အင်္ဂလန်ကို ဂယ်ရီနဗီးလ်နဲ့ ရွိုင်ကိန်းတို့ ဘာပြောခဲ့သလဲ

နိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ ဗိုလ်လုပွဲပြန်ရောက်ဖို့ ၅၅ နှစ်ကြာမက်ခဲ့ရတဲ့ အင်္ဂလန် ရဲ့ အိမ်မက်တွေက ဒိန်းမတ် နဲ့ပွဲမှာတော့ အကောင်အထည်ပေါ်သွားခဲ့ပါတယ်။
ဒီနှစ်ယူရိုပြိုင်ပွဲမှာ မထင်ထားတာတွေလုပ်ပြဖို့အသင့်ရှိနေခဲ့တဲ့ ဒိန်းမတ် ကို အင်္ဂလန် တို့ ခက်ခက်ခဲခဲကစားခဲ့ရပြီး အနိုင်ရဖို့ရုန်းကန်ခဲ့ရပါတယ်။
အချိန်ပိုမှာ ရခဲ့တဲ့ အငြင်းပွါးဖွယ်ပင်နယ်တီကြောင့်သာ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။


ဘောလုံးဝေဖန်သုံးသပ်သူတွေဖြစ်ကြတဲ့ ဂယ်ရီနဗီးလ် ၊ ရွိုင်ကိန်း နဲ့ အီယန်ရိုက် တို့ကတော့ အင်္ဂလန်အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် အခုလိုပြောကြားသွားခဲ့ပါတယ်။


ဂယ်ရီနဗီးလ် “ ဒိန်းမတ် က အဆုံးသတ်မှာဘာပဲဖြစ်ဖြစ်ဆိုတဲ့ အလွန်ပြောင်မြောက်တဲ့ပုံစံမျိုးနဲ့ ဒီပွဲကိုကစားသွားခဲ့တာပါ။

ဒါပေမဲ့ နည်းပြဆောက်ဂိတ် ၊ အင်္ဂလန်ကစားသမားတွေ နဲ့ ရှိသမျှဝန်ထမ်းတွေအားလုံးရဲ့ စွမ်းဆောင်ရည်က မယုံနိုင်စရာပါပဲ “ လို့ ချီးကျူးခဲ့ပါတယ်။

ကစားသမားတွေနဲ့ နည်းပြတွေကို မညှာမတာဝေဖန်လေ့ရှိတဲ့ ရွိုင်ကိန်း က “ ခေါင်းဆောင်မှု ၊ လုပ်ရဲကိုင်ရဲတဲ့ သတ္တိရှိမှု ဆိုတဲ့ ပုံစံတွေကို ဆောက်ဂိတ် ဆီမှာ ခင်ဗျားတို့မြင်ရမှာပါ။

သူလုပ်ရမယ့် အလုပ်တခုကို ဆောက်ဂိတ် က ပြောင်မြောက်စွာ လုပ်ဆောင်သွားတာပါ။
သူ့အတွက် ကျွန်တော် ဝမ်းမြောက်မိသလို အင်္ဂလန်ကလည်း ဒီနိုင်ပွဲနဲ့ တကယ်ကို ထိုက်တန်ခဲ့ပါတယ် “ လို့ ပြောခဲ့ပါတယ်။

အာဆင်နယ် ဂန္တဝင်ကစားသမားဟောင်း အီယန် ရိုက် ကတော့ တိုက်စစ်ကစားသမား စတာလင် ကို အခုလိုချီးကျုးသွားခဲ့ပါတယ်။

“ ဒီပြိုင်ပွဲမှာ စတာလင် က တိုက်စစ်မှာအမြဲခြေစွမ်းပြနေပါတယ်။

ဒီနေ့ပွဲမှာလည်း အံ့အားသင့်ဖွယ်စွမ်းဆောင်ရည်ကို ထပ်မံပြသခဲ့ပါတယ်။


စတာလင် က ၂ သင်းကြားမှာ အဓိကခြားနားချက်တခုဖြစ်ခဲ့တယ်လို့ ကျွန်တော်ကတော့ ယုံကြည်တယ်။
စတာလင် ၊ ဆောက်ဂိတ် နဲ့ အင်္ဂလန်တသင်းလုံးအတွက် ကျွန်တော် ဝမ်းမြောက်မိပါတယ် “ လို့ ပြောခဲ့ပါတယ်။

အင်္ဂလန် အသင်းဟာ ဗိုလ်လုပွဲမှာ မာကျောတဲ့ပြိုင်ဖက်ဖြစ်တဲ့ အီတလီ နဲ့ တွေ့ဆုံနေပြီး ပထမဆုံး ယူရိုဖလားဆွတ်ခူးနိုင်ဖို့ ခက်ခက်ခဲခဲကြိုးစားရအုန်းမှာ သေချာပါတယ်။

