ယူနိုက်တက်ကွင်းလယ်ကစားသမား ဖရက်ဟာ ဘရာဇီးအသင်းနဲ့အတူ ကိုပါအမေရိက ဗိုလ်လုပွဲ ကစားဖို့ အသင့်ဖြစ်နေ

မန်ချက်စတာ ယူနိုက်တက်ကွင်းလယ်ကစားသမား ဖရက်ဟာ ဘရာဇီးအသင်းနဲ့အတူ ကိုပါအမေရိက ဗိုလ်လုပွဲ ကစားဖို့ အသင့်ဖြစ်နေပါပြီ။ ဘရာဇီးအသင်းက ခါးသီးလွန်းတဲ့ ပြိုင်ဘက် အာဂျင်တီးနားအသင်းနဲ့ ဇူလိုင်လ ( ၁၁ ) ရက်နေ့ မြန်မာစံတော်ချိန် နံနက် ( ၆း၃၀) နာရီမှာ ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။

အဆိုပါ ပွဲစဉ်မတိုင်မီ မိုက်ကယ်ကားရစ်က ယူနိုက်တက်ရဲ့ ဝက်ဆိုဒ်နဲ့ အင်တာဗျူးတစ်ခုအတွင်း ဖရက်ကို ဂုဏ်ပြုစကားပြောကြးခဲ့ပါတယ်။ “ ဒါက ဖရက်အတွက် တစ်ကယ့် ကြီးမားတဲ့ အခွင့်အရေးပါ ။ သူနဲ့ အပြည့်အဝ ထိုက်တန်ပါတယ်။ သူက အမြဲကြိုးစားလေ့ရှိသူပါ ။”လို့ ကာရစ်က ဆိုခဲ့ပါတယ်။ “ သူက တကယ်ကို သဘောထားပြည့်ဝတဲ့ ပုဂ္ဂိုလ်ပါ ။ဒီမှာ ကစားခွင့်ရဖို့ အရမ်းကြိုးစားလေ့ရှိပါတယ်။” “ ဒါက သူတို့ရဲ့ ဒေသမှာ ကြီးမားတဲ့ ပွဲစဉ်တစ်ခုပါ ။ထုံးစံအတိုင်း သူအကောင်းဆုံး စွမ်းဆောင်နိုင်ပြီး ဆုဖလားရရှိဖို့ မျှော်လင့်ပါတယ်။”

ဖရက်က ပြီးခဲ့တဲ့နှစ် မတ်လအတွင်း ကာရစ်ကို ရှေ့ဆောင်လမ်းပြ ဆရာလို့ ခေါ်ဆိုခဲ့ပြီး သူတို့ ( ၂ ) ဦးကြားက ချစ်ခင်မှုက ထင်ရှားပါတယ်။ လက်ရှိ ယူနိုက်တက်အသင်းအနေနဲ့ အိုလေ ဂန်းနား ဆိုးရှားလက်အောက်မှာ ဆုဖလားအောင်မြင်မှု ရရှိဖို့ လိုအပ်တယ်လို့ အများစုက ထောက်ပြပြောဆိုလျက်ရှိကြပါတယ်။

ပြီးခဲ့တဲ့ ရာသီမှာ ယူရိုပါလိဂ် အောင်မြင်မှုရရှိဖို့ နီးစပ်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့ပါတယ်။ လက်ရှိမှာတော့ ကွင်းလယ်လူ ဖရက်က ကိုပါအမေရိက ဖလား သိမ်းပိုက်နိုင်ဖို့ လက်တစ်ကမ်းအအကွာကို ရောက်ရှိနေပြိဖြစ်ပါတယ်။

နောက်ပြီး သရဲနီ ကစာသမားတွေဖြစ်တဲ့ ဟယ်ရီ မက်ဂွဲယား ၊ လုခ်ရှော နှင့် မားကတ် ရက်ဖို့ဒ်တို့ကလည်း မနက်ဖြန်ညမှာ ယူရို ( ၂၀၂၀ ) ဗိုလ်လုပွဲ ကစားဖို့ ရှိနေပါတယ်။ ဒါကြောင့် ကစားသမားတွေဟာ ဆုဖလားအောင်မြင်မှုတွေနဲ့အတူ အိုးထရတ်ဖို့ဒ်ကို ယုံကြည်မှုအပြည့် ပြန်လည်ရောက်ရှိလာနိုင်မယ့် အခွင့်အရေးကိုယ်စီ ပိုင်ဆိုင်ထားပါတယ်။

zawgyi

ယူႏိုက္တက္ကြင္းလယ္ကစားသမား ဖရက္ဟာ ဘရာဇီးအသင္းနဲ႔အတူ ကိုပါအေမရိက ဗိုလ္လုပြဲ ကစားဖို႔ အသင့္ျဖစ္ေန

