ပြင်သစ်ကလပ် ရက်နက်က ယူနိုက်တက်ပစ်မှတ်နေရာ အစားထိုးဖို့ ပြင်ဆင်လျက်ရှိ

မန်ချက်စတာ ယူနိုက်တက်အသင်းက အက်ကွာဒို ကာမာဗင်ဂါကို စိတ်ဝင်စားနေတယ်လို့ ပြင်သစ်သတင်းစာ L’Equipe က ယခုအပတ်အတွင်းမှာ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်က တရားဝင်ကမ်းလှမ်းထားခြင်းမရှိသေးပေမယ့် ရက်နက်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆန္ဒမရှိတဲ့ ဆယ်ကျော်သက်ကစားသမားကို ခေါ်ယူနိုင်ဖို့ ရေပန်းစားလျက်ရှိပါတယ်။

ကာမာဗင်ဂါက ( ၂၀၂၂ ) ဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ရက်နက်အသင်းအနေနဲ့ ပြောင်းရွေ့ကြေးရရှိဖို့ ယခုနွေရာသီမှာ ရောင်းချဖွယ်ရှိနေပါတယ်။

လက်ရှိမှာတော့ သူတို့က ကာမာဗင်ဂါနေရာ အစားထိုးနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။

ပြင်သစ်သတင်းစာ Le Parisien အရ ရက်နက်အသင်းဟာ ဒိန်းမတ်ကလပ် မစ်ဂျီလန်းကွင်းလယ်လူ Jens Cajuste ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

Cajuste က ဆွီဒင် လက်ရွေးစင်ကစားသမားဖြစ်ပြီး ပြင်သစ်ကလပ်အနေနဲ့ ပြောင်းရွေ့ကြေး ပေါင် ( ၈-၁၀ ) သန်း ဝန်းကျင် အသုံးပြုရဖွယ်ရှိနေပါတယ်။

အသက် ( ၂၁ ) နှစ်အရွယ် Cajuste ဟာ ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးဖြစ်ပြီး ကာမာဗင်ဂါနေရာ တိုက်ရိုက်အစားထိုးနိုင်မယ့်သူဖြစ်ပါတယ်။

ကာမာဗင်ဂါနဲ့ ပတ်သက်ပြီး ယူနိုက်တက်ရဲ့ အဓိက စိန်ခေါ်မှုက ပီအက်စ်ဂျီအသင်းကလည်း ကွင်းလယ်လူကို စိတ်ဝင်စားနေမှုဖြစ်ပါတယ်။

The Guardian သတင်းစာကတော့ ယူနိုက်တက်အနေနဲ့ ကာမာဗင်ဂါကို ပေါင် ( ၂၅.၇ ) သန်းနဲ့ ခေါ်ယူနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

တကယ်လို့ ပြောင်းရွေ့ကြေးက ပေါင်သန်း ( ၄၀ ) ဖြစ်လာခဲ့မယ်ဆိုရင်တောင် ကာမာဗင်ဂါရဲ့ အလားအလာအရ ထိုတ်တန်တဲ့ ခေါ်ယူလို့ ဆိုနိုင်ပါသေးတယ်။

လူငယ် ကွင်းလယ်ကစားသမားဟာ ဥရောပရဲ့ အတောက်ပဆုံး ကြယ်ပွင့်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး

ယူနိုက်တက်အနေနဲ့ နောက်ထပ် ( ၅ ) နှစ် ၊ ( ၆ ) နှစ် ဝန်းကျင် အသုံးပြုနိုင်မယ့် ထိပ်တန်းအဆင့် ကစားသမားကို ပိုင်ဆိုင်ခွင့်ရမှာဖြစ်ပါတယ်။

Zawgyi

ျပင္သစ္ကလပ္ ရက္နက္က ယူႏိုက္တက္ပစ္မွတ္ေနရာ အစားထိုးဖို႔ ျပင္ဆင္လ်က္ရွိ

မန္ခ်က္စတာ ယူႏိုက္တက္အသင္းက အက္ကြာဒို ကာမာဗင္ဂါကို စိတ္ဝင္စားေနတယ္လို႔ ျပင္သစ္သတင္းစာ L’Equipe က ယခုအပတ္အတြင္းမွာ ေျပာၾကားခဲ့ပါတယ္။

