ယူရိုဖလားရချင်ရင် ဂျော်ဂျင်ဟိုကို ထိန်းနိုင်မှ ရမယ်လို့ အင်္ဂလန်ကို သတိပေးလိုက်တဲ့ ပေါလ်မာဆွန်

အင်္ဂလန်အသင်းအနေနဲ့ အီတလီအသင်းကို ယူရို ဗိုလ်လုပွဲမှာ အနိုင်ရပြီး ယူရို ဖလား ရချင်တယ် အီတလီ ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ထိန်းနိုင်မှ ရမယ်လို့ ဘောလုံး သုံးသပ်သူ ပေါလ်မာဆွန်က Daily Star သတင်းမှာ ပြောကြားသွားပါတယ်။

အင်္ဂလန်အသင်းဟာ နှစ်ပေါင်း (၅၅) နှစ်အတွင်း ပထမဆုံး အကြိမ် အဖြစ် အဓိက နိုင်ငံ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲစဉ်မှာ နိုင့်ငံ ပွဲစဉ် (၃၃) ပွဲဆက် ရှုံးပွဲမရှိသေးတဲ့ အီတလီအသင်းနဲ့ ကစားရမှာမို့ ကြီးမားတဲ့ စိန်ခေါ်မှုပါပဲ။

ချဲလ်ဆီးအသင်း နဲ့ အီတလီအသင်း ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ လက်ရှိယူရိုပြိုင်ပွဲမှာ ပုံစံကောင်း ပြသလာနိုင်ခဲ့ပြီး သူ့ရဲ့ အီတလီ အသင်းဖော်တွေကတော့ သူ့ကို ဘလွန်းဒီအော်ဆု ရရှိနိုင်တယ်လို့တောင်မှ မကြာသေးခင်က ချီးကျူးခဲ့ကြတာပါ။အီတလီအသင်းဟာ စပိန်အသင်းနဲ့ ကစားခဲ့တဲ့ ဆီမီး ဖိုင်နယ်မှာ ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီကြောင့် နိုင်ပွဲ ရရှိလို့ ဗိုလ်လုပွဲ ရောက်လာခဲ့ပြီး ကွင်းလယ် ကစားသမားဟောင်း ပေါလ်မာဆွန်ကတော့ ဂျော်ဂျင်ဟိုရဲ့ ပေးပို့မှုကို သတိထားဖို့ ပြောပါတယ်။

Daily Star သတင်းနဲ့ အင်တာဗျူးစဉ်မှာ ပေါလ်မာဆွန်က “အင်္ဂလန်အသင်းအနေနဲ့ အီတလီကို အနိုင်ရချင်ရင် ဂျော်ဂျင်ဟိုကို ထိန်းနိုင်မှ ရပါမယ်။ ဒီပွဲစဉ်က သွင်းဂိုးနည်းတဲ့ ပွဲစဉ် ဖြစ်လိမ့်မယ်လို့တော့ ကျွန်တော်ကတော့ မမြင်မိပါဘူး´´

“နှစ်သင်းစလုံးက ဒီယူရို ပြိုင်ပွဲမှာ ခံစစ် အလွန် ကျစ်လစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်သင်းကတော့ အမြန် ကစားပြီး တိုက်စစ်ဆင် ကစားကြတာမို့ သွင်းဂိုးတွေ များလိမ့်မယ်။ ဒီပွဲကို အနိုင်ရချင်ရင် ကျွန်တော်တို့ ဂျော်ဂျင်ဟိုကို ထိန်းနိုင်ရပါမယ်´´“သူ့ကို ထိန်းဖို့ လိုရတဲ့ အကြောင်းအရင်းကတော့ သူက အီတလီအသင်းကို အကွက်ဖော်ပေးလို့ပါ။ အရာရာတိုင်းက ဂျော်ဂျင်ဟိုနဲ့ပဲ အစပြုပါတယ်။ သူက ဒီပြိုင်ပွဲမှာ ထက်မြက်တယ်။ သူက ကွင်းရဲ့ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ရှိနေတတ်တဲ့ သူပါပဲ´´

“သူက သူ့ရဲ့ ပေးပို့မှုတွေနဲ့ ပွဲကို ထိန်းချုပ်တာပါ။ အင်္ဂလန်အသင်းအနေနဲ့ သူ့ကို ထိန်းနိုင်ရပါမယ်။ ဘာလို့လဲ ဆိုရင် ကွင်းလယ်လူ တစ်ယောက်က (၃) ကြိမ် ပေးပို့မှု ဖြစ်မြောက်ရင် ဂိုးပေးရနိုင်ပြီး ပြိုင်ဘက် နိုင်ပွဲ ရနိုင်လို့ပါပဲ´´လို့ ပြောခဲ့ပါတယ်။

zawgyi

ယူ႐ိုဖလားရခ်င္ရင္ ေဂ်ာ္ဂ်င္ဟိုကို ထိန္းႏိုင္မွ ရမယ္လို႔ အဂၤလန္ကို သတိေပးလိုက္တဲ့ ေပါလ္မာဆြန္

