ချန်ပီယံလိဂ်ဝင်ခွင့်မသေချာလို၌ အာဆင်နယ်ကို ငြင်းဆန်ပြီး PSG အသင်းဆီပြောင်းရွှေ့ခဲ့တဲ့ ရာမို့စ်

အခုရက်ပိုင်းအတွင်း PSG အသင်းနဲ့ တရားဝင်စာချုပ်ချုပ်ဆိုခဲ့တဲ့စပိန်ဝါရင့်နောက်ခံလူရာမို့စ်ဟာ PSG အသင်းကို မပြောင်းခင် ပရီးမီးယားလိဂ်နာမည်ကျော်ကလပ်တွေဖြစ်တဲ့ မန်စီးတီး၊ အာဆင်နယ်အသင်းတို့က သူ့ကို ချိတ်ဆက်ခဲ့ပေမယ့် ငြင်းဆန်ခဲ့ပြီး PSG ကိုသာပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ရာမို့စ်ဟာ (၁၆)နှစ်ကြာကစားခဲ့တဲ့ ရီးယဲလ်အသင်းနဲ့ ပြီးခဲ့တဲ့ရာသီကုန်မှာ လမ်းခွဲခဲ့ပြီးကမ္ဘာ့အဆင့်စာရင်းဝင်နောက်ခံလူတစ်ဦးဖြစ်တဲ့ ရာမို့စ်ကို အလွတ်နဲ့ခေါ်ယူခွင့်ရမှာဖြစ်လို့ ဥရောပထိပ်သီးအသင်းတွေက အပြိုင်ကြိုးပမ်းခဲ့ကြပါတယ်။

အဲဒီကလပ်တွေထဲမှာ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့လည်း ပါဝင်ခဲ့ပြီး အာဆင်နယ်အသင်းက (၁)နှစ်ကို ပေါင်(၁၅)သန်းတန်ကြေးနဲ့ (၂)နှစ်စာချုပ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပေမယ့် အာဆင်နယ်အသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့တဲ့အတွက် ရာမို့စ်က ငြင်း ဆန်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းကတော့ ရာမို့စ်ကို ၂၀၂၃ ခုနှစ်အထိ စာချုပ်ချုပ်ဆိုပြီး စာချုပ်ပါအချက်အလက်အရ ရာမို့စ်ဟာ မန်စီးတီးအသင်းရဲ့မိတ်ဖက်ကလပ်ဖြစ်တဲ့ မေဂျာလိဂ်က နယူးယော့ခ်စီးတီးအသင်းမှာ (၃)နှစ်ကစားရမယ်ဆိုတဲ့အချက်ပါဝင်ခဲ့ပေမယ့် ရာမို့စ်ဟာ မန်စီးတီးအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီးတော့ PSG အသင်းကိုသာ ပြောင်းရွှေ့ခဲ့တာပါ။

ကမ်းလှမ်းမှုတွေထဲမှာ PSG အသင်းရဲ့ ကမ်းလှမ်းမှုက မငြင်းဆန်နိုင်အောင်ကောင်းမွန်တာကြောင့် လက်ခံခဲ့တာဖြစ်ပြီး ရာမို့စ်ဟာ အသင်းနဲ့(၂)နှစ်စာချုပ်ချုပ်ဆိုခဲ့သလို PSG အသင်းမှာ (၁)နှစ်ကို ပေါင်(၁၀.၃)သန်းရရှိမှာဖြစ်တဲ့အပြင် ဆုကြေးတွေအပါအဝင်ဆိုရင် ပေါင်(၁၃)သန်းအထိရရှိမှာဖြစ်ပါတယ်။

PSG နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီးတဲ့နောက် ရာမို့စ်က “PSG အသင်းဆီပြောင်းရွှေ့ခွင့်ရခဲ့တဲ့အတွက် ကျွန်တော် ဝမ်းမြောက်ကျေနပ်မိပါတယ်။
ဒါဟာ ကျွန်တော့်ဘဝအတွက် ကြီးမားတဲ့အပြောင်းအလဲ၊ စိန်ခေါ်မှုအသစ်တစ်ခုဖြစ်သလို ဒီနေ့ကို ဘယ်တော့မှ မေ့နိုင်မှာမဟုတ်တော့ပါဘူး။ PSG အသင်းရဲ့ အမျှော်အမြင်ကြီးမားတဲ့စီမံကိန်းတွေထဲမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ခွင့်ရခဲ့ပြီဖြစ်သလို ထိပ်တန်းအဆင့်ကစားသမားတွေရှိတဲ့ အသင်းတစ်သင်းကို ရောက်ရှိခဲ့တာကြောင့်လည်း ဝမ်းမြောက်မိပါတယ်။ အသင်းအတွက် ဆုဖလားတွေရရှိအောင် အခုထက်ပိုတိုးတက်လာအောင် ကျွန်တော်ကူညီပေးသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

zawgyi

ခ်န္ပီယံလိဂ္ဝင္ခြင့္မေသခ်ာလို၌ အာဆင္နယ္ကို ျငင္းဆန္ၿပီး PSG အသင္းဆီေျပာင္းေ႐ႊ႕ခဲ့တဲ့ ရာမို႔စ္

