္ဆုံး အေျခအေန

မန္ခ်က္စတာ ယူႏိုက္တက္အသင္းက ယခုေႏြရာသီမွာ ေခၚယူဖို႔ ႀကိဳးစားေနတဲ့ ရီးရဲမက္ဒရစ္ ေနာက္ခံလူ ရာေဖးလ္ ဗာရန္းနဲ႔ ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီမႈရရွိဖို႔ နီးစပ္ေနၿပီလို႔ သိရပါတယ္။

မန္ခ်က္စတာ ညေနခင္သတင္းအရ ယူႏိုက္တက္ဟာ အသက္ ( ၂၈ ) ႏွစ္အ႐ြယ္ ဗာရန္းရဲ႕ ေတာင္းဆိုမႈေတြနဲ႔ ပတ္သက္ၿပီး သေဘာတူညီမႈရွိဖို႔ မေဝးေတာ့တဲ့ အေနအထားမွာ ေရာက္ရွိေနၿပီး လာမယ့္ ရက္သတၱပတ္အနည္းငယ္အတြင္းမွာ အေျပာင္းအ‌ေ႐ြ႕ အၿပီးသတ္ႏိုင္ဖို႔ ေမွ်ာ္လင့္ရပါတယ္။

ဗာရန္းက အားလပ္ရက္အနားယူၿပီးေနာက္ ရာသီႀကိဳ ေလ့က်င့္ေရးအစီအစဥ္ေတြအတြက္ ရီးရဲမက္ဒရစ္အသင္းနဲ႔ ျပန္လည္ပူးေပါင္းျခင္းမရွိေတာ့ပဲ မန္ခ်က္စတာကိုၿမိဳ႕ထံ တိုက္႐ိုက္သြားေရာက္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

မက္ဒရစ္က အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ( ၁ ) ႏွစ္သာ က်န္ရွိေတာ့တဲ့ ဗာရန္းကို လာမယ့္ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ြ႕ခြင့္ျပဳရဖို႔ ရွိေနတဲ့အတြက္ ယခုအေျပာင္းအေ႐ြ႕ကာလအတြင္း ေရာင္းခ်ႏိုင္ဖို႔ ဆႏၵရွိေနတာျဖစ္ပါတယ္။

လက္ရွိမွာ ( ၂ ) သင္းၾကား ေဆြးေႏြးမႈေတြက အနည္းငယ္ ေႏွးေကြးလ်က္ရွိေပမယ့္ ယူႏိုက္တက္က ယခုေႏြရာသီအတြင္း ျပင္သစ္လက္ေ႐ြးစင္ကို ေခၚယူႏိုင္မယ္လို႔ ယုံၾကည္လ်က္ရွိပါတယ္။

ယူႏိုက္တက္က ၿပီးခဲ့တဲ့ လအတြင္း ဗာရန္းကို ေပါင္သန္း ( ၅၀ ) နဲ႔ ေခၚယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ ရီးရဲမက္ဒရစ္က ပိုမိုျမင့္မားတဲ့ ေျပာင္းေ႐ြ႕‌ေၾကး ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။

ဗာရန္းက လက္ရွိမွာ ယူ႐ို ( ၂၀၂၀ ) ၁၆ -သင္းအဆင့္ကေန ထြက္ခဲ့ရၿပီးေနာက္ မိသားစုနဲ႔အတူ အားလပ္ရက္အတြင္း အပန္းေျဖအနားယူလ်က္ရွိပါတယ္။