ရော်နယ်ကိုးမန်း မက်ဆီကို စာချုပ်သစ်မချုပ်နိုင်တော့မှာ စိုးရိမ်နေ

ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ရော်နယ်ကိုးမန်း က အသင်းရဲ့မရှိမဖြစ်ကစားသမား လီယွန်နယ် မက်ဆီ ကို စာချုပ်သစ် ဆက်မချုပ်နိုင်တော့မှာကို စတင်စိုးရိမ်မိနေပြီလို့ ဖွင့်ဟဝန်ခံလိုက်ပါတယ်။

ဘာစီလိုနာ ရဲ့ ဂန္တဝင်ကစားသမားတဦးဖြစ်နေပြီဖြစ်တဲ့ မက်ဆီ ဟာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ထဲက အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့တာပါ။ လက်ရှိအချိန်မှာ ကိုပါအမေရိကပြိုင်ပွဲကိုသာ မက်ဆီ ကအဓိကအာရုံစိုက်ထားတာကြောင့် စာချုပ်သစ်အတွက် ဘာစီလိုနာ နဲ့ ဆွေးနွေးမှုတွေကို လုံးဝရပ်တန့်ထားပါတယ်။

ဒါပေမဲ့ ဘဏ္ဍာရေးပြဿနာကြုံနေရတဲ့ ဘာစီလိုနာ က မက်ဆီ ရဲ့ လစာငွေကိုပေးချေနိုင်ဖို့အခက်အခဲတွေရှိနေတာကြောင့် စာချုပ်သစ်ကိစ္စဟာ အခုထိဝေဝါးနေပါသေးတယ်။ အဲ့ဒါနဲ့ ပက်သက်ပြီး နည်းပြဖြစ်သူ ကိုးမန်း က “ ဒီကိစ္စကို ကျွန်တော်တို့ရဲ့ ဥက္ကဌဖြစ်သူ အကောင်းဆုံးဖြေရှင်းနိုင်မယ်လို့တော့ ယုံကြည်ပါတယ်။ ဒါပေမဲ့ အခုထိ ဖြေရှင်းလို့မရသေးတော့ ကျွန်တော့်အနေနဲ့ နည်းနည်းတော့ စိုးရိမ်မိလာပါတယ်။ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်တဲ့ မက်ဆီ ကို အသင်းမှာဆက်ထိန်းထားနိုင်ဖို့ဟာ ဘာစီလိုနာအတွက်ရော လာလီဂါပြိုင်ပွဲအတွက်ပါ အရမ်းအရေးကြီးပါတယ် “

“ မက်ဆီ အသင်းမှာဆက်ရှိအောင် ဘာစီလိုနာ မှာ ရှိတဲ့သူတွေအားလုံးကြိုးစားကြရမှာပါ။ လူတိုင်း ကိုယ်တာဝန်ယူထားတဲ့အပိုင်းကို ကျေပွန်အောင်လုပ်ဆောင်ရမှာပါ။ မနေ့ကတော့ ဥက္ကဌဖြစ်သူ လာပေါ်တာ က ဒီကိစ္စနဲ့ပက်သက်ပြီး သိပ်ပြီးစိတ်မလှုပ်ရှားဖို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်။ သူတို့အနေနဲ့ မက်ဆီ ကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ အစွမ်းကုန်လုပ်နေပြီး အောင်မြင်မယ်လို့လည်း ယုံကြည်တယ်လို့ ပြောပါတယ် “ လို့ ဖွင့်ဟဝန်ခံခဲ့ပါတယ်။

ကိုးမန်း ဟာ မနှစ်ကရာသီကမှ ဘာစီလိုနာကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး အောင်မြင်မှုအဖြစ် စပိန်ဘုရင့်ဖလားတလုံးသာ ရရှိထားပါတယ်။ အဖက်ဖက်က ကျဆင်းနေတဲ့ ဘာစီလိုနာရဲ့ ပုံရိပ်ကို ပြန်လည်ဆယ်နိုင်ဖို့ ကိုးမန်း အနေနဲ့ လာမယ့်ရာသီမှာ အသင်းကို မြေလှန်ပြီးပြန်လည်တည်ဆောက်ရမှာပါ။ အဲ့ဒီခရီးကြမ်းကို မက်ဆီ ရဲ့အကူအညီမပါပဲနဲ့ လျှောက်လမ်းရတော့မှာလားဆိုပြီး ကိုးမန်း စိုးရိမ်နေတာဟာ သဘာဝကျတယ်လို့ပဲ ဆိုရတော့မှာပါ။

zawgyi

ေရာ္နယ္ ကိုးမန္း မက္ဆီ ကို စာခ်ဳပ္သစ္မခ်ဳပ္ႏိုင္ေတာ့မွာ စိုးရိမ္ေန

ဘာစီလိုနာအသင္းရဲ႕ နည္းျပျဖစ္သူ ေရာ္နယ္ကိုးမန္း က အသင္းရဲ႕မရွိမျဖစ္ကစားသမား လီယြန္နယ္ မက္ဆီ ကို စာခ်ဳပ္သစ္ ဆက္မခ်ဳပ္ႏိုင္ေတာ့မွာကို စတင္စိုးရိမ္မိေနၿပီလို႔ ဖြင့္ဟဝန္ခံလိုက္ပါတယ္။

