အသင်းကြီးတွေနဲ့ တွေ့ဆုံမှုမှာ မှတ်တမ်းကောင်းပိုင်ဆိုင်ထားတဲ့ ဂျေဒန် ဆန်ချုိ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီး ဆေးစစ်ချက် နှင့် တရားဝင်မိတ်ဆက်ပွဲ အခမ်းအနား ပြုလုပ်ဖို့သာ ကျန်ရှိပါတော့တယ်။

ယူနိုက်တက်ဟာ ဆန်ချို ဒေါ့မွန်အသင်းထံ မပြောင်းရွေ့ခင်ကတည်းက တောင်ပံကစားသမားကို ခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဆန်ချိုက ဒေါ့မွန်အသင်းနဲ့အတူ အတွေ့အကြံများစွာ ရှာဖွေနိုင်ခဲ့ပြီး ထိပ်တန်းအဆင့် ကစားသမားတစ်ဦးအဖြစ် ကူးပြောင်းနိုင်ခဲ့ပါတယ်။

ဆန်ချိုက အသင်းကြီးတွေနဲ့ ပွဲစဥ်တွေမှာပါ ခြေစွမ်းပြသနိုင်ကြောင်းသက်သေပြထားပြီး ဒါက ယူနိုက်တက်အတွက် အရေးပါလာနိုင်ပါတယ်။

ယူကရိန်းနဲ့ကစားခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ ယူရို ( ၂၀၂၀ ) ကွာတားဖိုင်နယ်က ခြေစွမ်းကို ကြည့်မယ်ဆိုရင် သိနိုင်ပါတယ်။
သူက ယခုပြိုင်ပွဲတစ်လျှောက် အသင်းနဲ့ ပွဲစဥ်တိုင်း ကစားခွင့်ရထားသည့်အလား ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီအတွင်း ဒေါ့မွန်က လိုက်ဇစ်ကို အနိုင်ယူခဲ့တဲ့ ဂျာမာန်ပိုကယ်ဖလား ဗိုလ်လုပွဲစဥ်မှာလည်း အဓိကနေရာကနေ ပါဝင်ခဲ့ပြီး

( ၂ ) ဂိုး သွင်းယူခဲ့ပါတယ်။

ဆန်ချိုက ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ လိုက်ဇစ်အသင်းအတွက် အိပ်မက်ဆိုးတစ်ခုဖြစ်ခဲ့ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု ( ၇ ) ကြိမ်အတွင်း ဆန်ချိုက ( ၆ ) ဂိုးသွင်းပြီး ( ၄ ) ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။

တောင်ပံကစားသမားဟာ ဒေါ့မွန်ရဲ့ မြို့ခံပြိုင်ဘက် ရေှာ်ကေးအသင်းနဲ့ ( ၇ ) ကြိမ် တွေ့ဆုံမှုမှာလည်း ( ၂ ) ဂိုးသွင်းကာ ( ၃ ) ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဘိုင်ယန်နဲ့ တွေ့ဆုံမှုက ဒေါ့မွန်အတွက် အမြဲခက်ခဲလေ့ရှိပါတယ်။
ဆန်ချို ကစားခဲ့တဲ့ ( ၇ ) ပွဲမှာ ( ၅ ) ပွဲ ရှံုးနိမ့်ခဲ့ပါတယ်။
ဒါပေမယ့် တောင်ပံကစားသမားက ( ၁ ) ဂိုးသွင်းကာ (၁ ) ဂိုး ဖန်တီးပေးနိုင်ခဲ့ပါသေးတယ်။

နောက်ပြီး ဆန်ချိုက ချန်ပီယံလိဂ်ပွဲစဥ်တွေမှာပါ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
နူးကမ့်မှာ ဘာစီလိုနာအသင်းဘက်ကို ဂိုးသွင်းယူနိုင်ခဲ့သလို ခံစစ်ပိုင်းကျစ်လျစ်မှုရှိတဲ့

