မက်ဆီ ဗိုလ်လုပွဲရောက်ဖို့ ခြေအိတ်မှာ သွေးစိုတဲ့အထိ ကစားခဲ့

သာမန်ပွဲကစားချိန် အတွင်းမှာ တစ်ဖက် တစ်ဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာတော့ အာဂျင်တီးနားအသင်းဟာ ဂိုးသမား မာတီနက်ဇ်ရဲ့ အကောင်းဆုံး လက်စွမ်းတွေနဲ့အတူ ၃-၂ ဆိုတဲ့ ပင်နယ်တီ ကန်သွင်းမှုရလဒ်နဲ့ ကိုလံဘီယာအသင်းကို အနိုင်ရကာ ကိုပါအမေရိကပြိုင်ပွဲရဲ့ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

အဲဒီပွဲမှာ မက်ဆီ ဟာ အာဂျင်တီးနား အတွက် ခြေစွမ်းပြသခဲ့ပြီး လောတရိုမာတီးနတ်စ် သွင်းယူခဲ့တဲ့ ဂိုးကို ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။မက်ဆီ ဟာ ဒီပွဲမှာ ဂိုးဖန်တီးမှု(၁)ကြိမ်၊ ကစားသမားတွေကို ဆွဲပြေးဖြတ်ကျော်မှု (၉)ကြိမ်၊ ဂိုးရမယ့် အခွင့်အရေးဖန်တီးတာ (၆)ကြိမ်အထိရှိခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲမှာ ကိုလံဘီယာ ကစားသမားတွေ ဟာ အဝါကတ်ပြား(၆)ကြိမ်ပြသခံခဲ့ရတာဖြစ်ပြီး ဒီ(၆)ကြိမ်လုံးဟာ မက်ဆီ ကို တားဆီးဖို့ ကြိုးစားတာကြောင့် ပြသခံခဲ့ရတာပါ။

မက်ဆီကလည်း အဲဒီလိုဖြတ်ထုတ်ခံရမှုကြောင့် ခြေထောက်မှာ သွေးထွက်သံယိုတဲ့ အထိဖြစ်ခဲ့ပြီး လူမှုကွန်ရက်ပေါ်မှာ မက်ဆီခြေအိတ် သွေးစိုတဲ့ပုံတွေဟာ ပျံ့နှံ့နေခဲ့တာဖြစ်ပါတယ်။မက်ဆီ ဟာ သူ့ရဲ့လက်ရွေးစင် ကစားသမားဘဝ ပထမဆုံးဆုဖလားအဖြစ် ကိုပါအမေရိကဖလားကို ရယူနိုင်ဖို့ ပြိုင်ပွဲမစတင်ခင်ကတည်းက ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

ဗိုလ်လုပွဲမှာတော့ အာဂျင်တီးနားအသင်းဟာ ဘရာဇီးလ်အသင်းနဲ့ ရင်ဆိုင် ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။ဘရာဇီးလ်အသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ ဗိုလ်လုပွဲကို ဇူလိုင်လ ၁၁ရက်နေ့ မနက် ၆နာရီခွဲ အချိန်မှာ ကျင်းပသွားမှာပါ။

တောင်အမေရိကရဲ့ အားအကောင်းဆုံး နှစ်သင်း ဖြစ်တဲ့ ဘရာဇီးလ်နဲ့ အာဂျင်တီးနားတို့ရဲ့ ဗိုလ်လုပွဲမှာ မက်ဆီနဲ့ နေမာ ဘယ်လိုတွေ အပြိုင်ကြဲမလဲဆိုတာ စောင့်ကြည့်ကြရအောင်ပါ။

