လိုကာတယ်လီကို အသင်းပေါင်းများစွာက ကမ်းလှမ်းထားတယ်

စီးရီးအေ ကလပ် ဆက်ဆူအိုလိုအသင်းရဲ့ ဥက္ကဌဖြစ်သူ ဂျီယိုဗန်နီ က သူတို့အသင်းရဲ့ ကြယ်ပွင့်ကစားသမား လိုကာတယ်လီ ကို ခေါ်ယူဖို့ ကမ္ဘာတဝန်းက အသင်းများစွာက ကမ်းလှမ်းမှုတွေပြုလုပ်ထားတယ်လို့ ဆိုပါတယ်။

အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ လိုကာတယ်လီ ဟာ ဒီနှစ်ယူရိုပြိုင်ပွဲမှာ အီတလီ နဲ့အတူတောက်ပလာတဲ့ လူငယ်ကွင်းလယ်လူဖြစ်ပါတယ်။

ဒါပေမဲ့ ယူရိုမတိုင်ခင်ထဲက လိုကာတယ်လီ ရဲ့ ခြေစွမ်းဟာ အီတလီရပ်ဝန်းမှာ နာမည်ထွက်ပေါ်နေခဲ့တာပါ။

ဆွစ်ဇာလန် ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့အုပ်စုအဆင့်ပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်မှာတော့ လိုကာတယ်လီ ကို ကမ္ဘာတဝန်းလုံးက အသင်းတွေသတိထားမိသွားပြီး ခေါ်ယူဖို့အပြိုင်ကြိုးစားနေကြတာပဲဖြစ်ပါတယ်။

အဲ့ဒီအသင်းတွေထဲမှာ အာဆင်နယ် နဲ့ ဂျုဗင်တပ်စ် ကတော့ လိုကာတယ်လီ ကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးဖြစ်နေတဲ့ အသင်းတွေဖြစ်ပါတယ်။

လိုကာတယ်လီ ရဲ့ အပြောင်းအရွှေ့နဲ့ပက်သက်ပြီး ဆက်ဆူအိုလို ဥက္ကဌ က

“ ကျွန်တော်တို့ လိုကာတယ်လီ အတွက် ကမ်းလှမ်းမှုတွေအများကြီး ရရှိထားပါတယ်။

လိုကာတယ်လီ အပြင် ဆက်ဆူအိုလို ရဲ့ တခြားကြယ်ပွင့်တွေဖြစ်တဲ့ ဘယ်ရာဒီ ၊ ရက်စ်ပါဒိုရီ နဲ့ ဘိုဂါ တို့အတွက်လည်း ကမ်းလှမ်းမှုတွေရရှိထားပါသေးတယ်။

လိုကာတယ်လီ ရဲ့အပြောင်းအရွှေ့ကိုတော့ ယူရိုပြိုင်ပွဲပြီးမှပဲ ကျွန်တော်တို့ သေချာဆွေးနွေးကြမှာပါ။

ဗိုလ်လုပွဲကျင်းပမယ့် တနင်္ဂနွေနေ့အထိ သူ့ကို စိတ်မရှုပ်စေချင်ပါဘူး။


သူ့အတွက် အရမ်းကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေကို လက်ခံရရှိထားပြီး အသင်းတသင်းနဲ့ စကားပြောနေတာလည်း တော်တော်လေးအခြေအနေကောင်းနေပါတယ်။

နိုင်ငံရပ်ခြားက ကမ်းလှမ်းမှုတွေအတွက် လက်ရှိ အီတလီ ရဲ့ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဟာ ခက်ခဲမှုတွေရှိပါတယ်။

ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်အသင်းကြီးတွေမှာ ကစားခွင့်ရဖို့ကို ကစားသမားတွေ ဆန္ဒရှိတာကိုတော့ ကျွန်တော် ရှင်းရှင်းလင်းလင်းသိပါတယ် “ လို့ Sky Sports ရုပ်သံလိုင်းကို ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာ က လိုကာတယ်လီ ကို အရခေါ်ယူပေးဖို့ အသင်းကိုတောင်းဆိုထားပေမဲ့ ဘဏ္ဍာရေးအင်အားတောင့်တင်းတဲ့ တခြားအသင်းကြီးတွေနဲ့အပြိုင် ခေါ်ယူနိုင်ဖို့တော့ အတော်လေးခက်ခဲမှာပါ။

