ယူရိုချန်ပီယံဆုကို ရယူနိုင်ဖို့ ခြေတလှမ်းပဲလိုတော့တယ်ဆိုတဲ့ မန်စီနီ

အီတလီ နည်းပြ မန်စီနီ က စပိန် ကို ဆီမီးဖိုင်နယ်မှာ ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရခဲ့ပြီးနောက် ချန်ပီယံဖြစ်ဖို့ ခြေတလှမ်းသာလိုတော့တယ်ဆိုပြီး ကြုံးဝါးပြောဆိုလိုက်ပါတယ်။

ပွဲအပြီး အင်တာဗျူးမှာ မန်စီနီ က “ ချန်ပီယံဖြစ်ဖို့ နောက်ဆုံးတပွဲကို အနိုင်ကန်ရအုန်းမှာပါ။
ကြိမ်းသေပေါက် ချန်ပီယံဖြစ်အောင်လုပ်ဖို့လည်း ကျွန်တော်တို့အသင့်ရှိနေပါပြီ။

ဘောလုံးပိုင်ဆိုင်မှုကို အသားပေးကစားတဲ့ စပိန် နဲ့ ရင်ဆိုင်းခဲ့ရတဲ့ပွဲက ခက်ခဲမယ်ဆိုတာကို ကျွန်တော်တို့ကြိုသိခဲ့ပါတယ်။

စပိန်က ကမ္ဘာ့အကောင်းဆုံးတွေထဲက တသင်းဖြစ်ပြီး ဒီပွဲမှာ ကျွန်တော်တို့ကို အခက်တွေ့အောင်လုပ်နိုင်ခဲ့ပါတယ်။
ဘောလုံးပိုင်ဆိုင်မှုသိပ်မရခဲ့တော့ ဂိုးသွင်းဖို့ နဲ့ အခွင့်အရေးတွေဖန်တီးဖို့ အတော်လေးကြိုးစားခဲ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် ဗိုလ်လုပွဲကိုရောက်အောင်သွားဖို့ ဆုံးဖြတ်ထားတာကြောင့် ကျွန်တော့်ကစားသမားတွေက နောက်ဆုံးအချိန်ထိတိုက်ပွဲဝင်ခဲ့ကြပါတယ်။

ပင်နယ်တီ အဆုံးအဖြတ်ဆိုတာကတော့ ထီထိုးရသလိုပါပဲ။
ကံပိုကောင်းတဲ့အသင်းက နောက်တဆင့်ကိုတက်တာပေါ့။
စပိန်အသင်း ကို ကျွန်တော်တကယ်လေးစားပါတယ်။
သူတို့က အံ့အားသင့်ဖွယ်ကောင်းတဲ့ အသင်းတသင်းပါ “ လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် အီတလီ ကစားသမားတွေနဲ့ပက်သက်ပြီးတော့လည်း မန်စီနီ က “ ကျွန်တော့်ရဲ့ အီတလီနည်းပြဘဝအစကနေ ဒီနေ့အထိ ယုံကြည်ပြီး ပေးဆပ်ခဲ့ကြတဲ့ကစားသမားတွေကို ကျေးဇူးတင်ပါတယ်။

ကျွန်တော်တို့အလိုရှိနေတဲ့ ဆုဖလား အောင်မြင်မှုအခုထိမရသေးဘူးဆိုတာကိုတော့ ခေါင်းထဲထည့်ထားပါတယ်။
နောက်ထပ် ခြေတလှမ်းပဲလိုပါတော့တယ်။

အခုလောလောဆယ်တော့ အရင်ဆုံးအနားယူလိုက်ပါအုန်းမယ်။
ဗိုလ်လုပွဲကတော့ စိန်ခေါ်မှုတွေအများကြီးနဲ့ စောင့်ကြိုနေမှာပါ “ လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကိုတော့ လာမယ့် တနင်္ဂနွေညမှာ ဝင်ဘလေကွင်းကြီးထဲမှာပဲ ကျင်းပသွားမှာဖြစ်ပါတယ်။

၅၃ နှစ်နီးပါးကြာဝေးကွာနေတဲ့ ယူရိုချန်ပီယံဆုကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက်တော့ အီတလီ အနေနဲ့ အစွမ်းကုန်ကြိုစားရမှာပါ။

Zawgyi

ယူ႐ိုခ်န္ပီယံဆုကို ရယူႏိုင္ဖို႔ ေျခတလွမ္းပဲလိုေတာ့တယ္ဆိုတဲ့ မန္စီနီ

အီတလီ နည္းျပ မန္စီနီ က စပိန္ ကို ဆီမီးဖိုင္နယ္မွာ ပင္နယ္တီအဆုံးအျဖတ္နဲ႔အႏိုင္ရခဲ့ၿပီးေနာက္ ခ်န္ပီယံျဖစ္ဖို႔ ေျခတလွမ္းသာလိုေတာ့တယ္ဆိုၿပီး ႀကဳံးဝါးေျပာဆိုလိုက္ပါတယ္။

