မက်ဆီအတွက် မာတီနက်စ်ဟာ ယုံကြည်ချက်တွေ ပေးတဲ့သူဖြစ်လာခဲ့

၂၀၁၉ ခုနှစ်တုန်းက အာဆင်နယ်ကနေ ချန်ပီယံရှစ်ကလပ် ရီးဒင်းအသင်းထံ အငှားထွက်ကစားခဲ့တဲ့ မာတီနက်စ်ကို ထိပ်တန်းလက်စွမ်းပိုင်ရှင်ဆိုပြီး ယုံကြည်သူ နည်းပါးခဲ့ပါတယ်။ သူ့ကစားသမားဘဝ အကောင်းဆုံး အခိုက်အတန့်က လီနို ဒဏ်ရာရခဲ့ချိန်မှာ အာဆင်နယ်နဲ့အတူ အက်ဖ်အေဖလား ပြိုင်ပွဲအတွင်း လက်စွမ်းပြနိုင်ခဲ့မှုဖြစ်ပါတယ်။

မနှစ်က နွေမှာပဲ အနာဂတ်အတွက် သေချာဆုံးဖြတ်ကာ အာဆင်နယ်ရဲ့ အရန်လူအဖြစ်ကနေ အက်စတွန်ဗီလာအသင်းထံ ကူးပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အက်စတွန်ဗီလာမှာ ပထမဂိုးသမားအဖြစ် ပွဲထွက်ရပြီး clean sheets ၁၅ ပွဲ ရခြင်းနဲ့အတူ အသင်းနဲ့ ပရိသတ်တွေကို ယုံကြည်မှုတွေ ပေးခဲ့ပါတယ်။

မာတီနက်စ်ဟာ သူ့ကစားသမားဘဝ အာဂျင်တီနား လက်ရွေးစင်အသင်းအတွက် ပွဲဦးထွက်ကို ဇွန်လ ၃ ရက်နေ့တုန်းက ချီလီနှင့် ယှဉ်ပြိုင်ရတဲ့ ကမ္ဘာဖလားခြေစစ်ပွဲမှ စတင်ကစားခဲ့ဖူးသူပါ။ ကိုပါအမေရိကပြိုင်ပွဲမှာလည်း ရေးဗားပလိတ် ဂိုးသမား အာမန်နီမှာ ကိုဗစ်ပိုးတွေ့ခဲ့တာကြောင့် အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။

နိုင်ငံလက်ရွေးစင် အသင်းနဲ့ အတူ အောင်မြင်မှု လိုချင်တဲ့ မက်ဆီအတွက် မာတီနက်စ်ဟာ ယုံကြည်ချက်တွေ ပေးတဲ့သူဖြစ်လာခဲ့ပါတယ်။ ကိုပါအမေရိကဖလားမှာ အာဂျင်တီးနားအသင်း ဗိုလ်လုပွဲကို တက်ရောက်ဖို့ လက်ရွေးစင်ဂိုးသမား မာတီနက်စ်က ဆန်းချက်၊ မီနာ၊ ကာဒိုနာတို့ရဲ့ သွင်းဂိုးတွေကို ကာကွယ်ပေးနိုင်ခဲ့ပါတယ်။

ကိုလံဘီယာ အသင်းက ကန်လို့ ဂိုးသမား မာတီနက်စ် ပုတ်ထုတ်လိုက်တဲ့ အချိန်မှာမက်ဆီက ပျော်ရွှင်စွာကခုန်နေခဲ့ပါတယ်။မက်ဆီ ဟာ ကိုလံဘီယာ အသင်းနောက်ခံလူ မီနာ ပင်နယ်တီမဝင်တဲ့ အချိန်မှာ ကခုန်နေခဲ့ပြီး လက်ခုပ်တီးနေခဲ့တာကို ရုပ်သံမှတ်တမ်းတွေက အမိအရရိုက်ကူးခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားအတွက် ပင်နယ်တီ ၃ ကြိမ် ကာကွယ်ပေးခဲ့တဲ့ မာတီနက်စ်နဲ့ ပတ်သက်ပြီး မက်ဆီက ” အဲဒီတုန်းကအချိန်က ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ မာတီနက်စ်ရှိတယ်။ သူက သိပ်ကို ထူးချွန်သူပါ။ ကျွန်တော်တို့ သူ့ကို ယုံကြည်ခဲ့ပါတယ်။ ကျွန်တော်တို့က ပွဲတိုင်းကို ကစားနိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီကို လာကစားခဲ့တာဖြစ်ပါတယ်” ဆိုပြီး ပြောဆိုပါတယ်။