အဂၤလန္အသင္းအေနနဲ႔ အီတလီအသင္းကို ယူ႐ို ဗိုလ္လုပြဲမွာ အႏိုင္ရၿပီး ယူ႐ို ဖလား ရခ်င္တယ္ အီတလီ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုကို ထိန္းႏိုင္မွ ရမယ္လို႔ ေဘာလုံး သုံးသပ္သူ ေပါလ္မာဆြန္က Daily Star သတင္းမွာ ေျပာၾကားသြားပါတယ္။

အဂၤလန္အသင္းဟာ ႏွစ္ေပါင္း (၅၅) ႏွစ္အတြင္း ပထမဆုံး အႀကိမ္ အျဖစ္ အဓိက ႏိုင္ငံ ၿပိဳင္ပြဲရဲ႕ ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့ၿပီး ဗိုလ္လုပြဲစဥ္မွာ ႏိုင့္ငံ ပြဲစဥ္ (၃၃) ပြဲဆက္ ရႈံးပြဲမရွိေသးတဲ့ အီတလီအသင္းနဲ႔ ကစားရမွာမို႔ ႀကီးမားတဲ့ စိန္ေခၚမႈပါပဲ။

ခ်ဲလ္ဆီးအသင္း နဲ႔ အီတလီအသင္း ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုဟာ လက္ရွိယူ႐ိုၿပိဳင္ပြဲမွာ ပုံစံေကာင္း ျပသလာႏိုင္ခဲ့ၿပီး သူ႔ရဲ႕ အီတလီ အသင္းေဖာ္ေတြကေတာ့ သူ႔ကို ဘလြန္းဒီေအာ္ဆု ရရွိႏိုင္တယ္လို႔ေတာင္မွ မၾကာေသးခင္က ခ်ီးက်ဴးခဲ့ၾကတာပါ။

အီတလီအသင္းဟာ စပိန္အသင္းနဲ႔ ကစားခဲ့တဲ့ ဆီမီး ဖိုင္နယ္မွာ ေဂ်ာ္ဂ်င္ဟိုရဲ႕ ပင္နယ္တီေၾကာင့္ ႏိုင္ပြဲ ရရွိလို႔ ဗိုလ္လုပြဲ ေရာက္လာခဲ့ၿပီး ကြင္းလယ္ ကစားသမားေဟာင္း ေပါလ္မာဆြန္ကေတာ့ ေဂ်ာ္ဂ်င္ဟိုရဲ႕ ေပးပို႔မႈကို သတိထားဖို႔ ေျပာပါတယ္။

Daily Star သတင္းနဲ႔ အင္တာဗ်ဴးစဥ္မွာ ေပါလ္မာဆြန္က “အဂၤလန္အသင္းအေနနဲ႔ အီတလီကို အႏိုင္ရခ်င္ရင္ ေဂ်ာ္ဂ်င္ဟိုကို ထိန္းႏိုင္မွ ရပါမယ္။ ဒီပြဲစဥ္က သြင္းဂိုးနည္းတဲ့ ပြဲစဥ္ ျဖစ္လိမ့္မယ္လို႔ေတာ့ ကြၽန္ေတာ္ကေတာ့ မျမင္မိပါဘူး။ ႏွစ္သင္းစလုံးက ဒီယူ႐ို ၿပိဳင္ပြဲမွာ ခံစစ္ အလြန္ က်စ္လစ္ပါတယ္။ ဒါေပမယ့္ ဒီႏွစ္သင္းကေတာ့ အျမန္ ကစားၿပီး တိုက္စစ္ဆင္ ကစားၾကတာမို႔ သြင္းဂိုးေတြ မ်ားလိမ့္မယ္။ ဒီပြဲကို အႏိုင္ရခ်င္ရင္ ကြၽန္ေတာ္တို႔ ေဂ်ာ္ဂ်င္ဟိုကို ထိန္းႏိုင္ရပါမယ္´´

“သူ႔ကို ထိန္းဖို႔ လိုရတဲ့ အေၾကာင္းအရင္းကေတာ့ သူက အီတလီအသင္းကို အကြက္ေဖာ္ေပးလို႔ပါ။ အရာရာတိုင္းက ေဂ်ာ္ဂ်င္ဟိုနဲ႔ပဲ အစျပဳပါတယ္။ သူက ဒီၿပိဳင္ပြဲမွာ ထက္ျမက္တယ္။ သူက ကြင္းရဲ႕ ဘယ္ေနရာမွာပဲ ျဖစ္ျဖစ္ ရွိေနတတ္တဲ့ သူပါပဲ´´

“သူက သူ႔ရဲ႕ ေပးပို႔မႈေတြနဲ႔ ပြဲကို ထိန္းခ်ဳပ္တာပါ။ အဂၤလန္အသင္းအေနနဲ႔ သူ႔ကို ထိန္းႏိုင္ရပါမယ္။ ဘာလို႔လဲ ဆိုရင္ ကြင္းလယ္လူ တစ္ေယာက္က (၃) ႀကိမ္ ေပးပို႔မႈ ျဖစ္ေျမာက္ရင္ ဂိုးေပးရႏိုင္ၿပီး ၿပိဳင္ဘက္ ႏိုင္ပြဲ ရႏိုင္လို႔ပါပဲ´´လို႔ ေျပာခဲ့ပါတယ္။