Zawgyi

အဂၤလန္ကို ဂယ္ရီနဗီးလ္နဲ႔ ႐ြိဳင္ကိန္းတို႔ ဘာေျပာခဲ့သလဲ

ႏိုင္ငံတကာၿပိဳင္ပြဲႀကီးေတြမွာ ဗိုလ္လုပြဲျပန္ေရာက္ဖို႔ ၅၅ ႏွစ္ၾကာမက္ခဲ့ရတဲ့ အဂၤလန္ ရဲ႕ အိမ္မက္ေတြက ဒိန္းမတ္ နဲ႔ပြဲမွာေတာ့ အေကာင္အထည္ေပၚသြားခဲ့ပါတယ္။
ဒီႏွစ္ယူ႐ိုၿပိဳင္ပြဲမွာ မထင္ထားတာေတြလုပ္ျပဖို႔အသင့္ရွိေနခဲ့တဲ့ ဒိန္းမတ္ ကို အဂၤလန္ တို႔ ခက္ခက္ခဲခဲကစားခဲ့ရၿပီး အႏိုင္ရဖို႔႐ုန္းကန္ခဲ့ရပါတယ္။
အခ်ိန္ပိုမွာ ရခဲ့တဲ့ အျငင္းပြါးဖြယ္ပင္နယ္တီေၾကာင့္သာ ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ေဘာလုံးေဝဖန္သုံးသပ္သူေတြျဖစ္ၾကတဲ့ ဂယ္ရီနဗီးလ္ ၊ ႐ြိဳင္ကိန္း နဲ႔ အီယန္႐ိုက္ တို႔ကေတာ့ အဂၤလန္အသင္းရဲ႕ စြမ္းေဆာင္ရည္အေပၚ အခုလိုေျပာၾကားသြားခဲ့ပါတယ္။

ဂယ္ရီနဗီးလ္ “ ဒိန္းမတ္ က အဆုံးသတ္မွာဘာပဲျဖစ္ျဖစ္ဆိုတဲ့ အလြန္ေျပာင္ေျမာက္တဲ့ပုံစံမ်ိဳးနဲ႔ ဒီပြဲကိုကစားသြားခဲ့တာပါ။
ဒါေပမဲ့ နည္းျပေဆာက္ဂိတ္ ၊ အဂၤလန္ကစားသမားေတြ နဲ႔ ရွိသမွ်ဝန္ထမ္းေတြအားလုံးရဲ႕ စြမ္းေဆာင္ရည္က မယုံႏိုင္စရာပါပဲ “ လို႔ ခ်ီးက်ဴးခဲ့ပါတယ္။

ကစားသမားေတြနဲ႔ နည္းျပေတြကို မညႇာမတာေဝဖန္ေလ့ရွိတဲ့ ႐ြိဳင္ကိန္း က “ ေခါင္းေဆာင္မႈ ၊ လုပ္ရဲကိုင္ရဲတဲ့ သတၱိရွိမႈ ဆိုတဲ့ ပုံစံေတြကို ေဆာက္ဂိတ္ ဆီမွာ ခင္ဗ်ားတို႔ျမင္ရမွာပါ။
သူလုပ္ရမယ့္ အလုပ္တခုကို ေဆာက္ဂိတ္ က ေျပာင္ေျမာက္စြာ လုပ္ေဆာင္သြားတာပါ။
သူ႔အတြက္ ကြၽန္ေတာ္ ဝမ္းေျမာက္မိသလို အဂၤလန္ကလည္း ဒီႏိုင္ပြဲနဲ႔ တကယ္ကို ထိုက္တန္ခဲ့ပါတယ္ “ လို႔ ေျပာခဲ့ပါတယ္။

အာဆင္နယ္ ဂႏၲဝင္ကစားသမားေဟာင္း အီယန္ ႐ိုက္ ကေတာ့ တိုက္စစ္ကစားသမား စတာလင္ ကို အခုလိုခ်ီးက်ဳးသြားခဲ့ပါတယ္။

“ ဒီၿပိဳင္ပြဲမွာ စတာလင္ က တိုက္စစ္မွာအၿမဲေျခစြမ္းျပေနပါတယ္။
ဒီေန႔ပြဲမွာလည္း အံ့အားသင့္ဖြယ္စြမ္းေဆာင္ရည္ကို ထပ္မံျပသခဲ့ပါတယ္။
စတာလင္ က ၂ သင္းၾကားမွာ အဓိကျခားနားခ်က္တခုျဖစ္ခဲ့တယ္လို႔ ကြၽန္ေတာ္ကေတာ့ ယုံၾကည္တယ္။

စတာလင္ ၊ ေဆာက္ဂိတ္ နဲ႔ အဂၤလန္တသင္းလုံးအတြက္ ကြၽန္ေတာ္ ဝမ္းေျမာက္မိပါတယ္ “ လို႔ ေျပာခဲ့ပါတယ္။

အဂၤလန္ အသင္းဟာ ဗိုလ္လုပြဲမွာ မာေက်ာတဲ့ၿပိဳင္ဖက္ျဖစ္တဲ့ အီတလီ နဲ႔ ေတြ႕ဆုံေနၿပီး ပထမဆုံး ယူ႐ိုဖလားဆြတ္ခူးႏိုင္ဖို႔ ခက္ခက္ခဲခဲႀကိဳးစားရအုန္းမွာ ေသခ်ာပါတယ္