ပင်နယ်တီနဲ့ ဗိုလ်လုပွဲတက်ရောက်သွားတဲ့ အာဂျင်တီးနား

ကိုပါအမေရိက ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဘောလုံးမှော်ဆရာ မက်ဆီ ဦးဆောင်လာတဲ့ အာဂျင်တီးနား က ကိုလမ်ဘီယာ ကို ပင်နယ်တီအဆုံးအဖြတ်မှာ ၃-၂ နဲ့ အနိုင်ရခဲ့ပြီး နောက်ဆုံး ဖိုင်နယ်အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။

ပွဲအစ ၆ မိနစ်ထဲက အာဂျင်တီးနား က ဦးဆောင်ဂိုးရခဲ့ပြီး တိုက်စစ်မှူး လော်တာရို မာတီနက်စ် က မက်ဆီ ရဲ့ ပေးပို့မှုကို အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်း ၆၀ မိနစ်မှာတော့ ကိုလမ်ဘီယာ က ခြေပဂိုးပြန်ရခဲ့ပြီး ကွင်းလယ်လူ ဒီယက်စ် က ဂိုးဧရိယာထဲကို တကိုယ်တော်ဆွဲပြေးပြီး ကန်သွင်းသွားခဲ့တာပါ။

ကိုပါအမေရိကပြိုင်ပွဲဟာ မိနစ် ၉၀ အတွင်း သရေကျနေရင် အချိန်ပိုဆက်မကစားစေပဲ ပွဲရလဒ်ကို ပင်နယ်တီနဲ့ တန်းပြီး ဆုံးဖြတ်စေတာပါ။
ပင်နယ်တီအဆုံးအဖြတ်ဆိုရင် ကံဆိုးလေ့ရှိတဲ့ မက်ဆီ နဲ့ အာဂျင်တီးနား ကတော့ ဒီတခေါက်မှာ ကံကောင်းခဲ့ပြီး ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ဂိုးသမား မာတီနက်စ် က ကိုလမ်ဘီယာ ကစားသမား ၃ ယောက်ရဲ့ ပင်နယ်တီတွေကို အမှားအယွင်းမရှိကာကွယ်နိုင်ခဲ့ပြီး ဒီပွဲမှာ အာဂျင်တီးနားရဲ့ ဟီးရိုးဖြစ်ခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် အာဂျင်တီးနား ဟာ ကိုပါအမေရိကပြိုင်ပွဲ နောက်ဆုံး ၄ ကြိမ်မှာ ၃ ကြိမ်အထိ ဗိုလ်လုပွဲကိုတက်ရောက်နိုင်တဲ့ မှတ်တမ်းကိုပိုင်ဆိုင်ခဲ့ပါတယ်။


ဗိုလ်လုပွဲမှာတော့ ဒေသတွင်းအဓိကမဟာပြိုင်ဖက်ဖြစ်တဲ့ လက်ရှိချန်ပီယံ ဘရာဇီးလ် နဲ့ ယှဉ်ပြိုင်ကစားရမှာပါ။

ဖိုင်နယ်ရောက်ခဲ့တဲ့ နောက်ဆုံး ၂ ကြိမ်ဆက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတဲ့ မက်ဆီ နဲ့ အာဂျင်တီးနား တို့ ဒီတခေါက်မှာရော ချန်ပီယံဆိုကို အရယူနိုင်မလားဆိုတာကိုတော့ လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့မှာ ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှုရမှာပါ။

 

Zawgyi

ပင္နယ္တီနဲ႔ ဗိုလ္လုပြဲတက္ေရာက္သြားတဲ့ အာဂ်င္တီးနား

ကိုပါအေမရိက ဆီမီးဖိုင္နယ္ပြဲစဥ္မွာ ေဘာလုံးေမွာ္ဆရာ မက္ဆီ ဦးေဆာင္လာတဲ့ အာဂ်င္တီးနား က ကိုလမ္ဘီယာ ကို ပင္နယ္တီအဆုံးအျဖတ္မွာ ၃-၂ နဲ႔ အႏိုင္ရခဲ့ၿပီး ေနာက္ဆုံး ဖိုင္နယ္အဆင့္ကို တက္လွမ္းသြားခဲ့ပါတယ္။

