ဘောကောက်ဘဝနဲ့ ဟီးရိုးဖြစ်ခဲ့ဖူးတဲ့ အန်ဖီးလ်ဒ်ကွင်းကြီးထဲမှာ Oakley Cannonier ထပ်မံကျော်ကြား လာမလား

ချန်ပီယံလိဂ်ဖလားကို ၆ ကြိမ်မြောက်အဖြစ်ရခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက ဘာစီလိုနာ ကို ဆီမီးဖိုင်နယ် ပထမအကျော့မှာ ၃ ဂိုးပြတ်ရှုံးခဲ့ပေမဲ့ ဒုတိယအကျော့အိမ်ကွင်းမှာ ၄ ဂိုးပြတ်နဲ့ အံ့အားသင့်ဖွယ် ပြန်လည်အနိုင်ယူကာ ပရိသတ်တွေ တသက်မမေ့နိုင်မဲ့ ညတညကို လီဗာပူးလ်အသင်းက ဖန်တီးပေးခဲ့ပါတယ်။

အဲဒီပွဲတုန်းက လီဗာပူးလ် ရခဲ့တဲ့ ၄ ဂိုးမြောက်အနိုင်ဂိုးဟာ ၁၄ နှစ်အရွယ် ဘောကောက် ကောင်လေးတယောက်ရဲ့ ပါးနပ်မှုကြောင့်ရခဲ့တာလို့ဆိုရမှာပါ။ နောက်ခံလူ အာနိုးလ် ထောင့်ကန်ဘော အမြန်ကန်တင်လို့ရအောင် ဘောလုံးကို အမြန်ပစ်ပေးခဲ့ပြီး သူတက်နိုင်တဲ့ဖက်ကနေ အသင်းကိုအစွမ်းကုန်ကူညီပေးခဲ့ပါတယ်။

ဘာစီလိုနာကစားသမားတွေအဆင့်သင့်မဖြစ်သေးချိန်မှာ ရုတ်တရက်ကန်တင်ပေးလိုက်တဲ့ အာနိုးလ် ရဲ့ ထောင့်ကန်ဘောကို တိုက်စစ်မှူး အိုရီဂီ ကအကောင်းဆုံးအဆုံးသတ်ကာ ဗိုလ်လုပွဲကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ မီဒီယာတွေက ဘောကောက် ကောင်လေးရဲ့ ပါးနပ်မှုကို အကျယ်တဝင့်ဖော်ပြခဲ့ပြီး ဟီးရိုးသဖွယ် ခိုင်းနှိုင်းရေးသားခဲ့ကြပါတယ်။ အခုတော့ Oakley Cannonier လို့အမည်ရတဲ့ အဲ့ဒီကောင်လေးဟာ အသက် ၁၇ နှစ်အရွယ်ရောက်လာပြီး လူငယ်အသင်းတွေမှာ ခြေစွမ်းပြသနေတာကြောင့် လီဗာပူးလ်အသင်းက ပရိုဖက်ရှင်နယ်စာချုပ် ချုပ်ဆိုလိုက်ပါတယ်။

Oakley ဟာ ပြီးခဲ့တဲ့ရာသီတုန်းက လီဗာပူးလ် ယူ-၁၈ အသင်းမှာ တိုက်စစ်ကစားသမားအဖြစ်ပါဝင်ကစားပေးခဲ့ပြီး လိဂ်ဂိုး ၄ ဂိုးသွင်းပေးခဲ့ပါတယ်။

အင်္ဂလန် လူငယ်လက်ရွေးစင်အသင်းတွေမှာလည်း သက်တမ်းအလိုက်အမြဲအရွေးခံရတဲ့ Oakley တယောက် မကြာမီကာလတွေမှာ ဘောကောက်ဘဝနဲ့ ဟီးရိုးဖြစ်ခဲ့ဖူးတဲ့ အန်ဖီးလ်ဒ်ကွင်းကြီးထဲမှာ ထပ်မံကျော်ကြား လာမလားဆိုတာကတော့ စောင့်ကြည့်ချင်စရာပါပဲ။

zawgyi

ေဘာေကာက္ဘဝနဲ႔ ဟီး႐ိုးျဖစ္ခဲ့ဖူးတဲ့ အန္ဖီးလ္ဒ္ကြင္းႀကီးထဲမွာ Oakley Cannonier ထပ္မံေက်ာ္ၾကား လာမလား

