ဂျော်ဂျင်ဟိုကို ခေါ်ယူနိုင်မယ့် ပြောင်းရေွ့ကြေးနှင့် ဘလွန်းဒီအော ခန့်မှန်းချက်တွေကို တုန့်ပြန်လိုက်တဲ့ အေးဂျင့်ဖြစ်သူ ဆန်းတို့စ်

‌‌‌ေဂျာ်ဂျင်ဟိုရဲ့ အေးဂျင့် ယာအို ဆန်းတို့စ်က ကစားသမားရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ချဲလ်ဆီး ဒါရိုက်တာ မာရီနာ ဂရာနော့ဗ်စကီးယား နဲ့ တွေ့ဆုံဖို့ ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အီတလီကြယ်ပွင့်ဟာ ယူရို ( ၂၀၂၀ ) ရဲ့ အတောက်ပဆုံး ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိမှာ ဗိုလ်လုပွဲတက်ရောက်ထားနိုင်ပြီဖြစ်ပါတယ်။

အင်္ဂါနေ့က ဆီမီးဖိုင်နယ်ပွဲစဥ်မှာ အသက် ( ၂၉ ) နှစ်အရွယ် ကစားသမားက အဆုံးအဖြတ် ပင်နယ်တီ ကန်သွင်းခဲ့ပြီး သူ့ရဲ့ trademark ပုံစံနဲ့အတူ စပိန် ဂိုးသမား အူနိုင်း ဆီမြွန်ကို အရူးလုပ်နိုင်ခဲ့ပါတယ်။
နောက်ပြီး ဆန်းတို့စ်က ဂေျာ်ဂျင်ဟိုအနေနဲ့ ဘလွန်းဒီအော ဆန်ကာတင်စာရင်းမှာ ပါလာနိုင်ကြောင်း အကြံပြုပြောကြားခဲ့ပါတယ်။

သူက Radio Marte နဲ့ အင်တာဗျူးတစ်ခုအတွင်း “ မနေ့ညက ဝင်ဘာကွင်းမှာ ရှိနေခဲ့ပါတယ်။
သူက လေ့ကျင့်ရေးကွင်းမှာ အလားတူပင်နယ်တီကန်သွင်းမှု တနေ့ အနည်းဆုံး အကြိမ် ၃၀-၄၀ထိပြုလုပ်လေ့ရှိပါတယ်။
လက်ရှိမှာတော့ သူက အလိုအလျောက်ပဲ အောင်မြင်သွားခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။

“ သူက ချန်ပီယံလိဂ်ကိုလည်း ရရှိခဲ့ပြီး အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာလည်း သူက ဥရောပဖလား ရကောင်းရနိုင်ပါတယ်။ နောက်ပြီး ဘလွန်းဒီအော စာရင်းထဲမှာလည်း ပါလာနိုင်ပါတယ်။”

ဆန်းတို့စ်က ချဲလ်ဆီးအနေနဲ့ (၂၀၂၃ ) မှာ သက်တမ်းကုန်ဆုံးမယ့် ဂျော်ဂျင်ဟိုရဲ့ စာချုပ်ကို သက်တမ်းမတိုးပါက ကစားသမားအနေနဲ့ နာပိုလီကို ပြန်သွားနိုင်တယ်လို့ ပြီးခဲ့တဲ့လက ဆိုခဲ့ပါတယ်။

“ သူ့ရဲ့ ရည်မှန်းချက်ကတော့ ချဲလ်ဆီးမှာ စာချုပ်သက်တမ်းကုန်ဆုံးသည်ထိ ကစားသွားဖို့ပါ။

စာချုပ်သက်တမ်း မတိုးဘူးဆိုရင်တော့ အီတလီကို ပြန်သွားနိုင်ပါတယ်။
နာပိုလီလည်း ဖြစ်နိုင်ပါတယ်။”

နောက်ပြီး ဂျော်ဂျင်ဟိုက စတမ်းဖို့ဒ်ဘရစ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆုံးဖြတ်ထားပေမယ့် ဆန်းတို့စ်ကတော့ ကစားသမားကို ခေါ်ယူနိုင်မယ့် ပြောင်းရွေ့ကြေးကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

“ လက်ရှိ ဂျော်ဂျင်ဟိုရဲ့ ပြောင်းရွေ့ကြေး တန်ဖိုးကတော့ ပေါင်သန်း ( ၅၀) ဝန်း ကျင်ရှိပါတယ်။
သူက ဗိုလ်လုပွဲတွေများစွာ ကစားဖူးတဲ့ ကစားသမားပါ ။”

“ အခြားအသင်းတွေက ဆက်သွယ်လာတာရှိသလားဆိုတော့ ရှိပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ရဲ့ ပထမဆုံးစိတ်ကူးက ဂရာနော့ဗ်စကီးယားနဲ့ စကားပြောကြည့်ဖို့ပါ ။”

“ ဒါက သူ့ရဲ့ ကစားသမားဘဝမှာ လုံးဝအရေးကြီးတဲ့ အခိုက်အတန့်ပါ။
သူက ယူရိုဖိုင်နယ် ကစားခွင့်ရဖို့ စောင့်ဆိုင်းနေခဲ့တာ နှစ် ( ၂၀ ) ရှိပါပြီ။”

Zawgyi

ေဂ်ာ္ဂ်င္ဟိုကို ေခၚယူႏိုင္မယ့္ ေျပာင္းေရြ႕ေၾကးႏွင့္ ဘလြန္းဒီေအာ ခန႔္မွန္းခ်က္ေတြကို တုန႔္ျပန္လိုက္တဲ့ ေအးဂ်င့္ျဖစ္သူ ဆန္းတို႔စ္