အခုရက္ပိုင္းအတြင္း PSG အသင္းနဲ႔ တရားဝင္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တဲ့
စပိန္ဝါရင့္ေနာက္ခံလူရာမို႔စ္ဟာ PSG အသင္းကို မေျပာင္းခင္ ပရီးမီးယားလိဂ္နာမည္ေက်ာ္ကလပ္ေတြျဖစ္တဲ့ မန္စီးတီး၊ အာဆင္နယ္အသင္းတို႔က သူ႔ကို ခ်ိတ္ဆက္ခဲ့ေပမယ့္ ျငင္းဆန္ခဲ့ၿပီး PSG ကိုသာေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

ရာမို႔စ္ဟာ (၁၆)ႏွစ္ၾကာကစားခဲ့တဲ့ ရီးယဲလ္အသင္းနဲ႔ ၿပီးခဲ့တဲ့ရာသီကုန္မွာ လမ္းခြဲခဲ့ၿပီး
ကမာၻ႔အဆင့္စာရင္းဝင္ေနာက္ခံလူတစ္ဦးျဖစ္တဲ့ ရာမို႔စ္ကို အလြတ္နဲ႔ေခၚယူခြင့္ရမွာျဖစ္လို႔ ဥေရာပထိပ္သီးအသင္းေတြက အၿပိဳင္ႀကိဳးပမ္းခဲ့ၾကပါတယ္။

အဲဒီကလပ္ေတြထဲမွာ မန္စီးတီးနဲ႔ အာဆင္နယ္အသင္းတို႔လည္း ပါဝင္ခဲ့ၿပီး အာဆင္နယ္အသင္းက (၁)ႏွစ္ကို ေပါင္(၁၅)သန္းတန္ေၾကးနဲ႔ (၂)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ကမ္းလွမ္းခဲ့ေပမယ့္

အာဆင္နယ္အသင္းဟာ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္မရခဲ့တဲ့အတြက္ ရာမို႔စ္က ျငင္းဆန္ခဲ့တာျဖစ္ပါတယ္။

မန္စီးတီးအသင္းကေတာ့ ရာမို႔စ္ကို ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုၿပီး စာခ်ဳပ္ပါအခ်က္အလက္အရ ရာမို႔စ္ဟာ မန္စီးတီးအသင္းရဲ႕မိတ္ဖက္ကလပ္ျဖစ္တဲ့ ေမဂ်ာလိဂ္က
နယူးေယာ့ခ္စီးတီးအသင္းမွာ (၃)ႏွစ္ကစားရမယ္ဆိုတဲ့အခ်က္ပါဝင္ခဲ့ေပမယ့္ ရာမို႔စ္ဟာ မန္စီးတီးအသင္းရဲ႕ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့ၿပီးေတာ့ PSG အသင္းကိုသာ ေျပာင္းေ႐ႊ႕ခဲ့တာပါ။

ကမ္းလွမ္းမႈေတြထဲမွာ PSG အသင္းရဲ႕ ကမ္းလွမ္းမႈက မျငင္းဆန္ႏိုင္ေအာင္ေကာင္းမြန္တာေၾကာင့္ လက္ခံခဲ့တာျဖစ္ၿပီး ရာမို႔စ္ဟာ အသင္းနဲ႔(၂)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့သလို PSG အသင္းမွာ (၁)ႏွစ္ကို ေပါင္(၁၀.၃)သန္းရရွိမွာျဖစ္တဲ့အျပင္ ဆုေၾကးေတြအပါအဝင္ဆိုရင္ ေပါင္(၁၃)သန္းအထိရရွိမွာျဖစ္ပါတယ္။

PSG နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီးတဲ့ေနာက္ ရာမို႔စ္က “PSG အသင္းဆီေျပာင္းေ႐ႊ႕ခြင့္ရခဲ့တဲ့အတြက္ ကြၽန္ေတာ္ ဝမ္းေျမာက္ေက်နပ္မိပါတယ္။
ဒါဟာ ကြၽန္ေတာ့္ဘဝအတြက္ ႀကီးမားတဲ့အေျပာင္းအလဲ၊ စိန္ေခၚမႈအသစ္တစ္ခုျဖစ္သလို ဒီေန႔ကို ဘယ္ေတာ့မွ ေမ့ႏိုင္မွာမဟုတ္ေတာ့ပါဘူး။

PSG အသင္းရဲ႕ အေမွ်ာ္အျမင္ႀကီးမားတဲ့စီမံကိန္းေတြထဲမွာ တစ္စိတ္တစ္ပိုင္းအျဖစ္ ပါဝင္ခြင့္ရခဲ့ၿပီျဖစ္သလို ထိပ္တန္းအဆင့္ကစားသမားေတြရွိတဲ့ အသင္းတစ္သင္းကို ေရာက္ရွိခဲ့တာေၾကာင့္လည္း ဝမ္းေျမာက္မိပါတယ္။

အသင္းအတြက္ ဆုဖလားေတြရရွိေအာင္ အခုထက္ပိုတိုးတက္လာေအာင္ ကြၽန္ေတာ္ကူညီေပးသြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။