ရော်နယ် ဒင်ဟို၊ ပေါ့ဘာနဲ့ အဖွဲ့သားများ နိုက်ကလပ်ထဲမှာ မူးကွဲပြီး ကဲနေကြ

ပြီးခဲ့တဲ့တနင်္လာနေ့က အမေရိကန်နိုင်ငံ၊ မိုင်ယာမီမြို့က နိုက်ကလပ်တစ်ခုမှာ ဘရာဇီးဘောလုံးမှော်ဆရာတစ်ဖြစ်လဲ အကဲအကျော်အမော် ရော်နယ်ဒင်ဟို နဲ့အတူ ယူနိုက်တက် ကစားသမား ပေါ့ဘာ၊ ဂျူဗင်တပ်စ်ကစားသမား ဒီဘာလာ နဲ့ အင်တာမိုင်ယာမီမှာ ကစားနေတဲ့ ဂျူဗင်တပ်စ်ကစားသမားဟောင်း မာတွီဒီတို့ တွေ့ဆုံကဲခဲ့ကြပါတယ်။

ယူနိုက်တက် ကစားသမား ပေါ့ဘာဟာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲက ထွက်ခွာခဲ့ရပြီးနောက်မှာတော့ ရာသီကြိုလေ့ကျင့်မှုတွေ မစတင်ခင်မှာ မိသားစုနဲ့အတူ အမေရိကန်မှာ အနားယူနေရင်း အသင်းဖော်ဟောင်းတွေနဲ့ သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒင်ဟိုနဲ့ တွေ့ပြီး မကဲခင် ပေါ့ဘာဟာ ကမ္ဘာကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ Burna Boyရဲ့မွေးနေ့မှာသွားကခုန်ရင်း ပျော်ပါးခဲ့ပါသေးတယ်။ ပေါ့ဘာမွေးနေ့ပွဲသွားတက်ရောက်တဲ့Burna Boyဟာ အာဖရိကရဲ့နာမည်ကျော်အဆိုတော်ဖြစ်ပြီးတော့ တေးရေးဆရာတစ်ဦးဖြစ်သလိုရပ်ပါသီချင်းတွေကို သီဆိုတဲ့ အကပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ သူကပေါ့ဘာရဲ့ အမာခံပရိတ်သတ်ဖြစ်တဲ့အတွက် ပေါ့ဘာနဲ့ပျော်ပါးစွာမွေးနေ့ပွဲကို ဆင်နွဲနေခဲ့တာပါ။ ပြင်သစ်အသင်း ယူရို ၂၀၂၀ ပြိုင်ပွဲက ထွက်ခွာရပေမယ့် ပေါ့ဘာကတော့ တကယ့်ကို သာသာယာယာပါပဲ။

အသက် ၄၁ နှစ်အရွယ် ဘရာဇီးကြယ်ပွင့်ဟောင်း ရော်နယ်ဒင်ဟိုဟာ ၂၀၀၅ ခုနှစ်မှာ ဘလွန်းဒီအော်ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ပေါ့ဘာဟာ ရော်နယ်ဒင်ဟိုနဲ့အတူ ပျော်ရွှင်စွာကခုန်နေတဲ့ ဗီဒီယိုဖိုင်ကို သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေ တင်ခဲ့တာပါ။ ရော်နယ်ဒင်ဟိုနဲ့ပေါ့ဘာတို့ဟာ သီချင်းသံတွေဆူညံနေတဲ့ အခန်းလေးထဲမှာ ရယ်မောပျော်ရွှင်နေကြပြီး ရော်နယ်ဒင်ဟိုက ပေါ့ဘာရဲ့မုတ်ဆိတ်ကိုခဏခဏဆွဲပြီး မကြာခဏ ပွေ့ ဖက်နေခဲ့ကြပါတယ်။

ရော်နယ်ဒင်ဟိုဟာ ၂၀၂၀ ခုနှစ်အတွင်းမှာ ပါရာဂွေးနိုင်ငံအတွင်း ပတ်စပိုစ့်အတုပြုလုပ်ကာ ဝင်ရောက်ခဲ့မှုကြောင့် ၆ လနီးပါး ထောင်ကျခဲ့ပါသေးတယ်။ ဘာစီလိုနာ၊ အေစီမီလန် နဲ့ ပီအက်စ်ဂျီအသင်းတို့မှာ ကစားခဲ့တဲ့ ရော်နယ်ဒင်ဟိုဟာ ပေါ့ဘာတို့နဲ့ မဆုံခင်တစ်နေ့မှာလည်း မန်စီးတီးနောက်ခံလူ မန်ဒီနဲ့ တွေ့ဆုံခဲ့သေးတာပါ။

zawgyi

​ေရာ္နယ္ ဒင္ဟို၊ ​ေပါ့ဘာနဲ႔ အဖြဲ႕သားမ်ား ႏိုက္ကလပ္ထဲမွာ မူးကြဲၿပီး ကဲေနၾက

ၿပီးခဲ့တဲ့တနလၤာေန႔က အေမရိကန္ႏိုင္ငံ၊ မိုင္ယာမီၿမိဳ႕က ႏိုက္ကလပ္တစ္ခုမွာ ဘရာဇီးေဘာလုံးေမွာ္ဆရာတစ္ျဖစ္လဲ အကဲအ​ေက်ာ္အ​ေမာ္ ေရာ္နယ္ဒင္ဟို နဲ႔အတူ ယူႏိုက္တက္ ကစားသမား ေပါ့ဘာ၊ ဂ်ဴဗင္တပ္စ္ကစားသမား ဒီဘာလာ နဲ႔ အင္တာမိုင္ယာမီမွာ ကစားေနတဲ့ ဂ်ဴဗင္တပ္စ္ကစားသမားေဟာင္း မာတြီဒီတို႔ ​ေတြ႕ဆုံကဲခဲ့ၾကပါတယ္။

