ရာသီကြို ပွဲစဉ်တေွနဲ့ ကစားသမား (၄) ဦးရဲ့ အနာဂတ်က မရေမရာ ဖြစ်နေတဲ့ မန်ယူ

မန်ယူအသင်းဟာ လာမယ့် ဇူလိုင် (၁၈) ရက်နေ့မှာ ရာသီကြို ခြေစမ်းပွဲ အဖြစ် ဒါဘီကောင်တီအသင်းနဲ့ ကစားရတော့မှာ ဖြစ်ပြီး အားလပ်ရက်ကနေ ပြန်လာကြမယ့် အချို့ ကစားသမားတွေရဲ့ အနာဂတ်ကလည်းပဲ မရေမရာ ဖြစ်နေပါတယ်။

မန်ယူ ကစားသမားတွေကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲပြီးဆုံးပြီးနောက် ကာလရှည် အားလပ်ရက် ရခဲ့ကြပြီး လာမယ့် တနင်္လာနေ့မှာတော့ ရာသီကြို ခြေစမ်းပွဲစဉ်ကို ပြင်ဆင်ဖို့အတွက် အားလပ်ရက်ကနေ ပြန်လာကြရတော့မယ်လို့ သိရှိ ရပါတယ်။

ဒါပေမယ့် လက်ရှိ ယူရို ပြိုင်ပွဲမှာ ကစားနေကြတဲ့ ရက်ချ်ဖို့ဒ်၊ မက်ဂွိုင်းယား နဲ့ ဆန်ချိုတို့တွေတော့ ပြိုင်ပွဲပြီးမှသာ မန်ယူအသင်းကို ပြန်လာနိုင်မှာ ဖြစ်ပြီး ကျန်တဲ့ ကစားသမားတွေက လာမယ့် တနင်္လာနေ့မှာ မန်ယူအသင်းကို ပြန်လာကြမှာပါ။

ဘယ်နည်းပြပဲ ဖြစ်ဖြစ် ရာသီကြို ခြေစမ်းပွဲမှာ အရန် ကစားသမားတွေကိုသာ ပိုမို အသုံးပြုတဲ့ အတွက်ကြောင့် အချို့ ကစားသမားတွေအနေနဲ့ ရာသီကြို ခြေစမ်းပွဲစဉ်တွေမှာ သူတို့ရဲ့ တန်ဖိုး နဲ့ အရည်အချင်းတွေကို ပြသဖို့ အခွင့်ကောင်းပါပဲ။

အားလပ်ရက်ကနေ ပြန်လာကြမယ့် သူတွေထဲမှာ ဂိုးသမား ဒီဂီယာ၊ တိုက်စစ်မှူး မာရှယ်၊ ကွင်းလယ် ကစားသမား ဗန်ဒီဘီ နဲ့ နောက်ခံလူ လင်ဒီလော့ပ် စတဲ့ သူတို့ (၄) ဦးတို့ရဲ့ အနာဂတ်ကတော့ မန်ယူအသင်းမှာ မရေရာဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ရာသီမှာ ဟန်ဒါဆန်က လက်စွမ်းပြခဲ့လို့ ဒီဂီယာက ဘေးရောက်လာပြီး၊ ဆန်ချိုက မန်ယူ ရောက်လာတာက မာရှယ်အတွက် သတင်းဆိုး ဖြနေပြီး၊ ဗန်ဒီဘီက ပေါင် (၃၅) သန်းနဲ့ ရောက်လာပေမယ့် အလုပ်မဖြစ်ခဲ့သလို၊ နည်းပြ ဆိုးလ်ရှားက ဗဟိုခံစစ်မှုးကို ခေါ်ယူချင်နေတာကလည်းပဲ နောက်ခံလူ လင်ဒီလော့ပ်ကို စိတ်ပူနေစေမှာပါပဲ။

မန်ယူအသင်းဟာ ရှေ့လာမယ့်(၈) ရက်အကြာမှာရာသီကြို ခြေစမ်းပွဲ စတင်တော့မှာကြောင့် နိုင်ငံ့ လက်ရွေးစင်အသင်းအတွက် တာဝန်မထမ်းဆောင်ရတော့တဲ့ အသင်းရဲ့ ကစားသမားတွေအနေနဲ့ ရာသီကြိုပွဲစဉ်ကို ပြင်ဆင်ဖို့ လာမယ့် တနင်္လာနေ့မှာ အသင်းကို ရောက်လာရပါမယ်။

မန်ယူအသင်းဟာ ရာသီကြို ပွဲစဉ် အဖြစ် ဒါဘီကောင်တီအသင်း၊ ကျူပီအာအသင်း၊ ဘရန်ဖို့ဒ်အသင်း၊ အဲဗာတန်အသင်းတို့နဲ့ ကစားရမှာ ဖြစ်ပြီး ရာသီကြို ပွဲစဉ်မှာ လူငယ်ကစားသမားတွေ နဲ့ အရန်တွေရဲ့ စွမ်းဆောင်ရည်ကို ပို မြင်ရပါမယ်။

 

