”တသက်မမေ့နိုင်စရာ အထင်ကရ အခိုက်အတန့်တွေ ဖန်တီးနိုင်ဖို့တော့ ကြိုးစားရအုန်းမှာပါ” ဆောက်ဂိတ်

အင်္ဂလန်နည်းပြ ဆောက်ဂိတ် က ဒီနေ့ညမှာ ဒိန်းမတ်နဲ့ ယှဉ်ပြိုင်ကစားမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ တသက်လုံးမမေ့နိုင်မဲ့ အမှတ်တရတွေ ၊ အခိုက်အတန့်တွေကို ဖန်တီးကြဖို့ သူ့ရဲ့ကစားသမားတွေကို တိုက်တွန်းပြောကြားသွားခဲ့ပါတယ်။

အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ ယူရို ၁၉၉၆ ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်မှာ ဂျာမနီ ကိုအရေးနိမ့်ခဲ့တုန်းက ပင်နယ်တီအဆုံးအဖြတ်မှာ ဝင်အောင်မကန်နိုင်ခဲ့တဲ့ ဖြစ်ရပ်ဟာ ဆောက်ဂိတ်ကို အမြဲခြောက်လှန့်နေတဲ့ အမှတ်တရဆိုးတခုဖြစ်ပါတယ်။

နည်းပြဘဝနဲ့ ဆီမီးဖိုင်နယ်ကို ထပ်မံရောက်လာချိန်မှာတော့ အမှတ်တရကောင်းတွေကို ဝင်ဘလေကွင်းကြီးထဲမှာ ဖန်တီးနိုင်ဖို့ ကစားသမားတွေကို အခုလို တိုက်တွန်းပြောဆိုလိုက်တာပါ။

“ ဝင်ဘလေကွင်းက မယုံနိုင်စရာသမိုင်းကြောင်းတွေနဲ့ ပြည့်နှက်နေတဲ့ကွင်းကြီးပါ။
ဒါပေမဲ့ မမေ့နိုင်စရာအမှတ်တရအများစုကိုတော့ ဝင်ဘလေကွင်းအဟောင်းမှာပဲ ရခဲ့တာပါ။

ဒိန်းမတ်အသင်းအနေနဲ့ ဝင်ဘလေကွင်းကြီးကို ရှိန်နေမယ်လို့တော့ ကျွန်တော်မမျှော်လင့်ထားပါဘူး။

သူတို့မှာ အတွေ့အကြုံရင့်တဲ့ ကစားသမားတွေများစွာရှိတာကြောင့် ဝင်ဘလေကွင်းထဲမှာ ကောင်းကောင်းကစားနိုင်ကြမှာပါ။

ကျွန်တော်တို့ကတော့ သူတို့ ကောင်းကောင်းကစားလို့မရအောင် ဖိအားပေးနိုင်ဖို့ကြိုးစားသွားမှာပါ.

“ မမေ့နိုင်စရာအမှတ်တရတွေက ဝင်ဘလေကွင်းကြီးရဲ့ သမိုင်းကြောင်းကို ထင်ဟပ်စေတာပါ။

သေချာပြန်ကြည့်ရင်တော့ ဟိုးအရင်ကအောင်ပွဲအမှတ်တရတွေကသာ သမိုင်းကြောင်းရဲ့ အဓိကနေရာတွေမှာ ရှိနေဆဲဖြစ်ပါတယ်။

ဝင်ဘလေကွင်းသစ်ကြီးမှာတော့ ကျွန်တော်တို့တွေ အမှတ်တရအနည်းငယ်သာ ဖန်တီးထားနိုင်သေးပါတယ်။

ဒီတခေါက် ယူရိုပြိုင်ပွဲမှာ အမှတ်တရအချို့ကို ဝင်ဘလေကွင်းထဲမှာ ဖန်တီးနိုင်ခဲ့ပေမဲ့ တသက်မမေ့နိုင်စရာ အထင်ကရ အခိုက်အတန့်တွေ ဖန်တီးနိုင်ဖို့တော့ ကြိုးစားရအုန်းမှာပါ “ လို့ ဒိန်းမတ် နဲ့ပွဲမတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆောက်ဂိတ် ကပြောကြားခဲ့ပါတယ်။

