စီရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့ အိမ်ရှင်တွေကို အနိုင်ယူတာချင်းတူပြီး ချန်ပီယံဆုရရှိတဲ့ နေ့ရက်

ကမ္ဘာ့အကောင်းဆုံးဆုပေးပွဲ စင်မြင့်ထက်မှာ ၁၅နှစ်နီးပါး အောင်မြင်မှုတွေ တစ်လှည့်စီရထားတဲ့ စီရော်နယ်ဒို နဲ့ မက်ဆီတို့ ဟာ လက်ရွေးစင် အသင်းနဲ့အတူ အောင်မြင်မှုရခဲ့တဲ့ ရက်အချိန်ဟာလည်း တူညီနေခဲ့ပါတယ်။

မက်ဆီဟာ ဒီမနက်ပိုင်းက အာဂျင်တီးနား အသင်းနဲ့ အတူ ကိုပါအမေရိကဖလားကို ရယူနိုင်ခဲ့ပါတယ်။ မက်ဆီ အတွက်တော့ လက်ရွေးစင်ကစားသမားဘဝ ပထမဆုံးဆုတံဆိပ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။ မက်ဆီ ဟာ အာဂျင်တီးနားအသင်းနဲ့အတူ အိုလံပစ်ဆုကလွဲပြီး အဓိကပြိုင်ပွဲကြီး ဆုတံဆိပ်မရဘူးသေးတဲ့ မှတ်တမ်းဆိုးကို ချေဖျက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ မက်ဆီ ဟာ ဒီပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆု၊ ဂိုးသွင်းအများဆုံးဆုနဲ့ ဂိုးဖန်တီးမှု အများဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။

ထူးခြားတိုက်ဆိုင်တာကတော့ မက်ဆီ ဟာ အာဂျင်တီးနားနဲ့အတူ ကိုပါအမေရိကဖလား ချန်ပီယံဆုကို ဇူလိုင် ၁၀ရက် မှာ ရရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ စီရော်နယ်ဒို ကလည်း လွန်ခဲ့တဲ့ ၅နှစ် ယူရို ၂၀၁၆ပြိုင်ပွဲမှာ ဇူလိုင် ၁၀ရက် မှာပဲ သူ့ရဲ့ ပေါ်တူဂီလက်ရွေးစင် ကစားသမားဘဝ ပထမဆုံးဆုဖလားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

စီရော်နယ်‌ဒို ဟာ ယူရို၂၀၁၆ ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ပြင်သစ်အသင်းကို အနိုင်ရပြီး ချန်ပီယံဆုဖလား ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲ့ပွဲမှာ သူဟာ ပြင်သစ်ကစားသမားပါရက်နဲ့ ထိခိုက်မိပြီး ဒူးဒဏ်ရာ၇သွားတဲ့ ပွဲကိုဆက်မကစားနိုင်တော့ဘဲ အသင်းကို ကွင်းဘေးစည်းကနေ အားမာန်အပြည့်နဲ့ အော်ဟစ်အားပေးခဲ့တဲ့ ပုံရိပ်တွေက မီဒီယာတွေမှာ ရေပန်းစားခဲ့ပါသေးတယ်။

နေရာတိုင်းမှာ ပြိုင်ဆိုင်မှုတွေပြင်းထန်ခဲ့တဲ့ သူတို့ GOAT ၂ဦးအတွက်တော့ နိုင်ငံတကာအောင်မြင်မှုကို ၁ရက ်ထဲမှာပဲ အရယူနိုင်ခဲ့တာဟာ တိုက်ဆိုင်လွန်းတယ်လို့ပဲ ပြောလို့ရမှာဖြစ်ပါတယ်။

