ကိုယ့်ကိုကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့တဲ့ ဆာလာရဲ့ ညီမ ဖြစ်သူ ရိုမီနာ

လေယာဥ်ပျက်ကျမှုကြောင့် ဆုံးပါးသွားခဲ့ရှာတဲ့ တိုက်စစ်မှူး ဆာလာရဲ့ ညီမဖြစ်သူ ရိုမီနာကတော့ သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ကြိုးစားခဲ့တာကြောင့် သတိမေ့နေပြီး ကံကောင်းစွာနဲ့ မဆုံးပါးခဲ့ပေမယ့် လက်ရှိမှာတော့ စိုးရိမ်ရတဲ့ အခြေအနေမှာပါပဲ။

(၆) နှစ်အရွယ် သားလေးရဲ့ မိခင်ဖြစ်သူ အသက် (၂၉) နှစ်အရွယ် ရိုမီနာဟာ သူ့ရဲ့ နေအိမ်မှာ သူ့ရဲ့ သူငယ်ချင်းက သတိမေ့နေတာကို တွေ့ပြီးနောက် ပြီးခဲ့တဲ့ တနင်္လာနေ့ညမှာပဲ အာဂျင်တီးနားနိုင်ငံ၊ ဆန်ဆာဖီမြို့က ဆေးရုံကို အမြန် ပို့ခဲ့ရပါတယ်။

ရိုမီနာကတော့ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်က အင်္ဂလန် ရေလက်ကြားမှာ လေယာဥ်ပျက်ကျပြီး ဆုံးပါးခဲ့ရှာတဲ့ သူ့ရဲ့ အစ်ကို ဖြစ်သူ ဆာလာရဲ့ သေဆုံးမှုနဲ့ ပက်သက်ပြီး တရားမျှတမှု ရရှိဖို့အတွက် သူတို့ရဲ့ မိသားစုမှာ အဓိက လှုပ်ရှားတဲ့ သူပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ရိုမီနာရဲ့ ကျန်းမာရေးနဲ့ ပက်သက်ပြီး အာဂျင်တီးနား အခြေစိုက် La Nacion သတင်းမှာ ဆရာဝန် ပြောတာကတော့ “သူမကို အသက်ရူစက် ပေးရပါတယ်။ သူမရဲ့အခြေအနေကတော့ စိုးရိမ်ရပါတယ်´´လို့ ပြောသွားပါတယ်။

ရိုမီနာကတော့ ပျောက်ဆုံးနေခဲ့တဲ့ သူ့ရဲ့ အစ်ကို ဆာလာရဲ့ ခန္ဓကိုယ်ကို အင်္ဂလန် ရေလက်ကြားမှာ ရှာဖွေမှု ပြုလုပ်ခဲ့ကြစဥ်က အာဂျင်တီးနားကနေ အင်္ဂလန်ကို ရောက်ရှိလာပြီး သူတို့ရဲ့ မိသားစုမှာ အဓိက ပြောရေးဆိုခွင့် ရှိသူ ဖြစ်နေခဲ့ပါတယ်။

အသက် (၂၈) နှစ်အရွယ် ဆာလာဟာ လွန်ခဲ့တဲ့ (၂၀၁၉) ခုနှစ်က နန့်တက်စ်အသင်းကနေ ကာဒစ်အသင်းကို ပေါင် (၁၅) သန်းနဲ့ ပြောင်းဖို့အတွက် အင်္ဂလန်နိုင်ငံကို လေယာဥ်နဲ့ လာရောက်ခဲ့စဥ်မှာ လေယာဥ်ပျက်ကျခဲ့တာကြောင့် ဆုံးပါးခဲ့တာပါ။

ရှာဖွေရေး အဖွဲ့ဟာ ပျောက်ဆုံးနေတဲ့ ဆာလာကို (၂) ပတ်ကြာ ရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့တာ ဖြစ်ပြီး မိသားစုက အခကြေး ပေးပြီး သီးသန့် ရှာဖွေရေး ပြုလုပ်ပြီးမှသာ ရှာတွေ့ခဲ့ကြပြီး သူ့ရဲ့ ခန္ဓကိုယ်ကို အာဂျင်တီးနားနိုင်ငံကို ပြန်ယူလာခဲ့ပါတယ်။

ရိုမီနာဟာ သူ့ရဲ့အစ်ကို ဆာလာ ဆုံးပါးပြီးနောက် ဆာလာရဲ့အကြောင်းကို လူမှုကွန်ရက်တွေပေါ်မှာ တင်နေခဲ့ပြီး သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ကြိုးစားရတဲ့ အကြောင်းအရင်းကို မသိရတာ ဖြစ်ပြီး အခု ဆေးရုံပေါ်မှာ အရေးပေါ် ကုသမှု ခံယူနေရဆဲပါ။

 