ယူႏိုက္တက္ ကစားသမား ေပါ့ဘာဟာ ျပင္သစ္လက္ေ႐ြးစင္အသင္းနဲ႔အတူ ယူ႐ိုၿပိဳင္ပြဲက ထြက္ခြာခဲ့ရၿပီးေနာက္မွာေတာ့ ရာသီႀကိဳေလ့က်င့္မႈေတြ မစတင္ခင္မွာ မိသားစုနဲ႔အတူ အေမရိကန္မွာ အနားယူေနရင္း အသင္းေဖာ္ေဟာင္းေတြနဲ႔ သြားေရာက္ေတြ႕ဆုံခဲ့တာျဖစ္ပါတယ္။

​ေရာ္နယ္ဒင္ဟိုနဲ႔ ​ေတြ႕ၿပီး မကဲခင္ ​ေပါ့ဘာဟာ ကမာၻေက်ာ္အဆိုေတာ္တစ္ဦးျဖစ္တဲ့ Burna Boyရဲ႕ေမြးေန႔မွာသြားကခုန္ရင္း ေပ်ာ္ပါးခဲ့ပါ​ေသးတယ္။ ေပါ့ဘာေမြးေန႔ပြဲသြားတက္ေရာက္တဲ့Burna Boyဟာ အာဖရိကရဲ႕နာမည္ေက်ာ္အဆိုေတာ္ျဖစ္ၿပီးေတာ့ ေတးေရးဆရာတစ္ဦးျဖစ္သလိုရပ္ပါသီခ်င္းေတြကို သီဆိုတဲ့ အကပညာရွင္တစ္ဦးလည္းျဖစ္ပါတယ္။ သူကေပါ့ဘာရဲ႕ အမာခံပရိတ္သတ္ျဖစ္တဲ့အတြက္ ေပါ့ဘာနဲ႔ေပ်ာ္ပါးစြာေမြးေန႔ပြဲကို ဆင္ႏြဲေနခဲ့တာပါ။ ျပင္သစ္အသင္း ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲက ထြက္ခြာရ​ေပမယ့္ ​​​ေပါ့ဘာက​ေတာ့ တကယ့္ကို သာသာယာယာပါပဲ။

အသက္ ၄၁ ႏွစ္အ႐ြယ္ ဘရာဇီးၾကယ္ပြင့္ေဟာင္း ေရာ္နယ္ဒင္ဟိုဟာ ၂၀၀၅ ခုႏွစ္မွာ ဘလြန္းဒီေအာ္ဆုကို ရရွိခဲ့တာျဖစ္ပါတယ္။ ေပါ့ဘာဟာ ​ေရာ္နယ္ဒင္ဟိုနဲ႔အတူ ေပ်ာ္႐ႊင္စြာကခုန္ေနတဲ့ ဗီဒီယိုဖိုင္ကို သူ႔ရဲ႕ အင္စတာဂရမ္အေကာင့္ကေန တင္ခဲ့တာပါ။

ေရာ္နယ္ဒင္ဟိုနဲ႔ေပါ့ဘာတို႔ဟာ သီခ်င္းသံေတြဆူညံေနတဲ့ အခန္းေလးထဲမွာ ရယ္ေမာေပ်ာ္႐ႊင္ေနၾကၿပီး ​ေရာ္နယ္ဒင္ဟိုက ေပါ့ဘာရဲ႕မုတ္ဆိတ္ကိုခဏခဏဆြဲၿပီး မၾကာခဏ ​ေပြ႕ ဖက္ေနခဲ့ၾကပါတယ္။

ေရာ္နယ္ဒင္ဟိုဟာ ၂၀၂၀ ခုႏွစ္အတြင္းမွာ ပါရာေဂြးႏိုင္ငံအတြင္း ပတ္စပိုစ့္အတုျပဳလုပ္ကာ ဝင္ေရာက္ခဲ့မႈေၾကာင့္ ၆ လနီးပါး ေထာင္က်ခဲ့ပါေသးတယ္။ ဘာစီလိုနာ၊ ေအစီမီလန္ နဲ႔ ပီအက္စ္ဂ်ီအသင္းတို႔မွာ ကစားခဲ့တဲ့ ေရာ္နယ္ဒင္ဟိုဟာ ေပါ့ဘာတို႔နဲ႔ မဆုံခင္တစ္ေန႔မွာလည္း မန္စီးတီးေနာက္ခံလူ မန္ဒီနဲ႔ ေတြ႕ဆုံခဲ့ေသးတာပါ။