သူတို့ ၂ဦးလုံးရဲ့လက်ရွေးစင် အသင်းတွေဟာ ဗိုလ်လုပွဲမှာ အိမ်ရှင်အသင်းတွေကို အနိုင်ရခဲ့တာကလည်း တိုက်ဆိုင်မှုတစ်ခုပါပဲ။ မက်ဆီ ရဲ့ဂျာစီနံပတ်၁၀၊ စီရော်နယ်ဒိုရဲ့ ဂျာစီနံပတ်၇ တို့ကိုပေါင်းပြီး ၁၀ရက် ၇လ ဆိုပြီးတော့လည်း ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ မက်ဆီ ဟာ လက်ရှိအချိန်မှာ ဘောလွန်းဒီအောဆုကို ၆ကြိမ် ရထားပြီး စီရော်နယ်ဒို က ၅ကြိမ် ရထားတာဖြစ်ပါတယ်။

သူတို့ ၂ဦး ဟာ ကလပ်အသင်းတွေနဲ့လည်း ဆုဖလားအများအပြားရယူထားတာပါ။ လက်ရှိအချိန်မှာ ရော်နယ်ဒို က ၃၆နှစ်၊ မက်ဆီ က ၃၄နှစ် ရှိပြီဖြစ်တာကြောင့် သူတို့ ၂ဦးရဲ့ ကစားသမားဘဝ ကုန်ဆုံးဖို့ နီးကပ်လာပြီလို့ ပြောနိုင်ပြီး လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကတော့ သူတို့ ၂ဦးလုံးအတွက် နောက်ဆုံး နိုင်ငံတကာပြိုင်ပွဲ ဖြစ်လာနိုင်ဖွယ်လည်း ရှိနေပါတယ်။

zawgyi

စီေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔ရဲ႕ အိမ္ရွင္ေတြကို အႏိုင္ယူတာခ်င္းတူၿပီး ခ်န္ပီယံဆုရရွိတဲ့ ေန႔ရက္

ကမာၻ႔အေကာင္းဆုံးဆုေပးပြဲ စင္ျမင့္ထက္မွာ ၁၅ႏွစ္နီးပါး ေအာင္ျမင္မႈေတြ တစ္လွည့္စီရထားတဲ့ စီေရာ္နယ္ဒို နဲ႔ မက္ဆီတို႔ ဟာ လက္ေ႐ြးစင္ အသင္းနဲ႔အတူ ေအာင္ျမင္မႈရခဲ့တဲ့ ရက္အခ်ိန္ဟာလည္း တူညီေနခဲ့ပါတယ္။

မက္ဆီဟာ ဒီမနက္ပိုင္းက အာဂ်င္တီးနား အသင္းနဲ႔ အတူ ကိုပါအေမရိကဖလားကို ရယူႏိုင္ခဲ့ပါတယ္။ မက္ဆီ အတြက္ေတာ့ လက္ေ႐ြးစင္ကစားသမားဘဝ ပထမဆုံးဆုတံဆိပ္အျဖစ္လည္း မွတ္တမ္းဝင္ခဲ့တာပါ။ မက္ဆီ ဟာ အာဂ်င္တီးနားအသင္းနဲ႔အတူ အိုလံပစ္ဆုကလြဲၿပီး အဓိကၿပိဳင္ပြဲႀကီး ဆုတံဆိပ္မရဘူးေသးတဲ့ မွတ္တမ္းဆိုးကို ေခ်ဖ်က္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ မက္ဆီ ဟာ ဒီၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးကစားသမားဆု၊ ဂိုးသြင္းအမ်ားဆုံးဆုနဲ႔ ဂိုးဖန္တီးမႈ အမ်ားဆုံးကစားသမားအျဖစ္လည္း မွတ္တမ္းဝင္ခဲ့တာပါ။

ထူးျခားတိုက္ဆိုင္တာကေတာ့ မက္ဆီ ဟာ အာဂ်င္တီးနားနဲ႔အတူ ကိုပါအေမရိကဖလား ခ်န္ပီယံဆုကို ဇူလိုင္ ၁၀ရက္ မွာ ရရွိခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ၿပိဳင္ဘက္ျဖစ္တဲ့ စီေရာ္နယ္ဒို ကလည္း လြန္ခဲ့တဲ့ ၅ႏွစ္ ယူ႐ို ၂၀၁၆ၿပိဳင္ပြဲမွာ ဇူလိုင္ ၁၀ရက္ မွာပဲ သူ႔ရဲ႕ ေပၚတူဂီလက္ေ႐ြးစင္ ကစားသမားဘဝ ပထမဆုံးဆုဖလားကို ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

