ဆယ်ကျော်သက်လေးကို အဆုံးအဖြတ်ပင်နယ်တီကန်ခိုင်းခဲ့တဲ့ စီနီယာကစားသမားတွေကို ရွိုင်ကိန်း ဝေဖန်

၁၉ နှစ်အရွယ်သာရှိသေးတဲ့ ဆာကာ အား နောက်ဆုံးပင်နယ်တီအဆုံးအဖြတ်ကို ကန်ခွင့်ပေးခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ စီနီယာကစားသမားတွေကို ရွိုင်ကိန်း က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

ရွိုင်ကိန်း က အသက်တမျှအရေးကြီးနေတဲ့ နောက်ဆုံးအဆုံးအဖြတ်ပင်နယ်တီကို အတွေ့အကြုံနုနယ်သေးတဲ့ ဆာကာကို ကန်ခွင့်ပေးခဲ့တဲ့ အင်္ဂလန် စီနီယာကစားသမားတွေရဲ့ လုပ်ရပ်ဟာ ဖိအားကို ရင်မဆိုင်ရဲလို့ဖြစ်တယ်လို့ အခုလို ပြောခဲ့ပါတယ်။

ရွိုင်ကိန်း က “ ခင်ဗျားသာ စတာလင် ဒါမှမဟုတ် ဂရီးလစ်ရှ် ဆိုပါတော့ ၊ ခင်ဗျားရှေ့မှာ ကလေးတယောက်က ပင်နယ်တီ ကန်ဖို့ရှေ့ထွက်လာတာကို လက်ခံဖို့မသင့်ဘူးဗျ။

သူတို့လို ပွဲတွေအများကြီးကစားထားပြီး အတွေ့အကြုံတွေလည်းပြည့်ဝနေတဲ့ ကစားသမားတွေက ၁၉ နှစ်အရွယ်ချာတိတ်လေး သူတို့ရှေ့ကဖြတ်သွားပြီး ပင်နယ်တီသွားကန်နေတာကို ထိုင်ကြည့်နေလို့မရဘူး “

စတာလင် ဆိုရင် ဆုဖလားတွေလည်း အများကြီးရဖူးတဲ့ အတွေ့အကြုံရှိတဲ့သူတယောက်ပါ။
ပင်နယ်တီ ကန်ဖို့ သူမပြင်ဆင်ထားဘူးလို့တော့ ကျွန်တော်မပြောပါဘူး။
၆ လုံးမြောက် ၊ ၇ လုံးမြောက် တွေမှာ ကန်ဖို့ ဆုံးဖြတ်ထားတာဖြစ်မယ်။

ဒါပေမဲ့ ချာတိတ်လေးတွေထက် အရင်ရှေ့ထွက်ပြီး “ ဒီနောက်ဆုံး အဆုံးအဖြတ်ပင်နယ်တီ ကို ငါကန်သွင်းမယ်ကွာ “ လို့ သူ ရဲရဲဝင့်ဝင့် ပြောခဲ့သင့်တယ် “ လို့ ပွဲအပြီးမှာ ရုပ်သံကနေ ဝေဖန်ပြောဆိုခဲ့ပါတယ်။

ပင်နယ်တီ အဆုံးအဖြတ်ကန်သွင်းရာမှာ အင်္ဂလန်အသင်းက ရက်ရှ်ဖို့ဒ် ၊ ဆန်ချို ၊ ဆာကာ စတဲ့ ကစားသမားတွေက ဝင်အောင်မကန်သွင်းနိုင်ခဲ့တာကြောင့် အီတလီ ကို ပင်နယ်တီ ( ၃-၂ ) နဲ့ ရလဒ်နဲ့ အရေးနိမ့်ကာ ယူရိုချန်ပီယံဆုဖလားကြီးကို လက်လွှတ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲထဲက အင်္ဂလန်ပရိသတ်တွေ ကြွေးကြော်နေခဲ့တဲ့ “ It’s coming home “ ဆိုတဲ့ ကြွေးကြော်သံတွေဟာ ဒီနှစ် ယူရို ၂၀၂၀ မှာလည်း တကယ်ဖြစ်မလာသေးပဲ စကားအဖြစ်သာ လေထဲမှာ ပျောက်ကွယ်သွားခဲ့ပြန်ပါတယ်။

နိုင်ငံတကာပြိုင်ပွဲတွေမှာ အောင်မြင်မှုမရခဲ့တာ နှစ်ပေါင်း ၅၅ နှစ်ကြာနေခဲ့ပြီဖြစ်တဲ့ အင်္ဂလန်အတွက်တော့ ဆုဖလားအောင်မြင်မှုပြန်ရနိုင်ဖို့ နောက်ထပ် ဘယ်နနှစ်အထိ ထပ်မံစောင့်ဆိုင်းရအုန်းမလဲဆိုတာကတော့ ဘယ်သူမှတပ်အပ်ပြောနိုင်မှာ မဟုတ်ပါဘူး။

Zawgyi

ဆယ္ေက်ာ္သက္ေလးကို အဆုံးအျဖတ္ပင္နယ္တီကန္ခိုင္းခဲ့တဲ့ စီနီယာကစားသမားေတြကို ႐ြိဳင္ကိန္း ေဝဖန္