zawgyi

မက္ဆီအတြက္ မာတီနက္စ္ဟာ ယုံၾကည္ခ်က္ေတြ ေပးတဲ့သူျဖစ္လာခဲ့

၂၀၁၉ ခုႏွစ္တုန္းက အာဆင္နယ္ကေန ခ်န္ပီယံရွစ္ကလပ္ ရီးဒင္းအသင္းထံ အငွားထြက္ကစားခဲ့တဲ့ မာတီနက္စ္ကို ထိပ္တန္းလက္စြမ္းပိုင္ရွင္ဆိုၿပီး ယုံၾကည္သူ နည္းပါးခဲ့ပါတယ္။ သူ႔ကစားသမားဘဝ အေကာင္းဆုံး အခိုက္အတန႔္က လီႏို ဒဏ္ရာရခဲ့ခ်ိန္မွာ အာဆင္နယ္နဲ႔အတူ အက္ဖ္ေအဖလား ၿပိဳင္ပြဲအတြင္း လက္စြမ္းျပႏိုင္ခဲ့မႈျဖစ္ပါတယ္။

မႏွစ္က ေႏြမွာပဲ အနာဂတ္အတြက္ ေသခ်ာဆုံးျဖတ္ကာ အာဆင္နယ္ရဲ႕ အရန္လူအျဖစ္ကေန အက္စတြန္ဗီလာအသင္းထံ ကူးေျပာင္းဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ အက္စတြန္ဗီလာမွာ ပထမဂိုးသမားအျဖစ္ ပြဲထြက္ရၿပီး clean sheets ၁၅ ပြဲ ရျခင္းနဲ႔အတူ အသင္းနဲ႔ ပရိသတ္ေတြကို ယုံၾကည္မႈေတြ ေပးခဲ့ပါတယ္။

မာတီနက္စ္ဟာ သူ႔ကစားသမားဘဝ အာဂ်င္တီနား လက္ေ႐ြးစင္အသင္းအတြက္ ပြဲဦးထြက္ကို ဇြန္လ ၃ ရက္ေန႔တုန္းက ခ်ီလီႏွင့္ ယွဥ္ၿပိဳင္ရတဲ့ ကမာၻဖလားေျခစစ္ပြဲမွ စတင္ကစားခဲ့ဖူးသူပါ။ ကိုပါအေမရိကၿပိဳင္ပြဲမွာလည္း ေရးဗားပလိတ္ ဂိုးသမား အာမန္နီမွာ ကိုဗစ္ပိုးေတြ႕ခဲ့တာေၾကာင့္ အခြင့္အေရးေတြ ရရွိခဲ့ပါတယ္။

ႏိုင္ငံလက္ေ႐ြးစင္ အသင္းနဲ႔ အတူ ေအာင္ျမင္မႈ လိုခ်င္တဲ့ မက္ဆီအတြက္ မာတီနက္စ္ဟာ ယုံၾကည္ခ်က္ေတြ ေပးတဲ့သူျဖစ္လာခဲ့ပါတယ္။ ကိုပါအေမရိကဖလားမွာ အာဂ်င္တီးနားအသင္း ဗိုလ္လုပြဲကို တက္ေရာက္ဖို႔ လက္ေ႐ြးစင္ဂိုးသမား မာတီနက္စ္က ဆန္းခ်က္၊ မီနာ၊ ကာဒိုနာတို႔ရဲ႕ သြင္းဂိုးေတြကို ကာကြယ္ေပးႏိုင္ခဲ့ပါတယ္။

ကိုလံဘီယာ အသင္းက ကန္လို႔ ဂိုးသမား မာတီနက္စ္ ပုတ္ထုတ္လိုက္တဲ့ အခ်ိန္မွာမက္ဆီက ေပ်ာ္႐ႊင္စြာကခုန္ေနခဲ့ပါတယ္။မက္ဆီ ဟာ ကိုလံဘီယာ အသင္းေနာက္ခံလူ မီနာ ပင္နယ္တီမဝင္တဲ့ အခ်ိန္မွာ ကခုန္ေနခဲ့ၿပီး လက္ခုပ္တီးေနခဲ့တာကို ႐ုပ္သံမွတ္တမ္းေတြက အမိအရ႐ိုက္ကူးခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားအတြက္ ပင္နယ္တီ ၃ ႀကိမ္ ကာကြယ္ေပးခဲ့တဲ့ မာတီနက္စ္နဲ႔ ပတ္သက္ၿပီး မက္ဆီက ” အဲဒီတုန္းကအခ်ိန္က ခက္ခဲခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔မွာ မာတီနက္စ္ရွိတယ္။ သူက သိပ္ကို ထူးခြၽန္သူပါ။ ကြၽန္ေတာ္တို႔ သူ႔ကို ယုံၾကည္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔က ပြဲတိုင္းကို ကစားႏိုင္ရမယ္ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ဒီကို လာကစားခဲ့တာျဖစ္ပါတယ္” ဆိုၿပီး ေျပာဆိုပါတယ္။