ဆောက်ဂိတ် ဟာ ယူကရိန်းကိုဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲကလူစာရင်းကို အနည်းငယ်သာအပြောင်းအလဲလုပ်ပြီး ဒိန်းမတ် နဲ့ပွဲမှာ ပွဲထွက်ကစားစေမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဒိန်းမတ် ရဲ့ အားကောင်းတဲ့ တောင်ပံတိုက်စစ်တွေကို ထိန်းချုပ်ဖို့ နောက်တန်း ၄ ယောက်နဲ့ကစားပုံကို ဆက်လက်အသုံးပြုသွားဖို့ရှိနေပါတယ်။

ယူကရိန်းနဲ့ပွဲကို ဒဏ်ရာကြောင့်လွဲချော်ခဲ့တဲ့ ညာတောင်ပံကစားသမား ဆာကာ ပြန်လည်သက်သာလာပြီဖြစ်တာကြောင့် ဂျေဒန် ဆန်ချို အနေနဲ့ ပွဲထွက်ခွင့်ရဖို့မသေချာပါဘူး။

ဒီနှစ်ယူရိုပြိုင်ပွဲမှာ လူစားဝင်ကစားသမားအဖြစ်နဲ့ ခြေစွမ်းပြနေတဲ့ ဂျက်ဂရီးလစ်ရှ်ကိုလည်း ဒီနေ့ပွဲမှာ Super-Sub တဦးအနေနဲ့သာ ဆောက်ဂိတ် က အသုံးပြုသွားဖွယ်ရှိနေပါတယ်။

 

Zawgyi

”တသက္မေမ့ႏိုင္စရာ အထင္ကရ အခိုက္အတန္႔ေတြ ဖန္တီးႏိုင္ဖို႔ေတာ့ ႀကိဳးစားရအုန္းမွာပါ” ေဆာက္ဂိတ္

အဂၤလန္နည္းျပ ေဆာက္ဂိတ္ က ဒီေန႔ညမွာ ဒိန္းမတ္နဲ႔ ယွဥ္ၿပိဳင္ကစားမယ့္ ဆီမီးဖိုင္နယ္ပြဲစဥ္မွာ တသက္လုံးမေမ့ႏိုင္မဲ့ အမွတ္တရေတြ ၊ အခိုက္အတန္႔ေတြကို ဖန္တီးၾကဖို႔ သူ႔ရဲ႕ကစားသမားေတြကို တိုက္တြန္းေျပာၾကားသြားခဲ့ပါတယ္။

အိမ္ရွင္အျဖစ္လက္ခံက်င္းပခဲ့တဲ့ ယူ႐ို ၁၉၉၆ ၿပိဳင္ပြဲရဲ႕ ဆီမီးဖိုင္နယ္မွာ ဂ်ာမနီ ကိုအေရးနိမ့္ခဲ့တုန္းက ပင္နယ္တီအဆုံးအျဖတ္မွာ ဝင္ေအာင္မကန္ႏိုင္ခဲ့တဲ့ ျဖစ္ရပ္ဟာ ေဆာက္ဂိတ္ကို အၿမဲေျခာက္လွန္႔ေနတဲ့ အမွတ္တရဆိုးတခုျဖစ္ပါတယ္။

နည္းျပဘဝနဲ႔ ဆီမီးဖိုင္နယ္ကို ထပ္မံေရာက္လာခ်ိန္မွာေတာ့ အမွတ္တရေကာင္းေတြကို ဝင္ဘေလကြင္းႀကီးထဲမွာ ဖန္တီးႏိုင္ဖို႔ ကစားသမားေတြကို အခုလို တိုက္တြန္းေျပာဆိုလိုက္တာပါ။

“ ဝင္ဘေလကြင္းက မယုံႏိုင္စရာသမိုင္းေၾကာင္းေတြနဲ႔ ျပည့္ႏွက္ေနတဲ့ကြင္းႀကီးပါ။
ဒါေပမဲ့ မေမ့ႏိုင္စရာအမွတ္တရအမ်ားစုကိုေတာ့ ဝင္ဘေလကြင္းအေဟာင္းမွာပဲ ရခဲ့တာပါ။
ဒိန္းမတ္အသင္းအေနနဲ႔ ဝင္ဘေလကြင္းႀကီးကို ရွိန္ေနမယ္လို႔ေတာ့ ကြၽန္ေတာ္မေမွ်ာ္လင့္ထားပါဘူး။

