ဂျိုကင်မေလာက သူ့ရဲ့ခြေထောက်ကို ထိလို့ လုံးဝ ပင်နယ်တီ ပေးရမှာပါလို့ ပြောတဲ့ စတာလင်

အင်္ဂလန် တောင်ပံ ကစားသမား စတာလင်ဟာ သူ့ကြောင့် ပင်နယ်တီ ရရှိခဲ့တာနဲ့ ပက်သက်ပြီး အငြင်းပွားမှု ရှိခဲ့ပေမယ့် ဂျိုကင်မေလာက သူ့ရဲ့ ခြေထောက်ကို ထိတာကြောင့် ပင်နယ်တီပါပဲလို့ ITV နဲ့ အင်တာဗျူးစဉ်မှာ ပြန်ဖြေရှင်းခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ နာကျင် အချိန်မှာ စတာလင်ကြောင့် ရရှိသွားခဲ့တဲ့ ပင်နယ်တီကို ဟယ်ရိကန်းက သွင်းဂိုး အဖြစ် ပြောင်းလဲပြီးနောက် ဒိန်းမတ်အသင်းကို (၂-၁) ရလဒ်နဲ့ အနိုင်ရပြီး ယူရို (၂၀၂၀) ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို တက်လှမ်းသွားခဲ့ပါတယ်။

နည်းပြ ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းကတော့ ဒိန်းမတ်အသင်းကို အနိုင်ယူပြီး ယူရို ဗိုလ်လုပွဲကို ရောက်ရှိခဲ့တဲ့ အတွက် အင်္ဂလန်အသင်းရဲ့ သမိုင်း တစ်လျှောက်မှာ ပထမဆုံး အကြိမ် အဖြစ်နဲ့ ယူရို ဗိုလ်လုပွဲကို ရောက်ရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ ဗိုလ်လုပွဲစဉ်မှာ စပိန်အသင်းကို အနိုင်ရခဲ့တဲ့ အီတလီအသင်းနဲ့ ကစားသွားမှာ ဖြစ်ပြီး အင်္ဂလန် ကြယ်ပွင့် စတာလင်က ပင်နယ်တီနဲ့ ပက်သက်လို့ ဂျိုကင်မေလာက သူ့ရဲ့ ခြေကို ထိခဲ့တာကြောင့် လုံးဝပင်နယ်တီပဲလို့ ဆိုပါတယ်။

စတာလင်ဟာ လုံးဝ ပင်နယ်တီ ပေးသင့်လားလို့ ITV သတင်းက မေးတဲ့ အချိန်မှာ “ပေးရပါမယ်။ ကျွန်တော် ပင်နယ်တီ ဧရီယာထဲ ဝင်တဲ့ အချိန်မှာ ဂျိုကင်မေလာက သူ့ရဲ့ ညာခြေကို ထုတ်ပြီးတော့ ကျွန်တော့်ခြေထောက်ကို ထိလို့ ပင်နယ်တီပါပဲ´´

“ဒီပွဲမှာ ထိပ်သီးအရည်အချင်းကို ပြခဲ့ပါတယ်။ ကျွန်တော်တို့ လေးနက်ကစားခဲ့တယ်။ ဒီပြိုင်ပွဲမှာ ပထမဆုံး အကြိမ် ပေးဂိုး ခွင့်ပြုခဲ့ရပါတယ်။ ဒါပေမယ့် ပြန်လိုက်ကစားခဲ့ပါတယ်။ စိတ်ထားကောင်းကို ပြသပြီး ပြန်လာနိုင်ပွဲ ရရှိခဲ့ပါတယ်´´

“ဒီအင်္ဂလန်နိုင်ငံမှာ ဘောလုံးက ဘယ်လို အရေးပါလဲ ဆိုတာကို ဒီည လာကြတဲ့ ပရိသတ်တွေ၊ အင်အားတွေ၊ ပတ်ဝန်းကျင် အနေအထားတွေ၊အားပေးမှုတွေ နဲ့ အဝတ်ချွတ်ထားတဲ့ လူတွေကို ကြည့်ပြီးတော့ ခင်ဗျားတို့တွေ သိနိုင်ပါတယ်´´

“ကျွန်တော်တို့ အဝတ်လဲခန်းကို ပြန်သွားကြပြီး အနည်းငယ် အောင်ပွဲခံခဲ့ကြပါတယ်။ နောက်နေ့ မနက်ဖြန်ကနေ စပြီး အရာရာတိုင်းက အီတလီအသင်းအကြောင်းပဲ ဖြစ်မှာပါ´´လို့ ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောကြားသွားတာပါ။

zawgyi

ဂ်ိဳကင္ေမလာက သူ႔ရဲ႕ေျခေထာက္ကို ထိလို႔ လုံးဝ ပင္နယ္တီ ေပးရမွာပါလို႔ ​ေျပာတဲ့ စတာလင္