zawgyi

မက္ဆီ ဗိုလ္လုပြဲေရာက္ဖို႔ ေျခအိတ္မွာ ေသြးစိုတဲ့အထိ ကစားခဲ့

သာမန္ပြဲကစားခ်ိန္ အတြင္းမွာ တစ္ဖက္ တစ္ဂိုးစီနဲ႔ သေရရလဒ္ ထြက္ေပၚခဲ့တာေၾကာင့္ ပင္နယ္တီ အဆုံးအျဖတ္ ခံယူရာမွာေတာ့ အာဂ်င္တီးနားအသင္းဟာ ဂိုးသမား မာတီနက္ဇ္ရဲ႕ အေကာင္းဆုံး လက္စြမ္းေတြနဲ႔အတူ ၃-၂ ဆိုတဲ့ ပင္နယ္တီ ကန္သြင္းမႈရလဒ္နဲ႔ ကိုလံဘီယာအသင္းကို အႏိုင္ရကာ ကိုပါအေမရိကၿပိဳင္ပြဲရဲ႕ ဗိုလ္လုပြဲဆီ တက္လွမ္းႏိုင္ခဲ့ပါတယ္။

အဲဒီပြဲမွာ မက္ဆီ ဟာ အာဂ်င္တီးနား အတြက္ ေျခစြမ္းျပသခဲ့ၿပီး ေလာတ႐ိုမာတီးနတ္စ္ သြင္းယူခဲ့တဲ့ ဂိုးကို ဖန္တီးႏိုင္ခဲ့တာျဖစ္ပါတယ္။မက္ဆီ ဟာ ဒီပြဲမွာ ဂိုးဖန္တီးမႈ(၁)ႀကိမ္၊ ကစားသမားေတြကို ဆြဲေျပးျဖတ္ေက်ာ္မႈ (၉)ႀကိမ္၊ ဂိုးရမယ့္ အခြင့္အေရးဖန္တီးတာ (၆)ႀကိမ္အထိရွိခဲ့တာျဖစ္ပါတယ္။

အဲဒီပြဲမွာ ကိုလံဘီယာ ကစားသမားေတြ ဟာ အဝါကတ္ျပား(၆)ႀကိမ္ျပသခံခဲ့ရတာျဖစ္ၿပီး ဒီ(၆)ႀကိမ္လုံးဟာ မက္ဆီ ကို တားဆီးဖို႔ ႀကိဳးစားတာေၾကာင့္ ျပသခံခဲ့ရတာပါ။

မက္ဆီကလည္း အဲဒီလိုျဖတ္ထုတ္ခံရမႈေၾကာင့္ ​ေျခ​ေထာက္မွာ ေသြးထြက္သံယိုတဲ့ အထိျဖစ္ခဲ့ၿပီး လူမႈကြန္ရက္ေပၚမွာ မက္ဆီ​ေျခအိတ္ ​​ေသြးစိုတဲ့ပုံေတြဟာ ပ်ံ႕ႏွံ႔ေနခဲ့တာျဖစ္ပါတယ္။မက္ဆီ ဟာ သူ႔ရဲ႕လက္ေ႐ြးစင္ ကစားသမားဘဝ ပထမဆုံးဆုဖလားအျဖစ္ ကိုပါအ​ေမရိကဖလားကို ရယူႏိုင္ဖို႔ ၿပိဳင္ပြဲမစတင္ခင္ကတည္းက ဆုံးျဖတ္ထားတာျဖစ္ပါတယ္။

ဗိုလ္လုပြဲမွာေတာ့ အာဂ်င္တီးနားအသင္းဟာ ဘရာဇီးလ္အသင္းနဲ႔ ရင္ဆိုင္ ယွဥ္ၿပိဳင္ရမွာပဲ ျဖစ္ပါတယ္။ဘရာဇီးလ္အသင္းနဲ႔ အာဂ်င္တီးနားအသင္းတို႔ရဲ႕ ဗိုလ္လုပြဲကို ဇူလိုင္လ ၁၁ရက္ေန႔ မနက္ ၆နာရီခြဲ အခ်ိန္မွာ က်င္းပသြားမွာပါ။

ေတာင္အေမရိကရဲ႕ အားအေကာင္းဆုံး ႏွစ္သင္း ျဖစ္တဲ့ ဘရာဇီးလ္နဲ႔ အာဂ်င္တီးနားတို႔ရဲ႕ ဗိုလ္လုပြဲမွာ မက္ဆီနဲ႔ ​ေနမာ ဘယ္လို​ေတြ အၿပိဳင္ႀကဲမလဲဆိုတာ ​ေစာင့္ၾကည့္ၾကရ​ေအာင္ပါ။