မန္ခ်က္စတာ ယူႏိုက္တက္ကြင္းလယ္ကစားသမား ဖရက္ဟာ ဘရာဇီးအသင္းနဲ႔အတူ ကိုပါအေမရိက ဗိုလ္လုပြဲ ကစားဖို႔ အသင့္ျဖစ္ေနပါၿပီ။

ဘရာဇီးအသင္းက ခါးသီးလြန္းတဲ့ ၿပိဳင္ဘက္ အာဂ်င္တီးနားအသင္းနဲ႔ ဇူလိုင္လ ( ၁၁ ) ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ နံနက္ ( ၆း၃၀) နာရီမွာ ယွဥ္ၿပိဳင္ရဖို႔ရွိေနပါတယ္။

အဆိုပါ ပြဲစဥ္မတိုင္မီ မိုက္ကယ္ကားရစ္က ယူႏိုက္တက္ရဲ႕ ဝက္ဆိုဒ္နဲ႔ အင္တာဗ်ဴးတစ္ခုအတြင္း ဖရက္ကို ဂုဏ္ျပဳစကားေျပာၾကးခဲ့ပါတယ္။

“ ဒါက ဖရက္အတြက္ တစ္ကယ့္ ႀကီးမားတဲ့ အခြင့္အေရးပါ ။ သူနဲ႔ အျပည့္အဝ ထိုက္တန္ပါတယ္။ သူက အၿမဲႀကိဳးစားေလ့ရွိသူပါ ။”လို႔ ကာရစ္က ဆိုခဲ့ပါတယ္။

“ သူက တကယ္ကို သေဘာထားျပည့္ဝတဲ့ ပုဂၢိဳလ္ပါ ။ဒီမွာ ကစားခြင့္ရဖို႔ အရမ္းႀကိဳးစားေလ့ရွိပါတယ္။”

“ ဒါက သူတို႔ရဲ႕ ေဒသမွာ ႀကီးမားတဲ့ ပြဲစဥ္တစ္ခုပါ ။ထုံးစံအတိုင္း သူအေကာင္းဆုံး စြမ္းေဆာင္ႏုိင္ၿပီး ဆုဖလားရရွိဖို႔ ေမွ်ာ္လင့္ပါတယ္။”

ဖရက္က ၿပီးခဲ့တဲ့ႏွစ္ မတ္လအတြင္း ကာရစ္ကို ေရွ႕ေဆာင္လမ္းျပ ဆရာလို႔ ေခၚဆိုခဲ့ၿပီး သူတို႔ ( ၂ ) ဦးၾကားက ခ်စ္ခင္မႈက ထင္ရွားပါတယ္။

လက္ရွိ ယူႏိုက္တက္အသင္းအေနနဲ႔ အိုေလ ဂန္းနား ဆိုးရွားလက္ေအာက္မွာ ဆုဖလားေအာင္ျမင္မႈ ရရွိဖို႔ လိုအပ္တယ္လို႔ အမ်ားစုက ေထာက္ျပေျပာဆိုလ်က္ရွိၾကပါတယ္။

ၿပီးခဲ့တဲ့ ရာသီမွာ ယူ႐ိုပါလိဂ္ ေအာင္ျမင္မႈရရွိဖို႔ နီးစပ္ခဲ့ေပမယ့္ ဗိုလ္လုပြဲမွာ အေရးနိမ့္ခဲ့ပါတယ္။ လက္ရွိမွာေတာ့ ကြင္းလယ္လူ ဖရက္က ကိုပါအေမရိက ဖလား သိမ္းပိုက္ႏိုင္ဖို႔ လက္တစ္ကမ္းအအကြာကို ေရာက္ရွိေနၿပိျဖစ္ပါတယ္။

ေနာက္ၿပီး သရဲနီ ကစာသမားေတြျဖစ္တဲ့ ဟယ္ရီ မက္ဂြဲယား ၊ လုခ္ေရွာ ႏွင့္ မားကတ္ ရက္ဖို႔ဒ္တို႔ကလည္း မနက္ျဖန္ညမွာ ယူ႐ို ( ၂၀၂၀ ) ဗိုလ္လုပြဲ ကစားဖို႔ ရွိေနပါတယ္။

ဒါေၾကာင့္ ကစားသမားေတြဟာ ဆုဖလားေအာင္ျမင္မႈေတြနဲ႔အတူ အိုးထရတ္ဖို႔ဒ္ကို ယုံၾကည္မႈအျပည့္ ျပန္လည္ေရာက္ရွိလာႏိုင္မယ့္ အခြင့္အေရးကိုယ္စီ ပိုင္ဆိုင္ထားပါတယ္။