အင်္ဂလန်ကွင်းမှာ ကစားရမှာကို ကြောက်ရွံ့ခြင်းမရှိဘူးလို့ ဘိုနူချီ ပြော

အီတလီ ဝါရင့်နောက်ခံလူ ဘိုနူချီ က ယူရို ၂၀၂၀ ဗိုလ်လုပွဲကို အိမ်ရှင်ပရိသတ်တွေနဲ့ပြည့်နေမယ့် ဝင်ဘလေကွင်းကြီးထဲမှာ ကစားရမှာနဲ့ပတ်သက်ပြီး သူတို့အနေနဲ့ ကြောက်ရွံ့နေမှာမဟုတ်ဘူးလို့ အသိပေးပြောကြား လိုက်ပါတယ်။

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲတလျှောက် ကစားခဲ့ရတဲ့ ၆ ပွဲအနက် ၅ ပွဲကို ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ၄ ပွဲနိုင် ၁ ပွဲသရေရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။
အီတလီ နဲ့ ကစားရမယ့် ဗိုလ်လုပွဲကိုလည်း ကိုယ့်အသင်းပရိသတ်တွေရဲ့ ရှေ့မှောက်ဖြစ်တဲ့
ဝင်ဘလေကွင်းမှာ ထပ်မံကစားရမှာဖြစ်တာကြောင့် အနည်းငယ်အသာစီးရနေတယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

အဲ့ဒီ သုံးသပ်ချက်တွေနဲ့ ပတ်သက်ပြီး ဘိုနူချီ က “ သူတို့အိမ်ကွင်းရှေ့မှောက်မှာ အင်္ဂလန်နဲ့ ရင်ဆိုင်ကစားရခြင်းကို ကျွန်တော်တို့ နည်းနည်းလေးမှ မကြောက်ရွံ့ပါဘူး။

လာမယ့် တနင်္ဂနွေနေ့မှာ ချန်ပီယံဖြစ်နိုင်တဲ့ အခွင့်အရေးကို ကျွန်တော်တို့ အမိအရဖမ်းဆုပ်နိုင်ခဲ့ရင် အဲ့ဒီအောင်ပွဲက အီတလီ ဘောလုံးလောကအတွက် အရမ်းအရေးပါသွားမှာပါ။
ဘာကြောင့်လဲဆိုတော့ ဒီနှစ်ပိုင်းတွေမှာ အီတလီ ဘောလုံးလောက က အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရလို့ပါ “ လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် အင်္ဂလန်အသင်းရဲ့ အားကောင်းတဲ့ တိုက်စစ်ပိုင်းနဲ့ ပတ်သက်ပြီးတော့ ဘိုနူချီ က

“ သူတို့အသင်းဟာ အလွန်ကောင်းမွန်တဲ့ ရှေ့တန်းကစားသမားတွေ အများကြီးကို ပိုင်ဆိုင်ထားပါတယ်။
ကျွန်တော်တို့အနေနဲ့ ခံစစ်ကို အသေးစိတ်ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

သူတို့ကစားသမားတွေရဲ့ အမြန်နှုန်းက ကျွန်တော်တို့ကို ကောင်းကောင်း ဒုက္ခပေးနိုင်တယ်ဆိုတာကို သိတာကြောင့် ဂရုတစိုက်နဲ့ ယှဉ်ပြိုင်သွားမှာပါ “ လို့ ဗီဒီယိုကနေတဆင့်ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲကို ဗီဒီယိုကနေပဲလုပ်ခဲ့ရတဲ့ အကြောင်းကတော့ သတင်းစာရှင်းလင်းပွဲကို တာဝန်ယူထားတဲ့ ဝန်ထမ်းတယောက် ကိုဗစ် ရောဂါပိုးကူးစက်ခံခဲ့ရတာကြောင့်ဖြစ်ပါတယ်။
အီတလီအသင်းရဲ့ ဝန်ထမ်းတချို့လည်း ကိုဗစ်ကူးစက်ခံခဲ့ရတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဒါပေမဲ့ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေကတော့ သံသယရှိတဲ့ဘယ်လူနာနဲ့မှ တိုက်ရိုက်ထိတွေ့မှုမရှိခဲ့ဘူးလို့ အီတလီ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

Zawgyi

အဂၤလန္ကြင္းမွာ ကစားရမွာကို ေၾကာက္႐ြံ႕ျခင္းမရွိဘူးလို႔ ဘိုႏူခ်ီ ေျပာ

အီတလီ ဝါရင့္ေနာက္ခံလူ ဘိုႏူခ်ီ က ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲကို အိမ္ရွင္ပရိသတ္ေတြနဲ႔ျပည့္ေနမယ့္ ဝင္ဘေလကြင္းႀကီးထဲမွာ ကစားရမွာနဲ႔ပတ္သက္ၿပီး သူတို႔အေနနဲ႔ ေၾကာက္႐ြံ႕ေနမွာမဟုတ္ဘူးလို႔ အသိေပးေျပာၾကား လိုက္ပါတယ္။