Zawgyi

ကိုယ့္ကိုကိုယ္ အဆုံးစီရင္ဖို႔ ႀကိဳးစားခဲ့တဲ့ ဆာလာရဲ႕ ညီမ ျဖစ္သူ ႐ိုမီနာ

ေလယာဥ္ပ်က္က်မႈေၾကာင့္ ဆုံးပါးသြားခဲ့ရွာတဲ့ တိုက္စစ္မႉး ဆာလာရဲ႕ ညီမျဖစ္သူ ႐ိုမီနာကေတာ့ သူ႔ကိုယ္သူ အဆုံးစီရင္ဖို႔ ႀကိဳးစားခဲ့တာေၾကာင့္ သတိေမ့ေနၿပီး ကံေကာင္းစြာနဲ႔ မဆုံးပါးခဲ့ေပမယ့္ လက္ရွိမွာေတာ့ စိုးရိမ္ရတဲ့ အေျခအေနမွာပါပဲ။

(၆) ႏွစ္အ႐ြယ္ သားေလးရဲ႕ မိခင္ျဖစ္သူ အသက္ (၂၉) ႏွစ္အ႐ြယ္ ႐ိုမီနာဟာ သူ႔ရဲ႕ ေနအိမ္မွာ သူ႔ရဲ႕ သူငယ္ခ်င္းက သတိေမ့ေနတာကို ေတြ႕ၿပီးေနာက္ ၿပီးခဲ့တဲ့ တနလၤာေန႔ညမွာပဲ အာဂ်င္တီးနားႏိုင္ငံ၊ ဆန္ဆာဖီၿမိဳ႕က ေဆး႐ုံကို အျမန္ ပို႔ခဲ့ရပါတယ္။

႐ိုမီနာကေတာ့ ၿပီးခဲ့တဲ့ (၂၀၁၉) ခုႏွစ္က အဂၤလန္ ေရလက္ၾကားမွာ ေလယာဥ္ပ်က္က်ၿပီး ဆုံးပါးခဲ့ရွာတဲ့ သူ႔ရဲ႕ အစ္ကို ျဖစ္သူ ဆာလာရဲ႕ ေသဆုံးမႈနဲ႔ ပက္သက္ၿပီး တရားမွ်တမႈ ရရွိဖို႔အတြက္ သူတို႔ရဲ႕ မိသားစုမွာ အဓိက လႈပ္ရွားတဲ့ သူပဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ အဂၤါေန႔မွာ ႐ိုမီနာရဲ႕ က်န္းမာေရးနဲ႔ ပက္သက္ၿပီး အာဂ်င္တီးနား အေျခစိုက္ La Nacion သတင္းမွာ ဆရာဝန္ ေျပာတာကေတာ့ “သူမကို အသက္႐ူစက္ ေပးရပါတယ္။ သူမရဲ႕အေျခအေနကေတာ့ စိုးရိမ္ရပါတယ္´´လို႔ ေျပာသြားပါတယ္။

႐ိုမီနာကေတာ့ ေပ်ာက္ဆုံးေနခဲ့တဲ့ သူ႔ရဲ႕ အစ္ကို ဆာလာရဲ႕ ခႏၶကိုယ္ကို အဂၤလန္ ေရလက္ၾကားမွာ ရွာေဖြမႈ ျပဳလုပ္ခဲ့ၾကစဥ္က အာဂ်င္တီးနားကေန အဂၤလန္ကို ေရာက္ရွိလာၿပီး သူတို႔ရဲ႕ မိသားစုမွာ အဓိက ေျပာေရးဆိုခြင့္ ရွိသူ ျဖစ္ေနခဲ့ပါတယ္။

အသက္ (၂၈) ႏွစ္အ႐ြယ္ ဆာလာဟာ လြန္ခဲ့တဲ့ (၂၀၁၉) ခုႏွစ္က နန္႔တက္စ္အသင္းကေန ကာဒစ္အသင္းကို ေပါင္ (၁၅) သန္းနဲ႔ ေျပာင္းဖို႔အတြက္ အဂၤလန္ႏိုင္ငံကို ေလယာဥ္နဲ႔ လာေရာက္ခဲ့စဥ္မွာ ေလယာဥ္ပ်က္က်ခဲ့တာေၾကာင့္ ဆုံးပါးခဲ့တာပါ။

ရွာေဖြေရး အဖြဲ႕ဟာ ေပ်ာက္ဆုံးေနတဲ့ ဆာလာကို (၂) ပတ္ၾကာ ရွာေဖြခဲ့ေပမယ့္ မေတြ႕ခဲ့တာ ျဖစ္ၿပီး မိသားစုက အခေၾကး ေပးၿပီး သီးသန္႔ ရွာေဖြေရး ျပဳလုပ္ၿပီးမွသာ ရွာေတြ႕ခဲ့ၾကၿပီး သူ႔ရဲ႕ ခႏၶကိုယ္ကို အာဂ်င္တီးနားႏိုင္ငံကို ျပန္ယူလာခဲ့ပါတယ္။

႐ိုမီနာဟာ သူ႔ရဲ႕အစ္ကို ဆာလာ ဆုံးပါးၿပီးေနာက္ ဆာလာရဲ႕အေၾကာင္းကို လူမႈကြန္ရက္ေတြေပၚမွာ တင္ေနခဲ့ၿပီး သူ႔ကိုယ္သူ အဆုံးစီရင္ဖို႔ ႀကိဳးစားရတဲ့ အေၾကာင္းအရင္းကို မသိရတာ ျဖစ္ၿပီး အခု ေဆး႐ုံေပၚမွာ အေရးေပၚ ကုသမႈ ခံယူေနရဆဲပါ။