ဂျိမ်းစ်အနေနဲ့ လာမယ့်ရာသီမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ရနိုင်

ဒန် ဂျိမ်းစ်ရဲ့ မန်ချက်စတာ ယူနိုက်တက်အနာဂတ်က ယခုနွေရာသီမှာ စိတ်ဝင်စားဖွယ် အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်။ သူက ယူရို ( ၂၀၂၀ ) မှာ ဝေးလ် လက်ရွေးစင်အသင်းနဲ့အတူ ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် ဂျေဒန် ဆန်ချို အိုးထရတ်ဖို့ဒ်ကို ရောက်ရှိလာမှုကြောင့် ဂျိမ်းစ်အနေနဲ့ လာမယ့်ရာသီမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ရနိုင်ပါတယ်။

ဒါကြောင့် အငှားပြောင်းရွေ့နိုင်မယ့် အလားအလာကို စဉ်းစားလာကြပါတယ်။ The Sun သတင်းစာအရ ဘရိုက်တန်အသင်းဟာ တောင်ပံကစားသမားကို စိတ်ဝင်စားနေပြီး အပြီးသတ် သဘောတူညီခွင့်မရပါက ယာယီခေါ်ယူဖို့ ဆန္ဒရှိတယ်လို့ သိရပါတယ်။ ဒါက ဂျိမ်းစ်အတွက် အကောင်းဆုံး အခင်းအကျင်းလို့တောင် ဆိုနိုင်ပါတယ်။ သူ့အနေနဲ့လည်း ယူနိုက်တက်ကစားသမားဘဝကို အဆုံးသတ်ဖို့ ဆန္ဒရှိမှာ မဟုတ်ပါဘူး။

ပေါင် ( ၁၅ ) သန်းတန် ကစားသမားက အကောင်းဆုံးကြိုးစားလေ့ရှိပေမယ့် ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ရလေ့ရှိတာတွေ့ရပါတယ်။ သူ့အနေနဲ့ ယူနိုက်တက်အတွက် ကစားခွင့်ရတဲ့အပေါ် ချစ်မြတ်နိုးတယ်ဆိုတာ သိသာထင်းရှားပြီး အသင်းကြီးတွေနဲ့ ပွဲစဉ်အချို့မှာလည်း အိုလေ ဂန်းနား ဆိုးရှားအတွက် ခြေစွမ်းပြကစားပေးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ လျင်မြန်မှု ၊ လှုပ်အားနှုန်း နှင့် အသက် ( ၂၃ ) နှစ်အရွယ်သာ ရှိသေးတဲ့ အချက်တွေကြောင့် ယူနိုက်တက်က ယခုနွေရာသီမှာ ဂျိမ်းစ်ကို ရောင်းချဖို့ နှမြောနေတာဖြစ်ပါတယ်။

ဆန်ချိုကို မြင့်မားတဲ့ ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူခဲ့သည့်တိုင် ဆိုးရှားက တောင်ပံကစားသမားတွေ များစွာ အသင်းမှာ ဆက်လက်ထားရှိလိုတာ တွေ့ရပါတယ်။ သူကလည်း ဂျိမ်းစ်ကို သဘောကျတာ ထင်ရှားတဲ့အတွက် အငှားချထားတာက အားလုံးအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

ဂျိမ်းစ်ကို ခေါ်ယူတဲ့အသင်းအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံး တောင်ပံကစားသမားတစ်ဦးကို ပိုင်ဆိုင်ခွင့်ရမှာဖြစ်ပါတယ်။ ယူနိုက်တက်ကလည်း ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ ဂျိမ်းစ်ရဲ့ ‌ခြေစွမ်းကို သုံးသပ်ပြီး တောင်ပံကစားသမားရဲ့ အိုးထရတ်ဖို့ဒ်အနာဂတ်ကို ဆုံးဖြတ်နိုင်ပါလိမ့်မယ်။

zawgyi

ဂ်ိမ္းစ္အေနနဲ႔ လာမယ့္ရာသီမွာ ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ရႏိုင္

ဒန္ ဂ်ိမ္းစ္ရဲ႕ မန္ခ်က္စတာ ယူႏိုက္တက္အနာဂတ္က ယခုေႏြရာသီမွာ စိတ္ဝင္စားဖြယ္ အေျပာင္းအလဲေတြ ျဖစ္လာႏိုင္ပါတယ္။