စီေရာ္နယ္‌ဒို ဟာ ယူ႐ို၂၀၁၆ ၿပိဳင္ပြဲ ဗိုလ္လုပြဲမွာ ျပင္သစ္အသင္းကို အႏိုင္ရၿပီး ခ်န္ပီယံဆုဖလား ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အဲ့ပြဲမွာ သူဟာ ျပင္သစ္ကစားသမားပါရက္နဲ႔ ထိခိုက္မိၿပီး ဒူးဒဏ္ရာ၇သြားတဲ့ ပြဲကိုဆက္မကစားႏိုင္ေတာ့ဘဲ အသင္းကို ကြင္းေဘးစည္းကေန အားမာန္အျပည့္နဲ႔ ေအာ္ဟစ္အားေပးခဲ့တဲ့ ပုံရိပ္ေတြက မီဒီယာေတြမွာ ေရပန္းစားခဲ့ပါေသးတယ္။

ေနရာတိုင္းမွာ ၿပိဳင္ဆိုင္မႈေတြျပင္းထန္ခဲ့တဲ့ သူတို႔ GOAT ၂ဦးအတြက္ေတာ့ ႏိုင္ငံတကာေအာင္ျမင္မႈကို ၁ရက ္ထဲမွာပဲ အရယူႏိုင္ခဲ့တာဟာ တိုက္ဆိုင္လြန္းတယ္လို႔ပဲ ေျပာလို႔ရမွာျဖစ္ပါတယ္။

သူတို႔ ၂ဦးလုံးရဲ႕လက္ေ႐ြးစင္ အသင္းေတြဟာ ဗိုလ္လုပြဲမွာ အိမ္ရွင္အသင္းေတြကို အႏိုင္ရခဲ့တာကလည္း တိုက္ဆိုင္မႈတစ္ခုပါပဲ။ မက္ဆီ ရဲ႕ဂ်ာစီနံပတ္၁၀၊ စီေရာ္နယ္ဒိုရဲ႕ ဂ်ာစီနံပတ္၇ တို႔ကိုေပါင္းၿပီး ၁၀ရက္ ၇လ ဆိုၿပီးေတာ့လည္း ဆိုရွယ္မီဒီယာေတြမွာ ေဖာ္ျပထားပါတယ္။ မက္ဆီ ဟာ လက္ရွိအခ်ိန္မွာ ေဘာလြန္းဒီေအာဆုကို ၆ႀကိမ္ ရထားၿပီး စီေရာ္နယ္ဒို က ၅ႀကိမ္ ရထားတာျဖစ္ပါတယ္။

သူတို႔ ၂ဦး ဟာ ကလပ္အသင္းေတြနဲ႔လည္း ဆုဖလားအမ်ားအျပားရယူထားတာပါ။ လက္ရွိအခ်ိန္မွာ ေရာ္နယ္ဒို က ၃၆ႏွစ္၊ မက္ဆီ က ၃၄ႏွစ္ ရွိၿပီျဖစ္တာေၾကာင့္ သူတို႔ ၂ဦးရဲ႕ ကစားသမားဘဝ ကုန္ဆုံးဖို႔ နီးကပ္လာၿပီလို႔ ေျပာႏိုင္ၿပီး လာမယ့္ ၂၀၂၂ ကမာၻ႔ဖလား ၿပိဳင္ပြဲကေတာ့ သူတို႔ ၂ဦးလုံးအတြက္ ေနာက္ဆုံး ႏိုင္ငံတကာၿပိဳင္ပြဲ ျဖစ္လာႏိုင္ဖြယ္လည္း ရွိေနပါတယ္။