ကေျာနံပါတ် ( ၈ ) လိုချင်တဲ့ ဖာနန်ဒက်စ်ကို မာတာ သတိပေး

ဂျူအန် မာတာက မန်ချက်စတာ ယူနိုက်တက်အသင်းဖော် ဘရူနို ဖာနန်ဒက်စ်အနေနဲ့ သူ့ရဲ့ ကျောနံပါတ် ( ၈ ) ကို အလိုရှိပါက စောင့်ဆိုင်းရမယ်လို့ ပြောကြားလိုက်ပါတယ်။

စပိန်ကွင်းလယ်ကစားသမားဟာ စာချုပ်သစ် ချုပ်ဆိုခဲ့ပြီးနောက် လက်ရှိနံပါတ်ကို ဆက်လက်ဝတ်ဆင်သွားဖို့ရှိပြီး လာမယ့်ရာသီ အိုလေ ဂန်းနား ဆိုးရှားရဲ့ အစီအစဉ်တွေထဲမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပါဝင်လာပါလိမ့်မယ်။

မာတာက အိုးထရတ်ဖို့ဒ်မှာ ( ၉ ) ရာသီမြောက် ကစားဖို့အတွက် စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပြီးနောက် ဘရူနို ဖာနန်ဒစ်က “ နံပါတ် ( ၈ ) ကို ရရှိဖို့ နောက်ထပ်တစ်နှစ် စောင့်ရတော့မယ်လို့ ထင်ပါတယ်။”လို့ ဆိုရှယ်မီဒီယာကနေ ဟာသနှောပြောဆိုခဲ့တာဖြစ်ပါတယ်။

ဂျူအန် မာတာက မန်ယူနိုက်တက်ရဲ့ တရားဝင် ဝက်ဆိုဒ်နဲ့ အင်တာဗျူး ပြုလုပ်ရာမှာ ပေါ်တူဂီ ကြယ်ပွင့် အနေနဲ့ ( ၁ ) နှစ်ထက် ပိုကြာပြီးစောင့်ရနိုင်ဖွယ်ရှိကြောင်း ဆိုခဲ့တာဖြစ်ပါတယ်။

အသက် ( ၃၃ ) နှစ်အရွယ် ကွင်းလယ်လူက “ အနည်းဆုံး နောက်ထပ်တစ်နှစ်ပေါ့။”လို့ ရယ်မောပြီး ပြောဆိုခဲ့ပါတယ်။

“ ကျွန်တော် ဒီမှာ ဆက်ရှိနေတဲ့အပေါ် သူ့အနေနဲ့ ပျော်ရွှင်မယ်လို့ ထင်ပါတယ်။

ကျွန်တော်ကလည်း သူနဲ့ ကစားခွင့်ရတာပျော်ပါတယ်။


သူဒီကိုရောက်လာကတည်းက ကျွန်တော်တို့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။

သူက ကွင်းတွင်းရော ကွင်းပြင်ပမှာပါ ကျွန်တော်တို့အတွက် တကယ်ကောင်းမွန်သူပါ။


တခြားသူတွေအတွက် စံပြပါပဲ ။

ကံမကောင်းတာက သူ့အနေနဲ့ ( နံပါတ် ၈ ကိုရဖို့ ) နောက်ထပ်တစ်နှစ် စောင့်ရအုံးမှာဖြစ်ပါတယ်။”

မာတာက ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ ကာရင်တန်လေ့ကျင့်ရေးကွင်းကို ပြန်လည် ရောက်ရှိလာတဲ့ ကစားသမားတွေထဲ ပါဝင်ခဲ့ပေမယ့် ဘရူနို ကတော့ နိုင်ငံလက်ရွေးစင်အသင်းနဲ့အတူ ယူရို ( ၂၀၂၀ ) ကစားခဲ့ပြီးနောက် လက်ရှိမှာ အနားယူလျက်ရှိပါတယ်။

ကွင်းလယ်ကစားသမား မာတာဟာ လာမယ့် ( ၁၈ ) ရက်နေ့ ယူနိုက်တက်ကစားသမားဟောင်း ဝိန်း ရွန်းနီရဲ့ ဒါဘီကောင်တီအသင်းနဲ့ ယှဉ်ပြိုင်မယ့် ပထမဆုံး ရာသီကြိုခြေစမ်းပွဲစဉ်မှာ ပါဝင်လာဖို့ရှိပါတယ်။

