ကမ္ဘာ့အချမ်းသာဆုံးဒိုင်လူကြီးကို ယူရိုဗိုလ်လုပွဲအတွက် တာဝန်ပေး

ဥရောပဘောလုံးအဖွဲ့ချုပ် UEFA က လာမယ့် တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ကစားမယ့် အင်္ဂလန်-အီတလီ တို့ရဲ့ ယူရို ၂၀၂၀ ဗိုလ်လုပွဲကို ကိုင်တွယ်ဖို့ နယ်သာလန်လူမျိုးကွင်းလယ်ဒိုင်ကို တာဝန်ပေးခဲ့ပါတယ်။

Bjorn Kuipers လို့အမည်ရတဲ့ ကွင်းလယ်ဒိုင်လူကြီးဟာ ကမ္ဘာပေါ်ကဒိုင်လူကြီးတွေထဲမှာ အချမ်းသာဆုံးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ သူဖြစ်ပါတယ်။

သူ့ရဲ့ ပိုင်ဆိုင်မှုဟာ ပေါင် ၁၁.၅ သန်း အထိရှိတယ်လို့ ၂၀၁၆ ခုနှစ်ကထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
လက်ရှိ ၂၀၂၁ မှာတော့ သူ့ရဲ့ပိုင်ဆိုင်မှုဟာ ပေါင် ၁၁.၅ သန်းထက်ပိုပြီးများနေပြီလို့လည်း သတင်းတွေကဆိုပါတယ်။

အသက် ၄၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Bjorn Kuipers ဟာ သူ့ရဲ့မွေးရပ်မြေ နယ်သာလန် နိုင်ငံမှာ “ Jumbo Kuipers “ လို့ခေါ်တဲ့ စူပါမားကတ်ကို တွဲဖက်တည်ထောင်ထားတဲ့ အောင်မြင်တဲ့စီးပွါးရေးလုပ်ငန်းရှင် တယောက်ဖြစ်ပါတယ်။

သူ့ရဲ့ စူပါမားကတ်လုပ်ငန်းဖြစ်တဲ့ Jumbo Kuipers ကနေ နှစ်စဉ်အမြတ်စွန်းများစွာရရှိနေပြီး ဖော်မြူလာဝမ်းကားပြိုင်ပွဲဝင် Max Verstappen ကို တောင် စပွန်စာပေးထားနိုင်တဲ့ လုပ်ငန်းတခုဖြစ်ပါတယ်။

Bjorn ဟာ စီးပွါးရေးမှာအောင်မြင်တဲ့ လူတယောက်ဖြစ်သလို ဝါသနာပါရာအလုပ်ဖြစ်တဲ့ ဒိုင်လူကြီးဘဝမှာလည်း အတော်လေးလူလေးစားခံရတဲ့ ဒိုင်လူကြီးတွေထဲကတယောက်ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ပွဲကြီးတွေမှာ မကြာခဏဆိုသလို တာဝန်ပေးခံရတဲ့ သူဖြစ်ပြီး သူ့ဘဝမှာ ( အင်္ဂလန်-အီတလီ ပွဲအပါအဝင် ) ဗိုလ်လုပွဲ ၇ ကြိမ်ကို တာဝန်ယူကိုင်တွယ်ခွင့်ရရှိခဲ့ပါတယ်။

Bjorn Kuipers နဲ့ ပက်သက်ပြီး လူပြောများခဲ့တဲ့ ကိစ္စတခုတော့ ပြီးခဲ့တဲ့ မေလ ကဖြစ်ပေါ်ခဲ့ပါတယ်။

မန်စီးတီး နဲ့ PSG တို့ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲမှာ သူ့ကို စောဒကဝိုင်းတက်နေတဲ့ PSG ကွင်းလယ်လူ ပါရီဒက်စ် ကို


“ လဲသေလိုက်ကွာ “ ဆိုပြီး ပြောခဲ့သလို PSG ရဲ့ အီတလီ ကွင်းလယ်လူ ဗာရက်တီ ကိုလည်း ဆဲဆိုခဲ့တယ်ဆိုပြီး

ပွဲအပြီးမှာ PSG ကစားသမားတွေက စွပ်စွဲပြောကြားခဲ့ဖူးပါတယ်။

ဒီနှစ်ယူရိုပြိုင်ပွဲမှာ ဒိန်းမတ်-ဘယ်လ်ဂျီယံ ၊ စပိန်-စလိုဗက်ကီးယား ၊ ချက်-ဒိန်းမတ် စတဲ့ပွဲတွေကိုင်တွယ်ခဲ့တဲ့ Bjorn Kuipers အတွက်

ယူရို ၂၀၂၀ ဗိုလ်လုပွဲဟာ လေးပွဲမြောက်အဖြစ် တာဝန်ယူကိုင်တွယ်မယ့် ပွဲစဉ်ပဲဖြစ်ပါတယ်။

 