ယူႏိုက္တက္က တရားဝင္ကမ္းလွမ္းထားျခင္းမရွိေသးေပမယ့္ ရက္နက္နဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ဆႏၵမရွိတဲ့ ဆယ္ေက်ာ္သက္ကစားသမားကို ေခၚယူႏိုင္ဖို႔ ေရပန္းစားလ်က္ရွိပါတယ္။

ကာမာဗင္ဂါက ( ၂၀၂၂ ) ဇြန္လမွာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးမွာျဖစ္ၿပီး ရက္နက္အသင္းအေနနဲ႔ ေျပာင္းေ႐ြ႕ေၾကးရရွိဖို႔ ယခုေႏြရာသီမွာ ေရာင္းခ်ဖြယ္ရွိေနပါတယ္။

လက္ရွိမွာေတာ့ သူတို႔က ကာမာဗင္ဂါေနရာ အစားထိုးႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ေနၿပီလို႔ သိရပါတယ္။

ျပင္သစ္သတင္းစာ Le Parisien အရ ရက္နက္အသင္းဟာ ဒိန္းမတ္ကလပ္ မစ္ဂ်ီလန္းကြင္းလယ္လူ Jens Cajuste ေခၚယူႏိုင္ဖို႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနေၾကာင္း သိရပါတယ္။

Cajuste က ဆြီဒင္ လက္ေ႐ြးစင္ကစားသမားျဖစ္ၿပီး ျပင္သစ္ကလပ္အေနနဲ႔ ေျပာင္းေ႐ြ႕ေၾကး ေပါင္ ( ၈-၁၀ ) သန္း ဝန္းက်င္ အသုံးျပဳရဖြယ္ရွိေနပါတယ္။

အသက္ ( ၂၁ ) ႏွစ္အ႐ြယ္ Cajuste ဟာ ကြင္းလယ္ခံစစ္ကစားသမားတစ္ဦးျဖစ္ၿပီး ကာမာဗင္ဂါေနရာ တိုက္႐ိုက္အစားထိုးႏိုင္မယ့္သူျဖစ္ပါတယ္။

ကာမာဗင္ဂါနဲ႔ ပတ္သက္ၿပီး ယူႏိုက္တက္ရဲ႕ အဓိက စိန္ေခၚမႈက ပီအက္စ္ဂ်ီအသင္းကလည္း ကြင္းလယ္လူကို စိတ္ဝင္စားေနမႈျဖစ္ပါတယ္။

The Guardian သတင္းစာကေတာ့ ယူႏိုက္တက္အေနနဲ႔ ကာမာဗင္ဂါကို ေပါင္ ( ၂၅.၇ ) သန္းနဲ႔ ေခၚယူႏိုင္ဖြယ္ရွိတယ္လို႔ ဆိုပါတယ္။

တကယ္လို႔ ေျပာင္းေ႐ြ႕ေၾကးက ေပါင္သန္း ( ၄၀ ) ျဖစ္လာခဲ့မယ္ဆိုရင္ေတာင္ ကာမာဗင္ဂါရဲ႕ အလားအလာအရ ထိုတ္တန္တဲ့ ေခၚယူလို႔ ဆိုႏိုင္ပါေသးတယ္။

လူငယ္ ကြင္းလယ္ကစားသမားဟာ ဥေရာပရဲ႕ အေတာက္ပဆုံး ၾကယ္ပြင့္ကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ခံထားရၿပီး ယူႏိုက္တက္အေနနဲ႔ ေနာက္ထပ္ ( ၅ ) ႏွစ္ ၊ ( ၆ ) ႏွစ္ ဝန္းက်င္ အသုံးျပဳႏိုင္မယ့္ ထိပ္တန္းအဆင့္ ကစားသမားကို ပိုင္ဆိုင္ခြင့္ရမွာျဖစ္ပါတယ္။