၁၉ ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဆာကာ အား ေနာက္ဆုံးပင္နယ္တီအဆုံးအျဖတ္ကို ကန္ခြင့္ေပးခဲ့တဲ့ အဂၤလန္အသင္းရဲ႕ စီနီယာကစားသမားေတြကို ႐ြိဳင္ကိန္း က ျပင္းျပင္းထန္ထန္ ေဝဖန္လိုက္ပါတယ္။

႐ြိဳင္ကိန္း က အသက္တမွ်အေရးႀကီးေနတဲ့ ေနာက္ဆုံးအဆုံးအျဖတ္ပင္နယ္တီကို အေတြ႕အႀကဳံႏုနယ္ေသးတဲ့ ဆာကာကို ကန္ခြင့္ေပးခဲ့တဲ့ အဂၤလန္ စီနီယာကစားသမားေတြရဲ႕ လုပ္ရပ္ဟာ ဖိအားကို ရင္မဆိုင္ရဲလို႔ျဖစ္တယ္လို႔ အခုလို ေျပာခဲ့ပါတယ္။

႐ြိဳင္ကိန္း က “ ခင္ဗ်ားသာ စတာလင္ ဒါမွမဟုတ္ ဂရီးလစ္ရွ္ ဆိုပါေတာ့ ၊ ခင္ဗ်ားေရွ႕မွာ ကေလးတေယာက္က ပင္နယ္တီ ကန္ဖို႔ေရွ႕ထြက္လာတာကို လက္ခံဖို႔မသင့္ဘူးဗ်။

သူတို႔လို ပြဲေတြအမ်ားႀကီးကစားထားၿပီး အေတြ႕အႀကဳံေတြလည္းျပည့္ဝေနတဲ့ ကစားသမားေတြက ၁၉ ႏွစ္အ႐ြယ္ခ်ာတိတ္ေလး သူတို႔ေရွ႕ကျဖတ္သြားၿပီး ပင္နယ္တီသြားကန္ေနတာကို ထိုင္ၾကည့္ေနလို႔မရဘူး “

စတာလင္ ဆိုရင္ ဆုဖလားေတြလည္း အမ်ားႀကီးရဖူးတဲ့ အေတြ႕အႀကဳံရွိတဲ့သူတေယာက္ပါ။
ပင္နယ္တီ ကန္ဖို႔ သူမျပင္ဆင္ထားဘူးလို႔ေတာ့ ကြၽန္ေတာ္မေျပာပါဘူး။
၆ လုံးေျမာက္ ၊ ၇ လုံးေျမာက္ ေတြမွာ ကန္ဖို႔ ဆုံးျဖတ္ထားတာျဖစ္မယ္။

ဒါေပမဲ့ ခ်ာတိတ္ေလးေတြထက္ အရင္ေရွ႕ထြက္ၿပီး “ ဒီေနာက္ဆုံး အဆုံးအျဖတ္ပင္နယ္တီ ကို ငါကန္သြင္းမယ္ကြာ “ လို႔ သူ ရဲရဲဝင့္ဝင့္ ေျပာခဲ့သင့္တယ္ “ လို႔ ပြဲအၿပီးမွာ ႐ုပ္သံကေန ေဝဖန္ေျပာဆိုခဲ့ပါတယ္။

ပင္နယ္တီ အဆုံးအျဖတ္ကန္သြင္းရာမွာ အဂၤလန္အသင္းက ရက္ရွ္ဖို႔ဒ္ ၊ ဆန္ခ်ိဳ ၊ ဆာကာ စတဲ့ ကစားသမားေတြက ဝင္ေအာင္မကန္သြင္းႏိုင္ခဲ့တာေၾကာင့္ အီတလီ ကို ပင္နယ္တီ ( ၃-၂ ) နဲ႔ ရလဒ္နဲ႔ အေရးနိမ့္ကာ ယူ႐ိုခ်န္ပီယံဆုဖလားႀကီးကို လက္လႊတ္ခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲထဲက အဂၤလန္ပရိသတ္ေတြ ေႂကြးေၾကာ္ေနခဲ့တဲ့ “ It’s coming home “ ဆိုတဲ့ ေႂကြးေၾကာ္သံေတြဟာ ဒီႏွစ္ ယူ႐ို ၂၀၂၀ မွာလည္း တကယ္ျဖစ္မလာေသးပဲ စကားအျဖစ္သာ ေလထဲမွာ ေပ်ာက္ကြယ္သြားခဲ့ျပန္ပါတယ္။

ႏိုင္ငံတကာၿပိဳင္ပြဲေတြမွာ ေအာင္ျမင္မႈမရခဲ့တာ ႏွစ္ေပါင္း ၅၅ ႏွစ္ၾကာေနခဲ့ၿပီျဖစ္တဲ့ အဂၤလန္အတြက္ေတာ့ ဆုဖလားေအာင္ျမင္မႈျပန္ရႏိုင္ဖို႔ ေနာက္ထပ္ ဘယ္နႏွစ္အထိ ထပ္မံေစာင့္ဆိုင္းရအုန္းမလဲဆိုတာကေတာ့ ဘယ္သူမွတပ္အပ္ေျပာႏိုင္မွာ မဟုတ္ပါဘူး။