အဂၤလန္ ေတာင္ပံ ကစားသမား စတာလင္ဟာ သူ႔ေၾကာင့္ ပင္နယ္တီ ရရွိခဲ့တာနဲ႔ ပက္သက္ၿပီး အျငင္းပြားမႈ ရွိခဲ့ေပမယ့္ ဂ်ိဳကင္ေမလာက သူ႔ရဲ႕ ေျခေထာက္ကို ထိတာေၾကာင့္ ပင္နယ္တီပါပဲလို႔ ITV နဲ႔ အင္တာဗ်ဴးစဥ္မွာ ျပန္ေျဖရွင္းခဲ့ပါတယ္။ အဂၤလန္အသင္းဟာ နာက်င္ အခ်ိန္မွာ စတာလင္ေၾကာင့္ ရရွိသြားခဲ့တဲ့ ပင္နယ္တီကို ဟယ္ရိကန္းက သြင္းဂိုး အျဖစ္ ေျပာင္းလဲၿပီးေနာက္ ဒိန္းမတ္အသင္းကို (၂-၁) ရလဒ္နဲ႔ အႏိုင္ရၿပီး ယူ႐ို (၂၀၂၀) ၿပိဳင္ပြဲရဲ႕ ဗိုလ္လုပြဲကို တက္လွမ္းသြားခဲ့ပါတယ္။

နည္းျပ ေဆာက္ဂိတ္ရဲ႕ အဂၤလန္အသင္းကေတာ့ ဒိန္းမတ္အသင္းကို အႏိုင္ယူၿပီး ယူ႐ို ဗိုလ္လုပြဲကို ေရာက္ရွိခဲ့တဲ့ အတြက္ အဂၤလန္အသင္းရဲဲ့ သမိုင္း တစ္ေလွ်ာက္မွာ ပထမဆုံး အႀကိမ္ အျဖစ္နဲ႔ ယူ႐ို ဗိုလ္လုပြဲကို ေရာက္ရွိသြားခဲ့တာပဲ ျဖစ္ပါတယ္။ အဂၤလန္အသင္းဟာ ဗိုလ္လုပြဲစဥ္မွာ စပိန္အသင္းကို အႏိုင္ရခဲ့တဲ့ အီတလီအသင္းနဲ႔ ကစားသြားမွာ ျဖစ္ၿပီး အဂၤလန္ ၾကယ္ပြင့္ စတာလင္က ပင္နယ္တီနဲ႔ ပက္သက္လို႔ ဂ်ိဳကင္ေမလာက သူ႔ရဲ႕ ေျခကို ထိခဲ့တာေၾကာင့္ လုံးဝပင္နယ္တီပဲလို႔ ဆိုပါတယ္။

စတာလင္ဟာ လုံးဝ ပင္နယ္တီ ေပးသင့္လားလို႔ ITV သတင္းက ေမးတဲ့ အခ်ိန္မွာ “ေပးရပါမယ္။ ကြၽန္ေတာ္ ပင္နယ္တီ ဧရီယာထဲ ဝင္တဲ့ အခ်ိန္မွာ ဂ်ိဳကင္ေမလာက သူ႔ရဲ႕ ညာေျခကို ထုတ္ၿပီးေတာ့ ကြၽန္ေတာ့္ေျခေထာက္ကို ထိလို႔ ပင္နယ္တီပါပဲ´´

“ဒီပြဲမွာ ထိပ္သီးအရည္အခ်င္းကို ျပခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ေလးနက္ကစားခဲ့တယ္။ ဒီၿပိဳင္ပြဲမွာ ပထမဆုံး အႀကိမ္ ေပးဂိုး ခြင့္ျပဳခဲ့ရပါတယ္။ ဒါေပမယ့္ ျပန္လိုက္ကစားခဲ့ပါတယ္။ စိတ္ထားေကာင္းကို ျပသၿပီး ျပန္လာႏိုင္ပြဲ ရရွိခဲ့ပါတယ္´´

“ဒီအဂၤလန္ႏိုင္ငံမွာ ေဘာလုံးက ဘယ္လို အေရးပါလဲ ဆိုတာကို ဒီည လာၾကတဲ့ ပရိသတ္ေတြ၊ အင္အားေတြ၊ ပတ္ဝန္းက်င္ အေနအထားေတြ၊အားေပးမႈေတြ နဲ႔ အဝတ္ခြၽတ္ထားတဲ့ လူေတြကို ၾကည့္ၿပီးေတာ့ ခင္ဗ်ားတို႔ေတြ သိႏိုင္ပါတယ္´´

“ကြၽန္ေတာ္တို႔ အဝတ္လဲခန္းကို ျပန္သြားၾကၿပီး အနည္းငယ္ ေအာင္ပြဲခံခဲ့ၾကပါတယ္။ ေနာက္ေန႔ မနက္ျဖန္ကေန စၿပီး အရာရာတိုင္းက အီတလီအသင္းအေၾကာင္းပဲ ျဖစ္မွာပါ´´လို႔ ပြဲအၿပီးမွာ သတင္းေထာက္ေတြကို ေျပာၾကားသြားတာပါ။