ဟယ်ရီကိန်းနဲ့ ပစ်ဖို့ဒ် သမိုင်းဝင်စံချိန်မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့ကြ

အင်္ဂလန်အသင်းဟာ ယူရို-၂၀၂၀ ဆီမီးဖိုင်နယ်ပွဲမှာ ဒိန်းမတ်အသင်းကို (၂-၁)ဂိုးနဲ့အနိုင်ယူပြီး ၁၉၆၆ ကမ္ဘာ့ဖလားနောက်ပိုင်း နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုရဲ့ ဗိုလ်လုပွဲအဆင့်ကို ပထမဆုံးအကြိမ်တက်ရောက်ခဲ့သလို အသင်းရဲ့နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ဟယ်ရီကိန်းနဲ့ ဂိုးသမားပစ်ဖို့ဒ်တို့ကလည်း သမိုင်းဝင်မယ့်စံချိန်မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့ကြပါတယ်။

အင်္ဂလန်အသင်းဟာ ဒိန်းမတ်လူငယ်ကစားသမားဒမ်းစဂါ့တ်ရဲ့ ဖရီးကစ်ဂိုးကြောင့် ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် ဒိန်းမတ်နောက်ခံလူခါဂျာ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့လို့ ချေပဂိုးရခဲ့ပြီး အချိန်ပိုမှာ ဟယ်ရီကိန်းက ပယ်နယ်တီကို နှစ်ဆင့်ကန်ပြီးတော့ အနိုင်ဂိုးသွင်းယူခဲ့လို့ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဗိုလ်လုပွဲတက်ခွင့်ရရှိခဲ့ပါတယ်။

ဒိန်းမတ်အသင်းနဲ့ပွဲမှာ အနိုင်ဂိုးသွင်းခဲ့တဲ့ ဟယ်ရီကိန်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၆)ဂိုး၊ အခု ယူရို-၂၀၂၀ ပြိုင်ပွဲမှာ (၄)ဂိုးသွင်းယူခဲ့တာကြောင့် နိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ သူ့ရဲ့သွင်းဂိုးအရေအတွက်က (၁၀)ဂိုးအထိရှိလာပြီး အင်္ဂလန်ကစားသမားတွေထဲမှာ ယူရိုနဲ့ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ခုပေါင်း သွင်းဂိုးအများဆုံးအဖြစ် စံချိန်တင်ထားတဲ့ ဂန္ထဝင်တိုက်စစ်မှူးလိုင်နီကာရဲ့ဂိုးအရေအတွက်ကို အမီလိုက်နိုင်ခဲ့ပါပြီ။

အင်္ဂလန်အသင်းဟာ ယူရိုဗိုလ်လုပွဲအဖြစ် အီတလီနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဲဒီပွဲမှာ ဟယ်ရီကိန်းဂိုးသွင်းနိုင်ရင်တော့ လိုင်နီကာရဲ့စံချိန်ကို ချိုးဖျက်နိုင်မှာပဲဖြစ်ပါတယ်။

ဒိန်းမတ်နဲ့ပွဲမှာ ဟယ်ရီကိန်းအပြင် ဂိုးသမားပစ်ဖို့ဒ်ကလည်း သမိုင်းဝင်စံချိန်ကောင်းတစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။

ယူရို-၂၀၂၀ပြိုင်ပွဲတစ်လျှောက် ပေးဂိုးမရှိအောင်စွမ်းဆောင်ခဲ့တဲ့ ပစ်ဖို့ဒ်ဟာ ဒိန်းမတ်နဲ့ပွဲမှာ ပထမဆုံးအကြိမ်ဂိုးပေးလိုက်ရပေမယ့် မိနစ်ပေါင်း(၇၂၁)အထိ ပေးဂိုးမရှိခဲ့တဲ့အတွက် အင်္ဂလန်အသင်းဂန္ထဝင်ဂိုးသမားကြီး ဂေါ်ဒွန်ဘန့်ခ် ၁၉၆၆ မေလကနေ ဇူလိုင်လအတွင်း တင်ရှိခဲ့တဲ့ ပေးဂိုးမရှိမိနစ်အများဆုံးစံချိန်ကို တစ်မိနစ်အသာနဲ့ ချိုးဖျက်နိုင်ခဲ့ပါပြီ။

ပစ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့နှစ်က UEFA Nations Leauge ပွဲအဖြစ် ဘယ်လ်ဂျီယံအသင်းကို (၂-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဂိုးပေးရပြီးနောက်ပိုင်း သူပါဝင်ကစားခဲ့တဲ့ (၇)ပွဲမှာ ဂိုးမပေးခဲ့ရဘဲ အခု ဒိန်းမတ်အသင်းနဲ့ပွဲမှ ပထမပိုင်းမိနစ်(၃၀)မှာ ပထမဆုံးဂိုးသွင်းခံခဲ့ရတာဖြစ်ပါတယ်။

zawgyi

ဟယ္ရီကိန္းနဲ႔ ပစ္ဖို႔ဒ္ သမိုင္းဝင္စံခ်ိန္မွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ခဲ့ၾက