အက်သလက်တီကိုနဲ့ ပွဲစဥ်မှာလည်း ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်အနေနဲ့ ဆန်ချိုကို ရာသီအစမှာကတည်းက အသုံးပြုဖို့ရှိနေပါတယ်။

ဒါကြောင့် လိဒ်အသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဥ် ( ၁ ) က သူ့ရဲ့ ယူနိုက်တက်ကစားသမားဘဝ debutပွဲစဥ် ဖြစ်လာနိုင်ပါတယ်။

အောက်တိုဘာလ နှင့် နိုဝင်ဘာလတွေမှာ ယူနိုက်တက်က လီဗာပူး ၊ လက်စတာ ၊ ချဲလ်ဆီး ၊

အာဆင်နယ် ၊ မန်စီးတီးအသင်းတွေနဲ့ ဆက်တိုက် ပွဲကျပ်ကစားရဖို့ရှိနေသလို ကြားထဲမှာ
ချန်ပီယံလိဂ်ပွဲစဥ်တွေကိုလည်း ယှဥ်ပြိုင်ရဖွယ်ရှိပါတယ်။

ဒါကြောင့် အဆိုပါ ကာလတွေမှာ ဆန်ချိုက အသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေနဲ့အတူ
စိန်ခေါ်မှုတွေကို အကောင်းဆုံး ကေျာ်ဖြတ်ပြီး ယူနိုက်တက်အတွက် ရလဒ်ကောင်းတွေ ယူဆောင်လာပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Zawgyi

အသင္းႀကီးေတြနဲ႔ ေတြ႕ဆုံမႈမွာ မွတ္တမ္းေကာင္းပိုင္ဆိုင္ထားတဲ့ ေဂ်ဒန္ ဆန္ခ်ဳိ

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ေဂ်ဒန္ ဆန္ခ်ိဳကို ေခၚယူဖို႔ သေဘာတူညီမႈရရွိခဲ့ၿပီး ေဆးစစ္ခ်က္ ႏွင့္ တရားဝင္မိတ္ဆက္ပြဲ အခမ္းအနား ျပဳလုပ္ဖို႔သာ က်န္ရွိပါေတာ့တယ္။

ယူႏိုက္တက္ဟာ ဆန္ခ်ိဳ ေဒါ့မြန္အသင္းထံ မေျပာင္းေ႐ြ႕ခင္ကတည္းက ေတာင္ပံကစားသမားကို ေခၚယူဖို႔ ပစ္မွတ္ထားေနခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ဆန္ခ်ိဳက ေဒါ့မြန္အသင္းနဲ႔အတူ အေတြ႕အႀကံမ်ားစြာ ရွာေဖြႏိုင္ခဲ့ၿပီး ထိပ္တန္းအဆင့္ ကစားသမားတစ္ဦးအျဖစ္ ကူးေျပာင္းႏိုင္ခဲ့ပါတယ္။

ဆန္ခ်ိဳက အသင္းႀကီးေတြနဲ႔ ပြဲစဥ္ေတြမွာပါ ေျခစြမ္းျပသႏိုင္ေၾကာင္းသက္ေသျပထားၿပီး ဒါက ယူႏိုက္တက္အတြက္ အေရးပါလာႏိုင္ပါတယ္။

ယူကရိန္းနဲ႔ကစားခဲ့တဲ့ အဂၤလန္အသင္းရဲ႕ ယူ႐ို ( ၂၀၂၀ ) ကြာတားဖိုင္နယ္က ေျခစြမ္းကို ၾကည့္မယ္ဆိုရင္ သိႏိုင္ပါတယ္။
သူက ယခုၿပိဳင္ပြဲတစ္ေလွ်ာက္ အသင္းနဲ႔ ပြဲစဥ္တိုင္း ကစားခြင့္ရထားသည့္အလား ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီအတြင္း ေဒါ့မြန္က လိုက္ဇစ္ကို အႏိုင္ယူခဲ့တဲ့ ဂ်ာမာန္ပိုကယ္ဖလား ဗိုလ္လုပြဲစဥ္မွာလည္း အဓိကေနရာကေန ပါဝင္ခဲ့ၿပီး ( ၂ ) ဂိုး သြင္းယူခဲ့ပါတယ္။