Zawgyi

ရာသီႀကိဳ ပြဲစဥ္ေတြနဲ႔ ကစားသမား (၄) ဦးရဲ႕ အနာဂတ္က မေရမရာ ျဖစ္ေနတဲ့ မန္ယူ

မန္ယူအသင္းဟာ လာမယ့္ ဇူလိုင္ (၁၈) ရက္ေန႔မွာ ရာသီႀကိဳ ေျခစမ္းပြဲ အျဖစ္ ဒါဘီေကာင္တီအသင္းနဲ႔ ကစားရေတာ့မွာ ျဖစ္ၿပီး အားလပ္ရက္ကေန ျပန္လာၾကမယ့္ အခ်ိဳ႕ ကစားသမားေတြရဲ႕ အနာဂတ္ကလည္းပဲ မေရမရာ ျဖစ္ေနပါတယ္။

မန္ယူ ကစားသမားေတြကေတာ့ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲၿပီးဆုံးၿပီးေနာက္ ကာလရွည္ အားလပ္ရက္ ရခဲ့ၾကၿပီး လာမယ့္ တနလၤာေန႔မွာေတာ့ ရာသီႀကိဳ ေျခစမ္းပြဲစဥ္ကို ျပင္ဆင္ဖို႔အတြက္ အားလပ္ရက္ကေန ျပန္လာၾကရေတာ့မယ္လို႔ သိရွိ ရပါတယ္။

ဒါေပမယ့္ လက္ရွိ ယူ႐ို ၿပိဳင္ပြဲမွာ ကစားေနၾကတဲ့ ရက္ခ်္ဖို႔ဒ္၊ မက္ဂြိဳင္းယား နဲ႔ ဆန္ခ်ိဳတို႔ေတြေတာ့ ၿပိဳင္ပြဲၿပီးမွသာ မန္ယူအသင္းကို ျပန္လာႏိုင္မွာ ျဖစ္ၿပီး က်န္တဲ့ ကစားသမားေတြက လာမယ့္ တနလၤာေန႔မွာ မန္ယူအသင္းကို ျပန္လာၾကမွာပါ။

ဘယ္နည္းျပပဲ ျဖစ္ျဖစ္ ရာသီႀကိဳ ေျခစမ္းပြဲမွာ အရန္ ကစားသမားေတြကိုသာ ပိုမို အသုံးျပဳတဲ့ အတြက္ေၾကာင့္ အခ်ိဳ႕ ကစားသမားေတြအေနနဲ႔ ရာသီႀကိဳ ေျခစမ္းပြဲစဥ္ေတြမွာ သူတို႔ရဲ႕ တန္ဖိုး နဲ႔ အရည္အခ်င္းေတြကို ျပသဖို႔ အခြင့္ေကာင္းပါပဲ။

အားလပ္ရက္ကေန ျပန္လာၾကမယ့္ သူေတြထဲမွာ ဂိုးသမား ဒီဂီယာ၊ တိုက္စစ္မႉး မာရွယ္၊ ကြင္းလယ္ ကစားသမား ဗန္ဒီဘီ နဲ႔ ေနာက္ခံလူ လင္ဒီေလာ့ပ္ စတဲ့ သူတို႔ (၄) ဦးတို႔ရဲ႕ အနာဂတ္ကေတာ့ မန္ယူအသင္းမွာ မေရရာျဖစ္ေနပါတယ္။

ၿပီးခဲ့တဲ့ ရာသီမွာ ဟန္ဒါဆန္က လက္စြမ္းျပခဲ့လို႔ ဒီဂီယာက ေဘးေရာက္လာၿပီး၊ ဆန္ခ်ိဳက မန္ယူ ေရာက္လာတာက မာရွယ္အတြက္ သတင္းဆိုး ျဖေနၿပီး၊ ဗန္ဒီဘီက ေပါင္ (၃၅) သန္းနဲ႔ ေရာက္လာေပမယ့္ အလုပ္မျဖစ္ခဲ့သလို၊ နည္းျပ ဆိုးလ္ရွားက ဗဟိုခံစစ္မႈးကို ေခၚယူခ်င္ေနတာကလည္းပဲ ေနာက္ခံလူ လင္ဒီေလာ့ပ္ကို စိတ္ပူေနေစမွာပါပဲ။

မန္ယူအသင္းဟာ ေရွ႕လာမယ့္(၈) ရက္အၾကာမွာရာသီႀကိဳ ေျခစမ္းပြဲ စတင္ေတာ့မွာေၾကာင့္ ႏိုင္ငံ့ လက္ေ႐ြးစင္အသင္းအတြက္ တာဝန္မထမ္းေဆာင္ရေတာ့တဲ့ အသင္းရဲ႕ ကစားသမားေတြအေနနဲ႔ ရာသီႀကိဳပြဲစဥ္ကို ျပင္ဆင္ဖို႔ လာမယ့္ တနလၤာေန႔မွာ အသင္းကို ေရာက္လာရပါမယ္။

မန္ယူအသင္းဟာ ရာသီႀကိဳ ပြဲစဥ္ အျဖစ္ ဒါဘီေကာင္တီအသင္း၊ က်ဴပီအာအသင္း၊ ဘရန္ဖို႔ဒ္အသင္း၊ အဲဗာတန္အသင္းတို႔နဲ႔ ကစားရမွာ ျဖစ္ၿပီး ရာသီႀကိဳ ပြဲစဥ္မွာ လူငယ္ကစားသမားေတြ နဲ႔ အရန္ေတြရဲ႕ စြမ္းေဆာင္ရည္ကို ပို ျမင္ရပါမယ္။