ပေါ့ဘာကို ခေါ်ချင်ရင် အသင်းသားတွေကို အရင်ဆုံး ရောင်းထုတ်ပါ ပီအက်စ်ဂျီ

ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို ပိုမိုအင်အားတောင့်တင်းဖို့အတွက်ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကို ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ ပြင်သစ်သတင်း မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဒီနှစ်ရဲ့ နွေရာသီအပြောင်းအရွေ့ ဈေးကွက်အတွင်းမှာပဲ
နယ်သာလန် ကွင်းလယ်လူ ဝိုင်နယ်ဒမ်း မော်ရိုကို နောက်ခံအစွန်လူ ဟာခီမီနဲ့


စပိန်ဝါရင့် နောက်ခံလူကြီး ရာမို့စ်တို့ကို ခေါ်ယူထားနိုင်ခဲ့တဲ့အပြင် အီတလီဂိုးသမား ဒွန်နာရမ်မာကိုလည်း ယူရို-၂၀၂၀ပြိုင်ပွဲအပြီးမှာ ခေါ်ယူသွားဦးမှာဖြစ်ပါတယ်။

ပေါ့ဘာဟာ ၂၀၂၂ခုနှစ်မှာပဲ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် ယူနိုက်တက် ဘက်ကနေ သူတို့ရဲ့ကြယ်ပွင့် ကစားသမားကို သက်တမ်းတိုးဖို့ လုပ်ဆောင်နေပေမယ့် လက်ရှိအချိန်ထိ သက်တမ်းတိုးဖို့က အဆင်မပြေနေတာပဲ ဖြစ်ပါတယ်။

ပေါ့ဘာဟာ ယူနိုက်တက်ရဲ့ သမိုင်းမှာ ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ပေးချေကာ
ခေါ်ယူထားရတဲ့ ကစားသမား တစ်ဦး ဖြစ်သလို လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦး ဖြစ်တာကြောင့်

ယူနိုက်တက် အသင်းဟာသူ့ကို အသင်းရဲ့ အဓိက ကစားသမားအဖြစ် ရှုမြင်ထားပြီး စာချုပ်သစ်မှာ တပတ်လုပ်ခ

ယူရို ၃သိန်းခွဲအထိ ပေးချေမယ်ဆိုပြီး ကမ်းလှမ်းထားကြောင်း သတင်း ဌာနတွေက ဖော်ပြထားပါတယ်။

ပေါ့ဘာကို ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဌဖြစ်သူ အယ်လ်ခါလိုင်ဖီကိုယ်တိုင် အလိုရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီအသင်းဟာ လက်ရှိမှာ ကစားသမား ခေါ်ယူမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်လို့

အသင်းရဲ့ ဘဏ္ဍာရေးဟန်ချက် ညီမျှနေစေဖို့အတွက် ကစားသမားတချို့ကို အရင်ဆုံး ရောင်းထုတ်သွားဖို့ လိုအပ်နေပြီး

ပေါ့ဘာသာ ရောက်ရှိလာရင် သေချာပေါက် နေရာပျောက်ဆုံးနိုင်တဲ့ ကွင်းလယ်လူဂေးယီကို ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။

ပေါ့ဘာဟာ ယူနိုက်တက်အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့
ကစားသမား တစ်ဦး ဖြစ်ပေမယ့် သူ့ရဲ့ ကစားသမား ဘဝ အမြင့်မားဆုံး အောင်မြင်မှုတွေကို ​

အီတလီ စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းမှာ ရရှိခဲ့ပြီးဂျူဗင်တပ်စ်အသင်းကနေ


ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၀၅ သန်းနဲ့ ပြန်လည် ပြောင်းရွှေ့လာအပြီးမှာ

အသင်းနဲ့ ယူရိုပါလိဂ်ဖလားတစ်လုံး ၊ ကားလင်းဖလားတစ်လုံးနဲ့ ကွန်မြူနတီဒိုင်း တစ်ကြိမ်တို့ကိုသာ ရရှိခဲ့ပါတယ်။

ပေ့ါဘာရဲ့အေးဂျင့်ဖြစ်သူ ရိုင်အိုလာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ပီအက်စ်ဂျီ အသင်းဥက္ကဌအ ယ်လ်ခါလိုင်ဖီနဲ့ တွေ့ဆုံခဲ့တာရှိပါတယ်

 