‌‌‌ေဂ်ာ္ဂ်င္ဟိုရဲ႕ ေအးဂ်င့္ ယာအို ဆန္းတို႔စ္က ကစားသမားရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး ခ်ဲလ္ဆီး ဒါ႐ိုက္တာ မာရီနာ ဂရာေနာ့ဗ္စကီးယား နဲ႔ ေတြ႕ဆုံဖို႔ ဆႏၵရွိေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

အီတလီၾကယ္ပြင့္ဟာ ယူ႐ို ( ၂၀၂၀ ) ရဲ႕ အေတာက္ပဆုံး ၾကယ္ပြင့္ကစားသမားတစ္ဦးျဖစ္ၿပီး လက္ရွိမွာ ဗိုလ္လုပြဲတက္ေရာက္ထားႏိုင္ၿပီျဖစ္ပါတယ္။

အဂၤါေန႔က ဆီမီးဖိုင္နယ္ပြဲစဥ္မွာ အသက္ ( ၂၉ ) ႏွစ္အ႐ြယ္ ကစားသမားက အဆုံးအျဖတ္ ပင္နယ္တီ ကန္သြင္းခဲ့ၿပီး သူ႔ရဲ႕ trademark ပုံစံနဲ႔အတူ စပိန္ ဂိုးသမား အူႏိုင္း ဆီႁမြန္ကို အ႐ူးလုပ္ႏိုင္ခဲ့ပါတယ္။

ေနာက္ၿပီး ဆန္းတို႔စ္က ေဂ်ာ္ဂ်င္ဟိုအေနနဲ႔ ဘလြန္းဒီေအာ ဆန္ကာတင္စာရင္းမွာ ပါလာႏိုင္ေၾကာင္း အႀကံျပဳေျပာၾကားခဲ့ပါတယ္။

သူက Radio Marte နဲ႔ အင္တာဗ်ဴးတစ္ခုအတြင္း “ မေန႔ညက ဝင္ဘာကြင္းမွာ ရွိေနခဲ့ပါတယ္။
သူက ေလ့က်င့္ေရးကြင္းမွာ အလားတူပင္နယ္တီကန္သြင္းမႈ တေန႔ အနည္းဆုံး အႀကိမ္ ၃၀-၄၀ထိျပဳလုပ္ေလ့ရွိပါတယ္။
လက္ရွိမွာေတာ့ သူက အလိုအေလ်ာက္ပဲ ေအာင္ျမင္သြားခဲ့ပါတယ္”လို႔ ဆိုခဲ့ပါတယ္။

“ သူက ခ်န္ပီယံလိဂ္ကိုလည္း ရရွိခဲ့ၿပီး အေကာင္းဆုံး ကစားႏိုင္ခဲ့ပါတယ္။ တနဂၤေႏြေန႔မွာလည္း သူက ဥေရာပဖလား ရေကာင္းရႏိုင္ပါတယ္။ ေနာက္ၿပီး ဘလြန္းဒီေအာ စာရင္းထဲမွာလည္း ပါလာႏိုင္ပါတယ္။”

ဆန္းတို႔စ္က ခ်ဲလ္ဆီးအေနနဲ႔ (၂၀၂၃ ) မွာ သက္တမ္းကုန္ဆုံးမယ့္ ေဂ်ာ္ဂ်င္ဟိုရဲ႕ စာခ်ဳပ္ကို သက္တမ္းမတိုးပါက ကစားသမားအေနနဲ႔ နာပိုလီကို ျပန္သြားႏိုင္တယ္လို႔ ၿပီးခဲ့တဲ့လက ဆိုခဲ့ပါတယ္။

“ သူ႔ရဲ႕ ရည္မွန္းခ်က္ကေတာ့ ခ်ဲလ္ဆီးမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးသည္ထိ ကစားသြားဖို႔ပါ။
စာခ်ဳပ္သက္တမ္း မတိုးဘူးဆိုရင္ေတာ့ အီတလီကို ျပန္သြားႏိုင္ပါတယ္။
နာပိုလီလည္း ျဖစ္ႏိုင္ပါတယ္။”

ေနာက္ၿပီး ေဂ်ာ္ဂ်င္ဟိုက စတမ္းဖို႔ဒ္ဘရစ္နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ဆုံးျဖတ္ထားေပမယ့္ ဆန္းတို႔စ္ကေတာ့ ကစားသမားကို ေခၚယူႏိုင္မယ့္ ေျပာင္းေ႐ြ႕ေၾကးကို ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

“ လက္ရွိ ေဂ်ာ္ဂ်င္ဟိုရဲ႕ ေျပာင္းေ႐ြ႕ေၾကး တန္ဖိုးကေတာ့ ေပါင္သန္း ( ၅၀) ဝန္း က်င္ရွိပါတယ္။
သူက ဗိုလ္လုပြဲေတြမ်ားစြာ ကစားဖူးတဲ့ ကစားသမားပါ ။”

“ အျခားအသင္းေတြက ဆက္သြယ္လာတာရွိသလားဆိုေတာ့ ရွိပါတယ္။

ဒါေပမယ့္ ကြၽန္ေတာ္တို႔ရဲ႕ ပထမဆုံးစိတ္ကူးက ဂရာေနာ့ဗ္စကီးယားနဲ႔ စကားေျပာၾကည့္ဖို႔ပါ ။”

“ ဒါက သူ႔ရဲ႕ ကစားသမားဘဝမွာ လုံးဝအေရးႀကီးတဲ့ အခိုက္အတန႔္ပါ။
သူက ယူ႐ိုဖိုင္နယ္ ကစားခြင့္ရဖို႔ ေစာင့္ဆိုင္းေနခဲ့တာ ႏွစ္ ( ၂၀ ) ရွိပါၿပီ။”