Zawgyi

ကမာၻ႔အခ်မ္းသာဆုံးဒိုင္လူႀကီးကို ယူ႐ိုဗိုလ္လုပြဲအတြက္ တာဝန္ေပး

ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္ UEFA က လာမယ့္ တနဂၤေႏြေန႔မွာ ယွဥ္ၿပိဳင္ကစားမယ့္ အဂၤလန္-အီတလီ တို႔ရဲ႕ ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲကို ကိုင္တြယ္ဖို႔ နယ္သာလန္လူမ်ိဳးကြင္းလယ္ဒိုင္ကို တာဝန္ေပးခဲ့ပါတယ္။

Bjorn Kuipers လို႔အမည္ရတဲ့ ကြင္းလယ္ဒိုင္လူႀကီးဟာ ကမာၻေပၚကဒိုင္လူႀကီးေတြထဲမွာ အခ်မ္းသာဆုံးအျဖစ္ သတ္မွတ္ျခင္းခံထားရတဲ့ သူျဖစ္ပါတယ္။ သူ႔ရဲ႕ ပိုင္ဆိုင္မႈဟာ ေပါင္ ၁၁.၅ သန္း အထိရွိတယ္လို႔ ၂၀၁၆ ခုႏွစ္ကထုတ္ျပန္ထားတဲ့ စာရင္းေတြအရ သိရပါတယ္။
လက္ရွိ ၂၀၂၁ မွာေတာ့ သူ႔ရဲ႕ပိုင္ဆိုင္မႈဟာ ေပါင္ ၁၁.၅ သန္းထက္ပိုၿပီးမ်ားေနၿပီလို႔လည္း သတင္းေတြကဆိုပါတယ္။

အသက္ ၄၈ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ Bjorn Kuipers ဟာ သူ႔ရဲ႕ေမြးရပ္ေျမ နယ္သာလန္ ႏိုင္ငံမွာ “ Jumbo Kuipers “ လို႔ေခၚတဲ့ စူပါမားကတ္ကို တြဲဖက္တည္ေထာင္ထားတဲ့ ေအာင္ျမင္တဲ့စီးပြါးေရးလုပ္ငန္းရွင္ တေယာက္ျဖစ္ပါတယ္။

သူ႔ရဲ႕ စူပါမားကတ္လုပ္ငန္းျဖစ္တဲ့ Jumbo Kuipers ကေန ႏွစ္စဥ္အျမတ္စြန္းမ်ားစြာရရွိေနၿပီး ေဖာ္ျမဴလာဝမ္းကားၿပိဳင္ပြဲဝင္ Max Verstappen ကို ေတာင္ စပြန္စာေပးထားႏိုင္တဲ့ လုပ္ငန္းတခုျဖစ္ပါတယ္။

Bjorn ဟာ စီးပြါးေရးမွာေအာင္ျမင္တဲ့ လူတေယာက္ျဖစ္သလို ဝါသနာပါရာအလုပ္ျဖစ္တဲ့ ဒိုင္လူႀကီးဘဝမွာလည္း အေတာ္ေလးလူေလးစားခံရတဲ့ ဒိုင္လူႀကီးေတြထဲကတေယာက္ျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ ပြဲႀကီးေတြမွာ မၾကာခဏဆိုသလို တာဝန္ေပးခံရတဲ့ သူျဖစ္ၿပီး သူ႔ဘဝမွာ ( အဂၤလန္-အီတလီ ပြဲအပါအဝင္ ) ဗိုလ္လုပြဲ ၇ ႀကိမ္ကို တာဝန္ယူကိုင္တြယ္ခြင့္ရရွိခဲ့ပါတယ္။

Bjorn Kuipers နဲ႔ ပက္သက္ၿပီး လူေျပာမ်ားခဲ့တဲ့ ကိစၥတခုေတာ့ ၿပီးခဲ့တဲ့ ေမလ ကျဖစ္ေပၚခဲ့ပါတယ္။
မန္စီးတီး နဲ႔ PSG တို႔ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္ပြဲမွာ သူ႔ကို ေစာဒကဝိုင္းတက္ေနတဲ့ PSG ကြင္းလယ္လူ ပါရီဒက္စ္ ကို
“ လဲေသလိုက္ကြာ “ ဆိုၿပီး ေျပာခဲ့သလို PSG ရဲ႕ အီတလီ ကြင္းလယ္လူ ဗာရက္တီ ကိုလည္း ဆဲဆိုခဲ့တယ္ဆိုၿပီး
ပြဲအၿပီးမွာ PSG ကစားသမားေတြက စြပ္စြဲေျပာၾကားခဲ့ဖူးပါတယ္။

ဒီႏွစ္ယူ႐ိုၿပိဳင္ပြဲမွာ ဒိန္းမတ္-ဘယ္လ္ဂ်ီယံ ၊ စပိန္-စလိုဗက္ကီးယား ၊ ခ်က္-ဒိန္းမတ္ စတဲ့ပြဲေတြကိုင္တြယ္ခဲ့တဲ့ Bjorn Kuipers အတြက္
ယူ႐ို ၂၀၂၀ ဗိုလ္လုပြဲဟာ ေလးပြဲေျမာက္အျဖစ္ တာဝန္ယူကိုင္တြယ္မယ့္ ပြဲစဥ္ပဲျဖစ္ပါတယ္။