Zawgyi

ေပါ့ဘာကို ေခၚခ်င္ရင္ အသင္းသားေတြကို အရင္ဆုံး ေရာင္းထုတ္ပါ ပီအက္စ္ဂ်ီ

ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီအသင္းဟာ အသင္းရဲ႕ ကြင္းလယ္ပိုင္းကို ပိုမိုအင္အားေတာင့္တင္းဖို႔အတြက္ယူႏိုက္တက္ ကြင္းလယ္ကစားသမား ေပါလ္ေပါ့ဘာကို ေခၚယူသြားဖို႔ ျပင္ဆင္ေနတယ္လို႔ ျပင္သစ္သတင္း မီဒီယာေတြကေန ေဖာ္ျပလာခဲ့ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ဒီႏွစ္ရဲ႕ ေႏြရာသီအေျပာင္းအေ႐ြ႕ ေဈးကြက္အတြင္းမွာပဲ
နယ္သာလန္ ကြင္းလယ္လူ ဝိုင္နယ္ဒမ္း ေမာ္႐ိုကို ေနာက္ခံအစြန္လူ ဟာခီမီနဲ႔
စပိန္ဝါရင့္ ေနာက္ခံလူႀကီး ရာမို႔စ္တို႔ကို ေခၚယူထားႏိုင္ခဲ့တဲ့အျပင္ အီတလီဂိုးသမား ဒြန္နာရမ္မာကိုလည္း ယူ႐ို-၂၀၂၀ၿပိဳင္ပြဲအၿပီးမွာ ေခၚယူသြားဦးမွာျဖစ္ပါတယ္။

ေပါ့ဘာဟာ ၂၀၂၂ခုႏွစ္မွာပဲ ယူႏိုက္တက္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္တဲ့အတြက္ ယူႏိုက္တက္ ဘက္ကေန သူတို႔ရဲ႕ၾကယ္ပြင့္ ကစားသမားကို သက္တမ္းတိုးဖို႔ လုပ္ေဆာင္ေနေပမယ့္ လက္ရွိအခ်ိန္ထိ သက္တမ္းတိုးဖို႔က အဆင္မေျပေနတာပဲ ျဖစ္ပါတယ္။

ေပါ့ဘာဟာ ယူႏိုက္တက္ရဲ႕ သမိုင္းမွာ ေျပာင္းေ႐ႊ႕ေၾကး အျမင့္မားဆုံး ေပးေခ်ကာ
ေခၚယူထားရတဲ့ ကစားသမား တစ္ဦး ျဖစ္သလို လက္ရွိ ကမာၻ႔အေကာင္းဆုံး ကြင္းလယ္လူေတြထဲက တစ္ဦး ျဖစ္တာေၾကာင့္ ယူႏိုက္တက္ အသင္းဟာသူ႔ကို အသင္းရဲ႕
အဓိက ကစားသမား အျဖစ္ ရႈျမင္ထားၿပီး စာခ်ဳပ္သစ္မွာ တပတ္လုပ္ခ ယူ႐ို ၃သိန္းခြဲအထိ ေပးေခ်မယ္ဆိုၿပီး ကမ္းလွမ္းထားေၾကာင္း သတင္း ဌာနေတြက ေဖာ္ျပထားပါတယ္။

ေပါ့ဘာကို ပီအက္စ္ဂ်ီအသင္းရဲ႕ ဥကၠဌျဖစ္သူ အယ္လ္ခါလိုင္ဖီကိုယ္တိုင္ အလိုရွိေနတာျဖစ္ပါတယ္။

ဒါေပမယ့္ ပီအက္စ္ဂ်ီအသင္းဟာ လက္ရွိမွာ ကစားသမား ေခၚယူမႈေတြ ဆက္တိုက္လုပ္ေဆာင္ေနတာျဖစ္လို႔ အသင္းရဲ႕ ဘ႑ာေရးဟန္ခ်က္ ညီမွ်ေနေစဖို႔အတြက္ ကစားသမားတခ်ိဳ႕ကို အရင္ဆုံး ေရာင္းထုတ္သြားဖို႔ လိုအပ္ေနၿပီး ေပါ့ဘာသာ ေရာက္ရွိလာရင္ ေသခ်ာေပါက္ ေနရာေပ်ာက္ဆုံးႏိုင္တဲ့ ကြင္းလယ္လူေဂးယီကို ေရာင္းထုတ္သြားဖြယ္ ရွိေနပါတယ္။

ေပါ့ဘာဟာ ယူႏိုက္တက္အသင္းရဲ႕ လူငယ္ အကယ္ဒမီကေန ထြက္ေပၚလာတဲ့

ကစားသမား တစ္ဦး ျဖစ္ေပမယ့္ သူ႔ရဲ႕ ကစားသမား ဘဝ အျမင့္မားဆုံး ေအာင္ျမင္မႈေတြကို
အီတလီ စီးရီးေအကလပ္ ဂ်ဴဗင္တပ္စ္အသင္းမွာ ရရွိခဲ့ၿပီးဂ်ဴဗင္တပ္စ္အသင္းကေန
ယူႏိုက္တက္အသင္းထံ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၁၀၅ သန္းနဲ႔ ျပန္လည္ ေျပာင္းေ႐ႊ႕လာအၿပီးမွာ
အသင္းနဲ႔ ယူ႐ိုပါလိဂ္ဖလားတစ္လုံး ၊ ကားလင္းဖလားတစ္လုံးနဲ႔ ကြန္ျမဴနတီဒိုင္း တစ္ႀကိမ္တို႔ကိုသာ ရရွိခဲ့ပါတယ္။

ေပ့ါဘာရဲ႕ေအးဂ်င့္ျဖစ္သူ ႐ိုင္အိုလာဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းတုန္းက ပီအက္စ္ဂ်ီ အသင္းဥကၠဌအ ယ္လ္ခါလိုင္ဖီနဲ႔ ေတြ႕ဆုံခဲ့တာရွိပါတယ္။