မန်ယူနိုက်တက်က ပထမဆုံးရာသီကြို လေ့ကျင့်ရေးအစီအစဉ်တွေမှာ ဝတ်ဆင်ခဲ့တဲ့ နံပါတွေကိုပဲ ဆက်ပြီး အသုံးပြုသွားဖို့ရှိ

မန်ချက်စတာ ယူနိုက်တက်အသင်းက အကယ်ဒမီ ကစားသမား ( ၄ ) ဦးဟာ လာမယ့် ( ၂၀၂၁ /၂၂ ) ရာသီကို ဂျာစီနံပါတ်အသစ်တွေနဲ့ ယှဉ်ပြိုင်သွားမယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။ မန်ချက်စတာ ညနေခင်းသတင်းအရ တနင်္လာနေ့က ပြုလုပ်တဲ့ ပထမဆုံးရာသီကြို လေ့ကျင့်ရေးအစီအစဉ်တွေမှာ ဝတ်ဆင်ခဲ့တဲ့ နံပါတွေကိုပဲ ဆက်ပြီး အသုံးပြုသွားဖို့ရှိတယ်လို့ သိရပါတယ်။

ပထမအသင်းကြီးမှ ကစားသမား အများစုက နိုင်ငံတကာပြိုင်ပွဲမှာ ပါဝင်ပတ်သက်နေသလို အချို့က အားလပ်ရက် အနားယူနေကြတဲ့အတွက် ပထမဆုံး လေ့ကျင့်ရေးအစီအစဉ်ကို လူငယ်ကစားသမား အများစုနဲ့ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ အငှားသွားရောက်ကစားခဲ့ကြတဲ့ တင်ဒီ မင်ဂီ ၊ ဂျိမ်းစ် ဂါနာ ၊ ပယ်လီစထရီ နှင့် ချောင် တို့ဟာလည်း AoN Training Complexမှာ စီနီယာအသင်းကြီးနဲ့အတူ လေ့ကျင့်ရေး အစီအစဉ်ပြုလုပ်ခဲ့ကြပါတယ်။

ယခင်က နံပါတ် ( ၈၉ ) ဝတ်ဆင်ခဲ့တဲ့ ဂျိုး ဟူးဂေးလ်က နံပါတ် ( ၅၂ ) ကို ပြောင်းလဲသွားဖို့ရှိပြီး မေလအတွင်း ပထမဆုံး ကစားခွင့်ရခဲ့တဲ့ ပွဲစဉ်မှာ ကျောနံပါတ် ( ၅၆ ) ဝတ်ဆင်ခဲ့တဲ့ အန်သိုနီ အီလန်ဂါက လက်ရှိမှာ နံပါတ် ( ၃၆ ) ကို ပြောင်းလဲ အသုံးပြုသွားဖို့ရှိပါတယ်။

ယူရို ( ၂၀၂၀ ) မှာ ပါဝင်ခဲ့ရပေမယ့် အသင်းကို စောစီးစွာ ပြန်လာခဲ့တဲ့ ဒိုင်လန်လီဗစ်က နံပါတ် ( ၆၃ ) အစား နံပါတ် ( ၃၅ )ကို ဝတ်ဆင်ဖို့ရှိပြီး ယခင်နှစ်က အိုလေ ဂန်းနား ဆိုးရှားလက်အောက်မှာ အသင်းကြီးနဲ့အတူ စတင်ကစားခွင့်ရလာတဲ့ ဆိုလာ ရှောတိုင်ယာကလည်း နံပါတ် ( ၇၄ ) ကနေ ( ၄၇ ) ကို ပြောင်းလဲ ဝတ်ဆင်သွားဖို့ရှိပါတယ်။ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပထမဆုံးနွေရာသီ ခေါ်ယူမှုဖြစ်တဲ့ ဂိုးသမား တွမ် ဟီတန်ကတော့ နံပါတ် ( ၂၂ ) ဝတ်ဆင်ထားကြောင်း မြင်တွေ့ခဲ့ရပါတယ်။

zawgyi

မန္ယူႏိုက္တက္က ပထမဆုံးရာသီႀကိဳ ေလ့က်င့္ေရးအစီအစဥ္ေတြမွာ ဝတ္ဆင္ခဲ့တဲ့ နံပါေတြကိုပဲ ဆက္ၿပီး အသုံးျပဳသြားဖို႔ရွိ