သူတို႔မွာ အေတြ႕အႀကဳံရင့္တဲ့ ကစားသမားေတြမ်ားစြာရွိတာေၾကာင့္ ဝင္ဘေလကြင္းထဲမွာ ေကာင္းေကာင္းကစားႏိုင္ၾကမွာပါ။
ကြၽန္ေတာ္တို႔ကေတာ့ သူတို႔ ေကာင္းေကာင္းကစားလို႔မရေအာင္ ဖိအားေပးႏိုင္ဖို႔ႀကိဳးစားသြားမွာပါ “

“ မေမ့ႏိုင္စရာအမွတ္တရေတြက ဝင္ဘေလကြင္းႀကီးရဲ႕ သမိုင္းေၾကာင္းကို ထင္ဟပ္ေစတာပါ။ ေသခ်ာျပန္ၾကည့္ရင္ေတာ့ ဟိုးအရင္ကေအာင္ပြဲအမွတ္တရေတြကသာ သမိုင္းေၾကာင္းရဲ႕ အဓိကေနရာေတြမွာ ရွိေနဆဲျဖစ္ပါတယ္။

ဝင္ဘေလကြင္းသစ္ႀကီးမွာေတာ့ ကြၽန္ေတာ္တို႔ေတြ အမွတ္တရအနည္းငယ္သာ ဖန္တီးထားႏိုင္ေသးပါတယ္။

ဒီတေခါက္ ယူ႐ိုၿပိဳင္ပြဲမွာ အမွတ္တရအခ်ိဳ႕ကို ဝင္ဘေလကြင္းထဲမွာ ဖန္တီးႏိုင္ခဲ့ေပမဲ့ တသက္မေမ့ႏိုင္စရာ အထင္ကရ အခိုက္အတန္႔ေတြ ဖန္တီးႏိုင္ဖို႔ေတာ့ ႀကိဳးစားရအုန္းမွာပါ “ လို႔ ဒိန္းမတ္ နဲ႔ပြဲမတိုင္မီ ျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေဆာက္ဂိတ္ ကေျပာၾကားခဲ့ပါတယ္။

ေဆာက္ဂိတ္ ဟာ ယူကရိန္းကိုဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲကလူစာရင္းကို အနည္းငယ္သာအေျပာင္းအလဲလုပ္ၿပီး ဒိန္းမတ္ နဲ႔ပြဲမွာ ပြဲထြက္ကစားေစမယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။

ဒိန္းမတ္ ရဲ႕ အားေကာင္းတဲ့ ေတာင္ပံတိုက္စစ္ေတြကို ထိန္းခ်ဳပ္ဖို႔ ေနာက္တန္း ၄ ေယာက္နဲ႔ကစားပုံကို ဆက္လက္အသုံးျပဳသြားဖို႔ရွိေနပါတယ္။

ယူကရိန္းနဲ႔ပြဲကို ဒဏ္ရာေၾကာင့္လြဲေခ်ာ္ခဲ့တဲ့ ညာေတာင္ပံကစားသမား ဆာကာ ျပန္လည္သက္သာလာၿပီျဖစ္တာေၾကာင့္ ေဂ်ဒန္ ဆန္ခ်ိဳ အေနနဲ႔ ပြဲထြက္ခြင့္ရဖို႔မေသခ်ာပါဘူး။

ဒီႏွစ္ယူ႐ိုၿပိဳင္ပြဲမွာ လူစားဝင္ကစားသမားအျဖစ္နဲ႔ ေျခစြမ္းျပေနတဲ့ ဂ်က္ဂရီးလစ္ရွ္ကိုလည္း ဒီေန႔ပြဲမွာ Super-Sub တဦးအေနနဲ႔သာ ေဆာက္ဂိတ္ က အသုံးျပဳသြားဖြယ္ရွိေနပါတယ္။