ခ်န္ပီယံလိဂ္ဖလားကို ၆ ႀကိမ္ေျမာက္အျဖစ္ရခဲ့တဲ့ ၂၀၁၉ ခုႏွစ္တုန္းက ဘာစီလိုနာ ကို ဆီမီးဖိုင္နယ္ ပထမအေက်ာ့မွာ ၃ ဂိုးျပတ္ရႈံးခဲ့ေပမဲ့ ဒုတိယအေက်ာ့အိမ္ကြင္းမွာ ၄ ဂိုးျပတ္နဲ႔ အံ့အားသင့္ဖြယ္ ျပန္လည္အႏိုင္ယူကာ ပရိသတ္ေတြ တသက္မေမ့ႏိုင္မဲ့ ညတညကို လီဗာပူးလ္အသင္းက ဖန္တီးေပးခဲ့ပါတယ္။

အဲဒီပြဲတုန္းက လီဗာပူးလ္ ရခဲ့တဲ့ ၄ ဂိုးေျမာက္အႏိုင္ဂိုးဟာ ၁၄ ႏွစ္အ႐ြယ္ ေဘာေကာက္ ေကာင္ေလးတေယာက္ရဲ႕ ပါးနပ္မႈေၾကာင့္ရခဲ့တာလို႔ဆိုရမွာပါ။ ေနာက္ခံလူ အာႏိုးလ္ ေထာင့္ကန္ေဘာ အျမန္ကန္တင္လို႔ရေအာင္ ေဘာလုံးကို အျမန္ပစ္ေပးခဲ့ၿပီး သူတက္ႏိုင္တဲ့ဖက္ကေန အသင္းကိုအစြမ္းကုန္ကူညီေပးခဲ့ပါတယ္။ ဘာစီလိုနာကစားသမားေတြအဆင့္သင့္မျဖစ္ေသးခ်ိန္မွာ ႐ုတ္တရက္ကန္တင္ေပးလိုက္တဲ့ အာႏိုးလ္ ရဲ႕ ေထာင့္ကန္ေဘာကို တိုက္စစ္မႉး အိုရီဂီ ကအေကာင္းဆုံးအဆုံးသတ္ကာ ဗိုလ္လုပြဲကို ပို႔ေဆာင္ေပးႏိုင္ခဲ့ပါတယ္။

ပြဲအၿပီးမွာေတာ့ မီဒီယာေတြက ေဘာေကာက္ ေကာင္ေလးရဲ႕ ပါးနပ္မႈကို အက်ယ္တဝင့္ေဖာ္ျပခဲ့ၿပီး ဟီး႐ိုးသဖြယ္ ခိုင္းႏႈိင္းေရးသားခဲ့ၾကပါတယ္။ အခုေတာ့ Oakley Cannonier လို႔အမည္ရတဲ့ အဲ့ဒီေကာင္ေလးဟာ အသက္ ၁၇ ႏွစ္အ႐ြယ္ေရာက္လာၿပီး လူငယ္အသင္းေတြမွာ ေျခစြမ္းျပသေနတာေၾကာင့္ လီဗာပူးလ္အသင္းက ပ႐ိုဖက္ရွင္နယ္စာခ်ဳပ္ ခ်ဳပ္ဆိုလိုက္ပါတယ္။

Oakley ဟာ ၿပီးခဲ့တဲ့ရာသီတုန္းက လီဗာပူးလ္ ယူ-၁၈ အသင္းမွာ တိုက္စစ္ကစားသမားအျဖစ္ပါဝင္ကစားေပးခဲ့ၿပီး လိဂ္ဂိုး ၄ ဂိုးသြင္းေပးခဲ့ပါတယ္။ အဂၤလန္ လူငယ္လက္ေ႐ြးစင္အသင္းေတြမွာလည္း သက္တမ္းအလိုက္အၿမဲအေ႐ြးခံရတဲ့ Oakley တေယာက္ မၾကာမီကာလေတြမွာ ေဘာေကာက္ဘဝနဲ႔ ဟီး႐ိုးျဖစ္ခဲ့ဖူးတဲ့ အန္ဖီးလ္ဒ္ကြင္းႀကီးထဲမွာ ထပ္မံေက်ာ္ၾကား လာမလားဆိုတာကေတာ့ ေစာင့္ၾကည့္ခ်င္စရာပါပဲ။