ပြဲအၿပီး အင္တာဗ်ဴးမွာ မန္စီနီ က “ ခ်န္ပီယံျဖစ္ဖို႔ ေနာက္ဆုံးတပြဲကို အႏိုင္ကန္ရအုန္းမွာပါ။
ႀကိမ္းေသေပါက္ ခ်န္ပီယံျဖစ္ေအာင္လုပ္ဖို႔လည္း ကြၽန္ေတာ္တို႔အသင့္ရွိေနပါၿပီ။

ေဘာလုံးပိုင္ဆိုင္မႈကို အသားေပးကစားတဲ့ စပိန္ နဲ႔ ရင္ဆိုင္းခဲ့ရတဲ့ပြဲက ခက္ခဲမယ္ဆိုတာကို ကြၽန္ေတာ္တို႔ႀကိဳသိခဲ့ပါတယ္။

စပိန္က ကမာၻ႔အေကာင္းဆုံးေတြထဲက တသင္းျဖစ္ၿပီး ဒီပြဲမွာ ကြၽန္ေတာ္တို႔ကို အခက္ေတြ႕ေအာင္လုပ္ႏိုင္ခဲ့ပါတယ္။
ေဘာလုံးပိုင္ဆိုင္မႈသိပ္မရခဲ့ေတာ့ ဂိုးသြင္းဖို႔ နဲ႔ အခြင့္အေရးေတြဖန္တီးဖို႔ အေတာ္ေလးႀကိဳးစားခဲ့ရပါတယ္။

ဘာပဲျဖစ္ျဖစ္ ဗိုလ္လုပြဲကိုေရာက္ေအာင္သြားဖို႔ ဆုံးျဖတ္ထားတာေၾကာင့္ ကြၽန္ေတာ့္ကစားသမားေတြက ေနာက္ဆုံးအခ်ိန္ထိတိုက္ပြဲဝင္ခဲ့ၾကပါတယ္။

ပင္နယ္တီ အဆုံးအျဖတ္ဆိုတာကေတာ့ ထီထိုးရသလိုပါပဲ။
ကံပိုေကာင္းတဲ့အသင္းက ေနာက္တဆင့္ကိုတက္တာေပါ့။
စပိန္အသင္း ကို ကြၽန္ေတာ္တကယ္ေလးစားပါတယ္။
သူတို႔က အံ့အားသင့္ဖြယ္ေကာင္းတဲ့ အသင္းတသင္းပါ “ လို႔ ေျပာခဲ့ပါတယ္။

ဒါ့အျပင္ အီတလီ ကစားသမားေတြနဲ႔ပက္သက္ၿပီးေတာ့လည္း မန္စီနီ က “ ကြၽန္ေတာ့္ရဲ႕ အီတလီနည္းျပဘဝအစကေန ဒီေန႔အထိ ယုံၾကည္ၿပီး ေပးဆပ္ခဲ့ၾကတဲ့ကစားသမားေတြကို ေက်းဇူးတင္ပါတယ္။

ကြၽန္ေတာ္တို႔အလိုရွိေနတဲ့ ဆုဖလား ေအာင္ျမင္မႈအခုထိမရေသးဘူးဆိုတာကိုေတာ့ ေခါင္းထဲထည့္ထားပါတယ္။
ေနာက္ထပ္ ေျခတလွမ္းပဲလိုပါေတာ့တယ္။

အခုေလာေလာဆယ္ေတာ့ အရင္ဆုံးအနားယူလိုက္ပါအုန္းမယ္။
ဗိုလ္လုပြဲကေတာ့ စိန္ေခၚမႈေတြအမ်ားႀကီးနဲ႔ ေစာင့္ႀကိဳေနမွာပါ “ လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲရဲ႕ ဗိုလ္လုပြဲကိုေတာ့ လာမယ့္ တနဂၤေႏြညမွာ ဝင္ဘေလကြင္းႀကီးထဲမွာပဲ က်င္းပသြားမွာျဖစ္ပါတယ္။

၅၃ ႏွစ္နီးပါးၾကာေဝးကြာေနတဲ့ ယူ႐ိုခ်န္ပီယံဆုကို ျပန္လည္သိမ္းပိုက္ႏိုင္ဖို႔အတြက္ေတာ့ အီတလီ အေနနဲ႔ အစြမ္းကုန္ႀကိဳစားရမွာပါ။