ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးစားလာတဲ့ မန်ယူ

Football Insider သတင်းက မန်ယူအသင်းဟာ စပါး နဲ့ အင်္ဂလန် တိုက်စစ်မှုး ဟယ်ရီကိန်းကို ခေါ်ယူဖို့ အသင်းရဲ့ အဓိက ကစားသမား (၂) ဦးကို အလိုက်ပေးပြီး ပေါင် သန်း (၁၀၀)နဲ့ ကမ်းလှမ်းဖို့ ကြိုးစားနေတယ်လို့ အခိုင်အမာ ဖော်ပြခဲ့တာပါ။ ပရီးမီးယားလိဂ် အသင်းကြီး မန်ယူအသင်းဟာ တိုက်စစ်မှုး ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့အတွက် အများကြီး အသုံးပြုချင်နေပြီး မကြာသေးခင်က စပါးအသင်းနဲ့ အပြောင်းအရွှေ့ ကိစ္စ အကြောင်းကို ဆွေးနွေးခဲ့တယ်လို့ သတင်း ထွက်နေပါတယ်။

တစ်လောက အပြောင်းရွှေ့ ကိစ္စ ဆွေးနွေးကြတဲ့ အချိန်မှာတော့ စပါးအသင်းက မန်ယူအသင်းကို တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ အားပေးခဲ့တယ်လို့ သတင်းထွက်နေပြီး လက်ရှိမှာကတော့ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ပို နီးစပ်လာပါပြီ။ စပါးအသင်းဟာ သူတို့ရဲ့ ကြယ်ပွင့် ဟယ်ရီကိန်းကို မရောင်းဘူးလို့ တရားဝင် ဖော်ပြခဲ့ပေမယ့် ပေါင်သန်း (၁၅၀) နဲ့ ဆိုရင် ရောင်းချနိုင်တယ်လို့ တိတ်တဆိတ် ဖော်ပြခဲ့တယ်လို့ Football Insider က အတွင်း သတင်းတွေကို ဖော်ထုတ်ခဲ့ပါတယ်။

စပါးအသင်းဟာ မန်ယူအသင်းအနေနဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူချင်တယ်ဆိုရင် မန်ယူအသင်းရဲ့ အဓိက ကစားသမား (၂) ယောက်ကို အလိုက်ပေးပြီး ပေါင် သန်း (၁၀၀) နဲ့ပါ ခေါ်ယူဖို့ တောင်းဆိုခဲ့တယ်လို့ သတင်း ထွက်နေပါတယ်။ စပါးအသင်းဟာ အသင်းရဲ့အကြီးအကဲတွေမှာ အချို့ လူတွေ အပြောင်းအလဲ ဖြစ်ခဲ့တာကြောင့် မန်ယူအသင်းအနေနဲ့ တိုက်စစ်မှုး ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့ မျှော်လင့်ချက် ပို များလာတယ်လို့လည်း Football Insider က ဖော်ပြသွားတာပါ။

မန်ယူအသင်းဟာ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ မန်စီးတီး၊ ချဲလ်ဆီးတို့နဲ့ ပြိုင်ဆိုင်နေရပြီး ကစားသမား (၂) ဦး အပါအဝင် ပေါင် သန်း (၁၀၀) ကိုပါ ပေးရင် ဦးယူနိုင်တယ်လို့ BBC ကလည်း ဖော်ပြပါတယ်။

တိုက်စစ်မှုး ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ ဧပြီလ (၉) ရက်နေ့က နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ စပါးအသင်းက ထွက်သွားချင်တယ်လို့ ပြောခဲ့ပြီး လက်ရှိမှာတော့ မန်ယူအသင်းက သူ့ကို ခေါ်ယူဖို့ အလားအလာ အများဆုံး အသင်း ဖြစ်ပါတယ်။

zawgyi

ဟယ္ရီကိန္းကို ေခၚယူဖို႔ ႀကိဳးစားလာတဲ့ မန္ယူ

Football Insider သတင္းက မန္ယူအသင္းဟာ စပါး နဲ႔ အဂၤလန္ တိုက္စစ္မႈး ဟယ္ရီကိန္းကို ေခၚယူဖို႔ အသင္းရဲ႕ အဓိက ကစားသမား (၂) ဦးကို အလိုက္ေပးၿပီး ေပါင္ သန္း (၁၀၀)နဲ႔ ကမ္းလွမ္းဖို႔ ႀကိဳးစားေနတယ္လို႔ အခိုင္အမာ ေဖာ္ျပခဲ့တာပါ။