အဂၤလန္အသင္းဟာ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲတေလွ်ာက္ ကစားခဲ့ရတဲ့ ၆ ပြဲအနက္ ၅ ပြဲကို ဝင္ဘေလကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ၄ ပြဲႏိုင္ ၁ ပြဲသေရရလဒ္ကို ပိုင္ဆိုင္ထားပါတယ္။

အီတလီ နဲ႔ ကစားရမယ့္ ဗိုလ္လုပြဲကိုလည္း ကိုယ့္အသင္းပရိသတ္ေတြရဲ႕ ေရွ႕ေမွာက္ျဖစ္တဲ့
ဝင္ဘေလကြင္းမွာ ထပ္မံကစားရမွာျဖစ္တာေၾကာင့္ အနည္းငယ္အသာစီးရေနတယ္လို႔ သုံးသပ္မႈေတြရွိေနပါတယ္။

အဲ့ဒီ သုံးသပ္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး ဘိုႏူခ်ီ က “ သူတို႔အိမ္ကြင္းေရွ႕ေမွာက္မွာ အဂၤလန္နဲ႔ ရင္ဆိုင္ကစားရျခင္းကို ကြၽန္ေတာ္တို႔ နည္းနည္းေလးမွ မေၾကာက္႐ြံ႕ပါဘူး။

လာမယ့္ တနဂၤေႏြေန႔မွာ ခ်န္ပီယံျဖစ္ႏိုင္တဲ့ အခြင့္အေရးကို ကြၽန္ေတာ္တို႔ အမိအရဖမ္းဆုပ္ႏိုင္ခဲ့ရင္ အဲ့ဒီေအာင္ပြဲက အီတလီ ေဘာလုံးေလာကအတြက္ အရမ္းအေရးပါသြားမွာပါ။
ဘာေၾကာင့္လဲဆိုေတာ့ ဒီႏွစ္ပိုင္းေတြမွာ အီတလီ ေဘာလုံးေလာက က အခက္အခဲေတြနဲ႔ ႀကဳံေတြ႕ခဲ့ရလို႔ပါ “ လို႔ ေျပာခဲ့ပါတယ္။

ဒါ့အျပင္ အဂၤလန္အသင္းရဲ႕ အားေကာင္းတဲ့ တိုက္စစ္ပိုင္းနဲ႔ ပတ္သက္ၿပီးေတာ့ ဘိုႏူခ်ီ က “ သူတို႔အသင္းဟာ အလြန္ေကာင္းမြန္တဲ့ ေရွ႕တန္းကစားသမားေတြ အမ်ားႀကီးကို ပိုင္ဆိုင္ထားပါတယ္။
ကြၽန္ေတာ္တို႔အေနနဲ႔ ခံစစ္ကို အေသးစိတ္ဂ႐ုစိုက္ဖို႔ လိုအပ္ပါတယ္။

သူတို႔ကစားသမားေတြရဲ႕ အျမန္ႏႈန္းက ကြၽန္ေတာ္တို႔ကို ေကာင္းေကာင္း ဒုကၡေပးႏိုင္တယ္ဆိုတာကို သိတာေၾကာင့္ ဂ႐ုတစိုက္နဲ႔ ယွဥ္ၿပိဳင္သြားမွာပါ “ လို႔ ဗီဒီယိုကေနတဆင့္ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

သတင္းစာရွင္းလင္းပြဲကို ဗီဒီယိုကေနပဲလုပ္ခဲ့ရတဲ့ အေၾကာင္းကေတာ့ သတင္းစာရွင္းလင္းပြဲကို တာဝန္ယူထားတဲ့ ဝန္ထမ္းတေယာက္ ကိုဗစ္ ေရာဂါပိုးကူးစက္ခံခဲ့ရတာေၾကာင့္ျဖစ္ပါတယ္။
အီတလီအသင္းရဲ႕ ဝန္ထမ္းတခ်ိဳ႕လည္း ကိုဗစ္ကူးစက္ခံခဲ့ရတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။

ဒါေပမဲ့ ကစားသမားေတြနဲ႔ နည္းျပအဖြဲ႕ဝင္ေတြကေတာ့ သံသယရွိတဲ့ဘယ္လူနာနဲ႔မွ တိုက္႐ိုက္ထိေတြ႕မႈမရွိခဲ့ဘူးလို႔ အီတလီ ေဘာလုံးအဖြဲ႕ခ်ဳပ္က သတင္းထုတ္ျပန္ထားပါတယ္။