Zawgyi

လိုကာတယ္လီကို အသင္းေပါင္းမ်ားစြာက ကမ္းလွမ္းထားတယ္

စီးရီးေအ ကလပ္ ဆက္ဆူအိုလိုအသင္းရဲ႕ ဥကၠဌျဖစ္သူ ဂ်ီယိုဗန္နီ က သူတို႔အသင္းရဲ႕ ၾကယ္ပြင့္ကစားသမား လိုကာတယ္လီ ကို ေခၚယူဖို႔ ကမာၻတဝန္းက အသင္းမ်ားစြာက ကမ္းလွမ္းမႈေတြျပဳလုပ္ထားတယ္လို႔ ဆိုပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္သာရွိေသးတဲ့ လိုကာတယ္လီ ဟာ ဒီႏွစ္ယူ႐ိုၿပိဳင္ပြဲမွာ အီတလီ နဲ႔အတူေတာက္ပလာတဲ့ လူငယ္ကြင္းလယ္လူျဖစ္ပါတယ္။

ဒါေပမဲ့ ယူ႐ိုမတိုင္ခင္ထဲက လိုကာတယ္လီ ရဲ႕ ေျခစြမ္းဟာ အီတလီရပ္ဝန္းမွာ နာမည္ထြက္ေပၚေနခဲ့တာပါ။

ဆြစ္ဇာလန္ ကို ၃-၀ နဲ႔ အႏိုင္ရခဲ့တဲ့အုပ္စုအဆင့္ပြဲမွာ ၂ ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္မွာေတာ့ လိုကာတယ္လီ ကို ကမာၻတဝန္းလုံးက အသင္းေတြသတိထားမိသြားၿပီး ေခၚယူဖို႔အၿပိဳင္ႀကိဳးစားေနၾကတာပဲျဖစ္ပါတယ္။

အဲ့ဒီအသင္းေတြထဲမွာ အာဆင္နယ္ နဲ႔ ဂ်ဳဗင္တပ္စ္ ကေတာ့ လိုကာတယ္လီ ကို ေခၚယူႏိုင္ဖို႔ အနီးစပ္ဆုံးျဖစ္ေနတဲ့ အသင္းေတြျဖစ္ပါတယ္။

လိုကာတယ္လီ ရဲ႕ အေျပာင္းအေ႐ႊ႕နဲ႔ပက္သက္ၿပီး ဆက္ဆူအိုလို ဥကၠဌ က

“ ကြၽန္ေတာ္တို႔ လိုကာတယ္လီ အတြက္ ကမ္းလွမ္းမႈေတြအမ်ားႀကီး ရရွိထားပါတယ္။
လိုကာတယ္လီ အျပင္ ဆက္ဆူအိုလို ရဲ႕ တျခားၾကယ္ပြင့္ေတြျဖစ္တဲ့ ဘယ္ရာဒီ ၊ ရက္စ္ပါဒိုရီ နဲ႔ ဘိုဂါ တို႔အတြက္လည္း ကမ္းလွမ္းမႈေတြရရွိထားပါေသးတယ္။

လိုကာတယ္လီ ရဲ႕အေျပာင္းအေ႐ႊ႕ကိုေတာ့ ယူ႐ိုၿပိဳင္ပြဲၿပီးမွပဲ ကြၽန္ေတာ္တို႔ ေသခ်ာေဆြးေႏြးၾကမွာပါ။
ဗိုလ္လုပြဲက်င္းပမယ့္ တနဂၤေႏြေန႔အထိ သူ႔ကို စိတ္မရႈပ္ေစခ်င္ပါဘူး။

သူ႔အတြက္ အရမ္းေကာင္းမြန္တဲ့ ကမ္းလွမ္းမႈေတြကို လက္ခံရရွိထားၿပီး အသင္းတသင္းနဲ႔ စကားေျပာေနတာလည္း ေတာ္ေတာ္ေလးအေျခအေနေကာင္းေနပါတယ္။

ႏိုင္ငံရပ္ျခားက ကမ္းလွမ္းမႈေတြအတြက္ လက္ရွိ အီတလီ ရဲ႕ ကစားသမားအေျပာင္းအေ႐ႊ႕ေစ်းကြက္ဟာ ခက္ခဲမႈေတြရွိပါတယ္။

ကမာၻ႔အေကာင္းဆုံးစာရင္းဝင္အသင္းႀကီးေတြမွာ ကစားခြင့္ရဖို႔ကို ကစားသမားေတြ ဆႏၵရွိတာကိုေတာ့ ကြၽန္ေတာ္ ရွင္းရွင္းလင္းလင္းသိပါတယ္ “ လို႔ Sky Sports ႐ုပ္သံလိုင္းကို ဖြင့္ဟ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္နည္းျပ အာတီတာ က လိုကာတယ္လီ ကို အရေခၚယူေပးဖို႔ အသင္းကိုေတာင္းဆိုထားေပမဲ့ ဘ႑ာေရးအင္အားေတာင့္တင္းတဲ့ တျခားအသင္းႀကီးေတြနဲ႔အၿပိဳင္ ေခၚယူႏိုင္ဖို႔ေတာ့ အေတာ္ေလးခက္ခဲမွာပါ။