Zawgyi

ေက်ာနံပါတ္ ( ၈ ) လိုခ်င္တဲ့ ဖာနန္ဒက္စ္ကို မာတာ သတိေပး

ဂ်ဴအန္ မာတာက မန္ခ်က္စတာ ယူႏိုက္တက္အသင္းေဖာ္ ဘ႐ူႏို ဖာနန္ဒက္စ္အေနနဲ႔ သူ႔ရဲ႕ ေက်ာနံပါတ္ ( ၈ ) ကို အလိုရွိပါက ေစာင့္ဆိုင္းရမယ္လို႔ ေျပာၾကားလိုက္ပါတယ္။

စပိန္ကြင္းလယ္ကစားသမားဟာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့ၿပီးေနာက္ လက္ရွိနံပါတ္ကို ဆက္လက္ဝတ္ဆင္သြားဖို႔ရွိၿပီး လာမယ့္ရာသီ အိုေလ ဂန္းနား ဆိုးရွားရဲ႕ အစီအစဥ္ေတြထဲမွာ အေရးႀကီးတဲ့ အစိတ္အပိုင္းတစ္ရပ္အေနနဲ႔ ပါဝင္လာပါလိမ့္မယ္။

မာတာက အိုးထရတ္ဖို႔ဒ္မွာ ( ၉ ) ရာသီေျမာက္ ကစားဖို႔အတြက္ စာခ်ဳပ္သက္တမ္းတိုးႏိုင္ခဲ့ၿပီးေနာက္ ဘ႐ူႏို ဖာနန္ဒစ္က “ နံပါတ္ ( ၈ ) ကို ရရွိဖို႔ ေနာက္ထပ္တစ္ႏွစ္ ေစာင့္ရေတာ့မယ္လို႔ ထင္ပါတယ္။”လို႔ ဆိုရွယ္မီဒီယာကေန ဟာသေႏွာေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဂ်ဴအန္ မာတာက မန္ယူႏိုက္တက္ရဲ႕ တရားဝင္ ဝက္ဆိုဒ္နဲ႔ အင္တာဗ်ဴး ျပဳလုပ္ရာမွာ ေပၚတူဂီ ၾကယ္ပြင့္ အေနနဲ႔ ( ၁ ) ႏွစ္ထက္ ပိုၾကာၿပီးေစာင့္ရႏိုင္ဖြယ္ရွိေၾကာင္း ဆိုခဲ့တာျဖစ္ပါတယ္။

အသက္ ( ၃၃ ) ႏွစ္အ႐ြယ္ ကြင္းလယ္လူက “ အနည္းဆုံး ေနာက္ထပ္တစ္ႏွစ္ေပါ့။”လို႔ ရယ္ေမာၿပီး ေျပာဆိုခဲ့ပါတယ္။

“ ကြၽန္ေတာ္ ဒီမွာ ဆက္ရွိေနတဲ့အေပၚ သူ႔အေနနဲ႔ ေပ်ာ္႐ႊင္မယ္လို႔ ထင္ပါတယ္။

ကြၽန္ေတာ္ကလည္း သူနဲ႔ ကစားခြင့္ရတာေပ်ာ္ပါတယ္။
သူဒီကိုေရာက္လာကတည္းက ကြၽန္ေတာ္တို႔ၾကားမွာ ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိပါတယ္။

သူက ကြင္းတြင္းေရာ ကြင္းျပင္ပမွာပါ ကြၽန္ေတာ္တို႔အတြက္ တကယ္ေကာင္းမြန္သူပါ။
တျခားသူေတြအတြက္ စံျပပါပဲ ။

ကံမေကာင္းတာက သူ႔အေနနဲ႔ ( နံပါတ္ ၈ ကိုရဖို႔ ) ေနာက္ထပ္တစ္ႏွစ္ ေစာင့္ရအုံးမွာျဖစ္ပါတယ္။”

မာတာက ရာသီသစ္အတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ဖို႔ ကာရင္တန္ေလ့က်င့္ေရးကြင္းကို ျပန္လည္ ေရာက္ရွိလာတဲ့ ကစားသမားေတြထဲ ပါဝင္ခဲ့ေပမယ့္ ဘ႐ူႏို ကေတာ့ ႏိုင္ငံလက္ေ႐ြးစင္အသင္းနဲ႔အတူ ယူ႐ို ( ၂၀၂၀ ) ကစားခဲ့ၿပီးေနာက္ လက္ရွိမွာ အနားယူလ်က္ရွိပါတယ္။

ကြင္းလယ္ကစားသမား မာတာဟာ လာမယ့္ ( ၁၈ ) ရက္ေန႔ ယူႏိုက္တက္ကစားသမားေဟာင္း ဝိန္း ႐ြန္းနီရဲ႕ ဒါဘီေကာင္တီအသင္းနဲ႔ ယွဥ္ၿပိဳင္မယ့္ ပထမဆုံး ရာသီႀကိဳေျခစမ္းပြဲစဥ္မွာ ပါဝင္လာဖို႔ရွိပါတယ္။