သူက ယူ႐ို ( ၂၀၂၀ ) မွာ ေဝးလ္ လက္ေ႐ြးစင္အသင္းနဲ႔အတူ ေျခစြမ္းျပကစားႏိုင္ခဲ့ေပမယ့္ ေဂ်ဒန္ ဆန္ခ်ိဳ အိုးထရတ္ဖို႔ဒ္ကို ေရာက္ရွိလာမႈေၾကာင့္ ဂ်ိမ္းစ္အေနနဲ႔ လာမယ့္ရာသီမွာ ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ရႏိုင္ပါတယ္။

ဒါေၾကာင့္ အငွားေျပာင္းေ႐ြ႕ႏိုင္မယ့္ အလားအလာကို စဥ္းစားလာၾကပါတယ္။

The Sun သတင္းစာအရ ဘ႐ိုက္တန္အသင္းဟာ ေတာင္ပံကစားသမားကို စိတ္ဝင္စားေနၿပီး အၿပီးသတ္ သေဘာတူညီခြင့္မရပါက ယာယီေခၚယူဖို႔ ဆႏၵရွိတယ္လို႔ သိရပါတယ္။ ဒါက ဂ်ိမ္းစ္အတြက္ အေကာင္းဆုံး အခင္းအက်င္းလို႔ေတာင္ ဆိုႏိုင္ပါတယ္။

သူ႔အေနနဲ႔လည္း ယူႏိုက္တက္ကစားသမားဘဝကို အဆုံးသတ္ဖို႔ ဆႏၵရွိမွာ မဟုတ္ပါဘူး။ ေပါင္ ( ၁၅ ) သန္းတန္ ကစားသမားက အေကာင္းဆုံးႀကိဳးစားေလ့ရွိေပမယ့္ ပုံမွန္ေျခစြမ္းျပသႏိုင္ဖို႔ ႐ုန္းကန္ရေလ့ရွိတာေတြ႕ရပါတယ္။

သူ႔အေနနဲ႔ ယူႏိုက္တက္အတြက္ ကစားခြင့္ရတဲ့အေပၚ ခ်စ္ျမတ္ႏိုးတယ္ဆိုတာ သိသာထင္းရွားၿပီး အသင္းႀကီးေတြနဲ႔ ပြဲစဥ္အခ်ိဳ႕မွာလည္း အိုေလ ဂန္းနား ဆိုးရွားအတြက္ ေျခစြမ္းျပကစားေပးႏိုင္ခဲ့ပါတယ္။

သူ႔ရဲ႕ လ်င္ျမန္မႈ ၊ လႈပ္အားႏႈန္း ႏွင့္ အသက္ ( ၂၃ ) ႏွစ္အ႐ြယ္သာ ရွိေသးတဲ့ အခ်က္ေတြေၾကာင့္ ယူႏိုက္တက္က ယခုေႏြရာသီမွာ ဂ်ိမ္းစ္ကို ေရာင္းခ်ဖို႔ ႏွေျမာေနတာျဖစ္ပါတယ္။

ဆန္ခ်ိဳကို ျမင့္မားတဲ့ ေျပာင္းေ႐ြ႕ေၾကးနဲ႔ ေခၚယူခဲ့သည့္တိုင္ ဆိုးရွားက ေတာင္ပံကစားသမားေတြ မ်ားစြာ အသင္းမွာ ဆက္လက္ထားရွိလိုတာ ေတြ႕ရပါတယ္။ သူကလည္း ဂ်ိမ္းစ္ကို သေဘာက်တာ ထင္ရွားတဲ့အတြက္ အငွားခ်ထားတာက အားလုံးအတြက္ အေကာင္းဆုံး ျဖစ္ပါလိမ့္မယ္။

ဂ်ိမ္းစ္ကို ေခၚယူတဲ့အသင္းအေနနဲ႔ ပရီးမီးယားလိဂ္ရဲ႕ အျမန္ဆုံး ေတာင္ပံကစားသမားတစ္ဦးကို ပိုင္ဆိုင္ခြင့္ရမွာျဖစ္ပါတယ္။ ယူႏိုက္တက္ကလည္း ပုံမွန္ပြဲထြက္ခြင့္ရေနတဲ့ ဂ်ိမ္းစ္ရဲ႕ ‌ေျခစြမ္းကို သုံးသပ္ၿပီး ေတာင္ပံကစားသမားရဲ႕ အိုးထရတ္ဖို႔ဒ္အနာဂတ္ကို ဆုံးျဖတ္ႏိုင္ပါလိမ့္မယ္။