ပရီးမီးယားလိဂ္ အသင္းႀကီး မန္ယူအသင္းဟာ တိုက္စစ္မႈး ဟယ္ရီကိန္းကို ေခၚယူႏိုင္ဖို႔အတြက္ အမ်ားႀကီး အသုံးျပဳခ်င္ေနၿပီး မၾကာေသးခင္က စပါးအသင္းနဲ႔ အေျပာင္းအေ႐ႊ႕ ကိစၥ အေၾကာင္းကို ေဆြးေႏြးခဲ့တယ္လို႔ သတင္း ထြက္ေနပါတယ္။

တစ္ေလာက အေျပာင္းေ႐ႊ႕ ကိစၥ ေဆြးေႏြးၾကတဲ့ အခ်ိန္မွာေတာ့ စပါးအသင္းက မန္ယူအသင္းကို တိုက္စစ္မႉး ဟယ္ရီကိန္းကို ေခၚယူဖို႔ အားေပးခဲ့တယ္လို႔ သတင္းထြက္ေနၿပီး လက္ရွိမွာကေတာ့ အေျပာင္းအေ႐ႊ႕ ျဖစ္ေျမာက္ဖို႔ ပို နီးစပ္လာပါၿပီ။

စပါးအသင္းဟာ သူတို႔ရဲ႕ ၾကယ္ပြင့္ ဟယ္ရီကိန္းကို မေရာင္းဘူးလို႔ တရားဝင္ ေဖာ္ျပခဲ့ေပမယ့္ ေပါင္သန္း (၁၅၀) နဲ႔ ဆိုရင္ ေရာင္းခ်ႏိုင္တယ္လို႔ တိတ္တဆိတ္ ေဖာ္ျပခဲ့တယ္လို႔ Football Insider က အတြင္း သတင္းေတြကို ေဖာ္ထုတ္ခဲ့ပါတယ္။

စပါးအသင္းဟာ မန္ယူအသင္းအေနနဲ႔ တိုက္စစ္မႉး ဟယ္ရီကိန္းကို ေခၚယူခ်င္တယ္ဆိုရင္ မန္ယူအသင္းရဲ႕ အဓိက ကစားသမား (၂) ေယာက္ကို အလိုက္ေပးၿပီး ေပါင္ သန္း (၁၀၀) နဲ႔ပါ ေခၚယူဖို႔ ေတာင္းဆိုခဲ့တယ္လို႔ သတင္း ထြက္ေနပါတယ္။

စပါးအသင္းဟာ အသင္းရဲ႕အႀကီးအကဲေတြမွာ အခ်ိဳ႕ လူေတြ အေျပာင္းအလဲ ျဖစ္ခဲ့တာေၾကာင့္ မန္ယူအသင္းအေနနဲ႔ တိုက္စစ္မႈး ဟယ္ရီကိန္းကို ေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ ပို မ်ားလာတယ္လို႔လည္း Football Insider က ေဖာ္ျပသြားတာပါ။

မန္ယူအသင္းဟာ ဟယ္ရီကိန္းကို ေခၚယူဖို႔ ပရီးမီးယားလိဂ္ ၿပိဳင္ဘက္ေတြ ျဖစ္ၾကတဲ့ မန္စီးတီး၊ ခ်ဲလ္ဆီးတို႔နဲ႔ ၿပိဳင္ဆိုင္ေနရၿပီး ကစားသမား (၂) ဦး အပါအဝင္ ေပါင္ သန္း (၁၀၀) ကိုပါ ေပးရင္ ဦးယူႏိုင္တယ္လို႔ BBC ကလည္း ေဖာ္ျပပါတယ္။

တိုက္စစ္မႈး ဟယ္ရီကိန္းဟာ ၿပီးခဲ့တဲ့ ဧၿပီလ (၉) ရက္ေန႔က ေႏြရာသီ အေျပာင္းအေ႐ႊ႕ အတြင္းမွာ စပါးအသင္းက ထြက္သြားခ်င္တယ္လို႔ ေျပာခဲ့ၿပီး လက္ရွိမွာေတာ့ မန္ယူအသင္းက သူ႔ကို ေခၚယူဖို႔ အလားအလာ အမ်ားဆုံး အသင္း ျဖစ္ပါတယ္။