ပြဲအစ ၆ မိနစ္ထဲက အာဂ်င္တီးနား က ဦးေဆာင္ဂိုးရခဲ့ၿပီး တိုက္စစ္မႉး ေလာ္တာ႐ို မာတီနက္စ္ က မက္ဆီ ရဲ႕ ေပးပို႔မႈကို အဆုံးသတ္ခဲ့တာျဖစ္ပါတယ္။
ဒုတိယပိုင္း ၆၀ မိနစ္မွာေတာ့ ကိုလမ္ဘီယာ က ေျခပဂိုးျပန္ရခဲ့ၿပီး ကြင္းလယ္လူ ဒီယက္စ္ က ဂိုးဧရိယာထဲကို တကိုယ္ေတာ္ဆြဲေျပးၿပီး ကန္သြင္းသြားခဲ့တာပါ။

ကိုပါအေမရိကၿပိဳင္ပြဲဟာ မိနစ္ ၉၀ အတြင္း သေရက်ေနရင္ အခ်ိန္ပိုဆက္မကစားေစပဲ ပြဲရလဒ္ကို ပင္နယ္တီနဲ႔ တန္းၿပီး ဆုံးျဖတ္ေစတာပါ။

ပင္နယ္တီအဆုံးအျဖတ္ဆိုရင္ ကံဆိုးေလ့ရွိတဲ့ မက္ဆီ နဲ႔ အာဂ်င္တီးနား ကေတာ့ ဒီတေခါက္မွာ ကံေကာင္းခဲ့ၿပီး ဗိုလ္လုပြဲကို တက္လွမ္းႏိုင္ခဲ့ပါတယ္။

ဂိုးသမား မာတီနက္စ္ က ကိုလမ္ဘီယာ ကစားသမား ၃ ေယာက္ရဲ႕ ပင္နယ္တီေတြကို အမွားအယြင္းမရွိကာကြယ္ႏိုင္ခဲ့ၿပီး ဒီပြဲမွာ အာဂ်င္တီးနားရဲ႕ ဟီး႐ိုးျဖစ္ခဲ့ပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ အာဂ်င္တီးနား ဟာ ကိုပါအေမရိကၿပိဳင္ပြဲ ေနာက္ဆုံး ၄ ႀကိမ္မွာ ၃ ႀကိမ္အထိ ဗိုလ္လုပြဲကိုတက္ေရာက္ႏိုင္တဲ့ မွတ္တမ္းကိုပိုင္ဆိုင္ခဲ့ပါတယ္။

ဗိုလ္လုပြဲမွာေတာ့ ေဒသတြင္းအဓိကမဟာၿပိဳင္ဖက္ျဖစ္တဲ့ လက္ရွိခ်န္ပီယံ ဘရာဇီးလ္ နဲ႔ ယွဥ္ၿပိဳင္ကစားရမွာပါ။

ဖိုင္နယ္ေရာက္ခဲ့တဲ့ ေနာက္ဆုံး ၂ ႀကိမ္ဆက္ ဒုတိယေနရာနဲ႔သာ ေက်နပ္ခဲ့ရတဲ့ မက္ဆီ နဲ႔ အာဂ်င္တီးနား တို႔ ဒီတေခါက္မွာေရာ ခ်န္ပီယံဆိုကို အရယူႏိုင္မလားဆိုတာကိုေတာ့ လာမယ့္ ဇူလိုင္လ ၁၁ ရက္ေန႔မွာ ရင္ခုန္စြာနဲ႔ ေစာင့္ေမွ်ာ္ၾကည့္ရႈရမွာပါ။