မန္ခ်က္စတာ ယူႏိုက္တက္အသင္းက အကယ္ဒမီ ကစားသမား ( ၄ ) ဦးဟာ လာမယ့္ ( ၂၀၂၁ /၂၂ ) ရာသီကို ဂ်ာစီနံပါတ္အသစ္ေတြနဲ႔ ယွဥ္ၿပိဳင္သြားမယ္လို႔ အတည္ျပဳေျပာၾကားလိုက္ပါတယ္။

မန္ခ်က္စတာ ညေနခင္းသတင္းအရ တနလၤာေန႔က ျပဳလုပ္တဲ့ ပထမဆုံးရာသီႀကိဳ ေလ့က်င့္ေရးအစီအစဥ္ေတြမွာ ဝတ္ဆင္ခဲ့တဲ့ နံပါေတြကိုပဲ ဆက္ၿပီး အသုံးျပဳသြားဖို႔ရွိတယ္လို႔ သိရပါတယ္။

ပထမအသင္းႀကီးမွ ကစားသမား အမ်ားစုက ႏိုင္ငံတကာၿပိဳင္ပြဲမွာ ပါဝင္ပတ္သက္ေနသလို အခ်ိဳ႕က အားလပ္ရက္ အနားယူေနၾကတဲ့အတြက္ ပထမဆုံး ေလ့က်င့္ေရးအစီအစဥ္ကို လူငယ္ကစားသမား အမ်ားစုနဲ႔ ျပဳလုပ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရာသီမွာ အငွားသြားေရာက္ကစားခဲ့ၾကတဲ့ တင္ဒီ မင္ဂီ ၊ ဂ်ိမ္းစ္ ဂါနာ ၊ ပယ္လီစထရီ ႏွင့္ ေခ်ာင္ တို႔ဟာလည္း AoN Training Complexမွာ စီနီယာအသင္းႀကီးနဲ႔အတူ ေလ့က်င့္ေရး အစီအစဥ္ျပဳလုပ္ခဲ့ၾကပါတယ္။

ယခင္က နံပါတ္ ( ၈၉ ) ဝတ္ဆင္ခဲ့တဲ့ ဂ်ိဳး ဟူးေဂးလ္က နံပါတ္ ( ၅၂ ) ကို ေျပာင္းလဲသြားဖို႔ရွိၿပီး ေမလအတြင္း ပထမဆုံး ကစားခြင့္ရခဲ့တဲ့ ပြဲစဥ္မွာ ေက်ာနံပါတ္ ( ၅၆ ) ဝတ္ဆင္ခဲ့တဲ့ အန္သိုနီ အီလန္ဂါက လက္ရွိမွာ နံပါတ္ ( ၃၆ ) ကို ေျပာင္းလဲ အသုံးျပဳသြားဖို႔ရွိပါတယ္။

ယူ႐ို ( ၂၀၂၀ ) မွာ ပါဝင္ခဲ့ရေပမယ့္ အသင္းကို ေစာစီးစြာ ျပန္လာခဲ့တဲ့ ဒိုင္လန္လီဗစ္က နံပါတ္ ( ၆၃ ) အစား နံပါတ္ ( ၃၅ )ကို ဝတ္ဆင္ဖို႔ရွိၿပီး ယခင္ႏွစ္က အိုေလ ဂန္းနား ဆိုးရွားလက္ေအာက္မွာ အသင္းႀကီးနဲ႔အတူ စတင္ကစားခြင့္ရလာတဲ့ ဆိုလာ ေရွာတိုင္ယာကလည္း နံပါတ္ ( ၇၄ ) ကေန ( ၄၇ ) ကို ေျပာင္းလဲ ဝတ္ဆင္သြားဖို႔ရွိပါတယ္။ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ပထမဆုံးေႏြရာသီ ေခၚယူမႈျဖစ္တဲ့ ဂိုးသမား တြမ္ ဟီတန္ကေတာ့ နံပါတ္ ( ၂၂ ) ဝတ္ဆင္ထားေၾကာင္း ျမင္ေတြ႕ခဲ့ရပါတယ္။