ဘာစီလိုနာ ရဲ႕ ဂႏၲဝင္ကစားသမားတဦးျဖစ္ေနၿပီျဖစ္တဲ့ မက္ဆီ ဟာ ၿပီးခဲ့တဲ့ ဇြန္လ ၃၀ ရက္ေန႔ထဲက အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးသြားခဲ့တာပါ။ လက္ရွိအခ်ိန္မွာ ကိုပါအေမရိကၿပိဳင္ပြဲကိုသာ မက္ဆီ ကအဓိကအာ႐ုံစိုက္ထားတာေၾကာင့္ စာခ်ဳပ္သစ္အတြက္ ဘာစီလိုနာ နဲ႔ ေဆြးေႏြးမႈေတြကို လုံးဝရပ္တန္႔ထားပါတယ္။

ဒါေပမဲ့ ဘ႑ာေရးျပႆနာႀကဳံေနရတဲ့ ဘာစီလိုနာ က မက္ဆီ ရဲ႕ လစာေငြကိုေပးေခ်ႏိုင္ဖို႔အခက္အခဲေတြရွိေနတာေၾကာင့္ စာခ်ဳပ္သစ္ကိစၥဟာ အခုထိေဝဝါးေနပါေသးတယ္။ အဲ့ဒါနဲ႔ ပက္သက္ၿပီး နည္းျပျဖစ္သူ ကိုးမန္း က “ ဒီကိစၥကို ကြၽန္ေတာ္တို႔ရဲ႕ ဥကၠဌျဖစ္သူ အေကာင္းဆုံးေျဖရွင္းႏိုင္မယ္လို႔ေတာ့ ယုံၾကည္ပါတယ္။ ဒါေပမဲ့ အခုထိ ေျဖရွင္းလို႔မရေသးေတာ့ ကြၽန္ေတာ့္အေနနဲ႔ နည္းနည္းေတာ့ စိုးရိမ္မိလာပါတယ္။ ကမာၻ႔အေကာင္းဆုံးကစားသမားျဖစ္တဲ့ မက္ဆီ ကို အသင္းမွာဆက္ထိန္းထားႏိုင္ဖို႔ဟာ ဘာစီလိုနာအတြက္ေရာ လာလီဂါၿပိဳင္ပြဲအတြက္ပါ အရမ္းအေရးႀကီးပါတယ္ “

“ မက္ဆီ အသင္းမွာဆက္ရွိေအာင္ ဘာစီလိုနာ မွာ ရွိတဲ့သူေတြအားလုံးႀကိဳးစားၾကရမွာပါ။ လူတိုင္း ကိုယ္တာဝန္ယူထားတဲ့အပိုင္းကို ေက်ပြန္ေအာင္လုပ္ေဆာင္ရမွာပါ။ မေန႔ကေတာ့ ဥကၠဌျဖစ္သူ လာေပၚတာ က ဒီကိစၥနဲ႔ပက္သက္ၿပီး သိပ္ၿပီးစိတ္မလႈပ္ရွားဖို႔ ကြၽန္ေတာ့္ကို ေျပာခဲ့ပါတယ္။ သူတို႔အေနနဲ႔ မက္ဆီ ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ဖို႔ အစြမ္းကုန္လုပ္ေနၿပီး ေအာင္ျမင္မယ္လို႔လည္း ယုံၾကည္တယ္လို႔ ေျပာပါတယ္ “ လို႔ ဖြင့္ဟဝန္ခံခဲ့ပါတယ္။

ကိုးမန္း ဟာ မႏွစ္ကရာသီကမွ ဘာစီလိုနာကို စတင္ကိုင္တြယ္ခဲ့တာျဖစ္ၿပီး ေအာင္ျမင္မႈအျဖစ္ စပိန္ဘုရင့္ဖလားတလုံးသာ ရရွိထားပါတယ္။ အဖက္ဖက္က က်ဆင္းေနတဲ့ ဘာစီလိုနာရဲ႕ ပုံရိပ္ကို ျပန္လည္ဆယ္ႏိုင္ဖို႔ ကိုးမန္း အေနနဲ႔ လာမယ့္ရာသီမွာ အသင္းကို ေျမလွန္ၿပီးျပန္လည္တည္ေဆာက္ရမွာပါ။ အဲ့ဒီခရီးၾကမ္းကို မက္ဆီ ရဲ႕အကူအညီမပါပဲနဲ႔ ေလွ်ာက္လမ္းရေတာ့မွာလားဆိုၿပီး ကိုးမန္း စိုးရိမ္ေနတာဟာ သဘာဝက်တယ္လို႔ပဲ ဆိုရေတာ့မွာပါ။