ဆန္ခ်ိဳက ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္းမွာ လိုက္ဇစ္အသင္းအတြက္ အိပ္မက္ဆိုးတစ္ခုျဖစ္ခဲ့ပါတယ္။ ထိပ္တိုက္ေတြ႕ဆုံမႈ ( ၇ ) ႀကိမ္အတြင္း ဆန္ခ်ိဳက ( ၆ ) ဂိုးသြင္းၿပီး ( ၄ ) ဂိုး ဖန္တီးႏိုင္ခဲ့ပါတယ္။

ေတာင္ပံကစားသမားဟာ ေဒါ့မြန္ရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ ေရွာ္ေကးအသင္းနဲ႔ ( ၇ ) ႀကိမ္ ေတြ႕ဆုံမႈမွာလည္း ( ၂ ) ဂိုးသြင္းကာ ( ၃ ) ဂိုး ဖန္တီးေပးႏိုင္ခဲ့ပါတယ္။

ဘိုင္ယန္နဲ႔ ေတြ႕ဆုံမႈက ေဒါ့မြန္အတြက္ အၿမဲခက္ခဲေလ့ရွိပါတယ္။
ဆန္ခ်ိဳ ကစားခဲ့တဲ့ ( ၇ ) ပြဲမွာ ( ၅ ) ပြဲ ရွံုးနိမ့္ခဲ့ပါတယ္။
ဒါေပမယ့္ ေတာင္ပံကစားသမားက ( ၁ ) ဂိုးသြင္းကာ (၁ ) ဂိုး ဖန္တီးေပးႏိုင္ခဲ့ပါေသးတယ္။

ေနာက္ၿပီး ဆန္ခ်ိဳက ခ်န္ပီယံလိဂ္ပြဲစဥ္ေတြမွာပါ ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။
ႏူးကမ့္မွာ ဘာစီလိုနာအသင္းဘက္ကို ဂိုးသြင္းယူႏိုင္ခဲ့သလို ခံစစ္ပိုင္းက်စ္လ်စ္မႈရွိတဲ့
အက္သလက္တီကိုနဲ႔ ပြဲစဥ္မွာလည္း ဂိုးဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ယူႏိုက္တက္အေနနဲ႔ ဆန္ခ်ိဳကို ရာသီအစမွာကတည္းက အသုံးျပဳဖို႔ရွိေနပါတယ္။
ဒါေၾကာင့္ လိဒ္အသင္းနဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ ( ၁ ) က သူ႔ရဲ႕ ယူႏိုက္တက္ကစားသမားဘဝ debutပြဲစဥ္ ျဖစ္လာႏိုင္ပါတယ္။

ေအာက္တိုဘာလ ႏွင့္ ႏိုဝင္ဘာလေတြမွာ ယူႏိုက္တက္က လီဗာပူး ၊ လက္စတာ ၊ ခ်ဲလ္ဆီး ၊
အာဆင္နယ္ ၊ မန္စီးတီးအသင္းေတြနဲ႔ ဆက္တိုက္ ပြဲက်ပ္ကစားရဖို႔ရွိေနသလို ၾကားထဲမွာ

ခ်န္ပီယံလိဂ္ပြဲစဥ္ေတြကိုလည္း ယွဥ္ၿပိဳင္ရဖြယ္ရွိပါတယ္။

ဒါေၾကာင့္ အဆိုပါ ကာလေတြမွာ ဆန္ခ်ိဳက အသင္းရဲ႕ ၾကယ္ပြင့္ကစားသမားေတြနဲ႔အတူ
စိန္ေခၚမႈေတြကို အေကာင္းဆုံး ေက်ာ္ျဖတ္ၿပီး ယူႏိုက္တက္အတြက္ ရလဒ္ေကာင္းေတြ ယူေဆာင္လာေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။