အဂၤလန္အသင္းဟာ ယူ႐ို-၂၀၂၀ ဆီမီးဖိုင္နယ္ပြဲမွာ ဒိန္းမတ္အသင္းကို (၂-၁)ဂိုးနဲ႔အႏိုင္ယူၿပီး ၁၉၆၆ ကမာၻ႔ဖလားေနာက္ပိုင္း ႏိုင္ငံတကာၿပိဳင္ပြဲႀကီးတစ္ခုရဲ႕ ဗိုလ္လုပြဲအဆင့္ကို ပထမဆုံးအႀကိမ္တက္ေရာက္ခဲ့သလို အသင္းရဲ႕နာမည္ေက်ာ္ကစားသမားေတြျဖစ္တဲ့ ဟယ္ရီကိန္းနဲ႔ ဂိုးသမားပစ္ဖို႔ဒ္တို႔ကလည္း သမိုင္းဝင္မယ့္စံခ်ိန္မွတ္တမ္းေကာင္းေတြ ပိုင္ဆိုင္ခဲ့ၾကပါတယ္။

အဂၤလန္အသင္းဟာ ဒိန္းမတ္လူငယ္ကစားသမားဒမ္းစဂါ့တ္ရဲ႕ ဖရီးကစ္ဂိုးေၾကာင့္ ဦးေဆာင္ဂိုးေပးလိုက္ရေပမယ့္ ဒိန္းမတ္ေနာက္ခံလူခါဂ်ာ ကိုယ့္ဂိုးကိုယ္သြင္းယူခဲ့လို႔ ေခ်ပဂိုးရခဲ့ၿပီး အခ်ိန္ပိုမွာ ဟယ္ရီကိန္းက ပယ္နယ္တီကို ႏွစ္ဆင့္ကန္ၿပီးေတာ့ အႏိုင္ဂိုးသြင္းယူခဲ့လို႔ ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္ဗိုလ္လုပြဲတက္ခြင့္ရရွိခဲ့ပါတယ္။

ဒိန္းမတ္အသင္းနဲ႔ပြဲမွာ အႏိုင္ဂိုးသြင္းခဲ့တဲ့ ဟယ္ရီကိန္းဟာ ၂၀၁၈ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ (၆)ဂိုး၊ အခု ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ (၄)ဂိုးသြင္းယူခဲ့တာေၾကာင့္ ႏိုင္ငံတကာၿပိဳင္ပြဲႀကီးေတြမွာ သူ႔ရဲ႕သြင္းဂိုးအေရအတြက္က (၁၀)ဂိုးအထိရွိလာၿပီး အဂၤလန္ကစားသမားေတြထဲမွာ ယူ႐ိုနဲ႔ကမာၻ႔ဖလားၿပိဳင္ပြဲႏွစ္ခုေပါင္း သြင္းဂိုးအမ်ားဆုံးအျဖစ္ စံခ်ိန္တင္ထားတဲ့ ဂႏၴဝင္တိုက္စစ္မႉးလိုင္နီကာရဲ႕ဂိုးအေရအတြက္ကို အမီလိုက္ႏိုင္ခဲ့ပါၿပီ။

အဂၤလန္အသင္းဟာ ယူ႐ိုဗိုလ္လုပြဲအျဖစ္ အီတလီနဲ႔ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး အဲဒီပြဲမွာ ဟယ္ရီကိန္းဂိုးသြင္းႏိုင္ရင္ေတာ့ လိုင္နီကာရဲ႕စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္မွာပဲျဖစ္ပါတယ္။

ဒိန္းမတ္နဲ႔ပြဲမွာ ဟယ္ရီကိန္းအျပင္ ဂိုးသမားပစ္ဖို႔ဒ္ကလည္း သမိုင္းဝင္စံခ်ိန္ေကာင္းတစ္ခု ပိုင္ဆိုင္ခဲ့ပါတယ္။ ယူ႐ို-၂၀၂၀ၿပိဳင္ပြဲတစ္ေလွ်ာက္ ေပးဂိုးမရွိေအာင္စြမ္းေဆာင္ခဲ့တဲ့ ပစ္ဖို႔ဒ္ဟာ ဒိန္းမတ္နဲ႔ပြဲမွာ ပထမဆုံးအႀကိမ္ဂိုးေပးလိုက္ရေပမယ့္ မိနစ္ေပါင္း(၇၂၁)အထိ ေပးဂိုးမရွိခဲ့တဲ့အတြက္ အဂၤလန္အသင္းဂႏၴဝင္ဂိုးသမားႀကီး ေဂၚဒြန္ဘန႔္ခ္ ၁၉၆၆ ေမလကေန ဇူလိုင္လအတြင္း တင္ရွိခဲ့တဲ့ ေပးဂိုးမရွိမိနစ္အမ်ားဆုံးစံခ်ိန္ကို တစ္မိနစ္အသာနဲ႔ ခ်ိဳးဖ်က္ႏိုင္ခဲ့ပါၿပီ။

ပစ္ဖို႔ဒ္ဟာ ၿပီးခဲ့တဲ့ႏွစ္က UEFA Nations Leauge ပြဲအျဖစ္ ဘယ္လ္ဂ်ီယံအသင္းကို (၂-ဝ)ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ဂိုးေပးရၿပီးေနာက္ပိုင္း သူပါဝင္ကစားခဲ့တဲ့ (၇)ပြဲမွာ ဂိုးမေပးခဲ့ရဘဲ အခု ဒိန္းမတ္အသင္းနဲ႔ပြဲမွ ပထမပိုင္းမိနစ္(၃၀)မွာ ပထမဆုံးဂိုးသြင္းခံခဲ့ရတာျဖစ္ပါတယ္။