ဆန်ချို ပြောင်းရွေ့သွားတဲ့အပေါ် သဘောမကျတဲ့ ဟာလန်း

ဟာလန် မိသားစုက ဂျေဒန် ဆန်ချို ယူနိုက်တက်ကို ပြောင်းရွေ့သွားတဲ့အပေါ် သဘောကျပုံမရပါဘူး ။

ပြီးခဲ့တဲ့ အပတ်အတွင်း ဟာလန်းရဲ့ ဖခင် Alfက သတင်းထောက် ဖာဘရီဇီယို ရိုမန်နိုရဲ့ ဆန်ချို ယူနိုက်တက်ကို ပြောင်းရွေ့နိုင်ခဲ့ကြောင်း အတည်ပြုပြောကြားထားတဲ့ ပို့စ်အောက်မှာ သဘောမကျဟန်ရှိတဲ့ အငြင်းပွားဖွယ် မှတ်ချက်ပေးမှုပြုလုပ်ခဲ့ပါတယ်။

( ၁ ) ပတ်ခန့် အကြာမှာ‌တော့ ဟာလန်းကလည်း အဆိုပါအပြောင်းအရွေ့အပေါ် စိတ်ပျက်နေပုံရကြောင်း ပေါ်လွင်လာပါတယ်။

ဒိန်းမတ်အသင်းနဲ့ ယူရို ( ၂၀၂၀ ) ဆီမီးဖိုင်နယ် ပွဲစဉ်မတိုင်မီ ဆန်ချိုက အင်စတာဂရမ်ကနေ ပြုံးနေတဲ့ ပုံတစ်ခုတင်ခဲ့ပြီး လုံးဝပျော်ရွှင်နေပုံရပါတယ်။

ဒါပေမယ့် ဟာလန်းကတော့ အလားတူအခြေအနေ မခံစားခဲ့ရပဲ ဆန်ချိုရဲ့ ပျော်ရွှင်နေတဲ့ပုံကို ငိုနေတဲ့ အီမိုဂျိနဲ့ တုံ့ပြန်မှတ်ချက်ပေးခဲ့ပါတယ်။

ယူနိုက်တက်ပရိသတ်တွေ များစွာဟာ ဟာလန်းရဲ့ အဆိုပါ မှတ်ချက်အောက်မှာ ဆန်ချိုလိုပဲ ယူနိုက်တက်ကို ပြောင်းရွေ့လာဖို့ တိုက်တွန်းလျက်ရှိကြပါတယ်။

သူတို့အတွဲက ဂျာမနီမြေမှာ ဒေါ့မွန်အသင်းနဲ့အတူ ခြေစွမ်းပြခဲ့ပေမယ့် ကာလကြာရှည် တွဲဖက်ကစားနိုင်ခြင်းတော့ မရှိခဲ့ပါဘူး ။

ဟာလန်းက ပြီးခဲ့တဲ့ရာသီအတွင်း ဆန်ချိုမပါဝင်နိုင်တဲ့ ပွဲစဉ်တွေမှာပါ ဂိုးသွင်းစွမ်းရည်ပြသနိုင်ခဲ့ပေမယ့် ဖန်တီးနိုင်စွမ်းကောင်းမွန်တဲ့
အင်္ဂလန်တောင်ပံကစားသမားနဲ့အတူ တွဲဖက်ကစားခွင့်မရတော့မယ့်အပေါ် အနည်းငယ်စိုးရိမ်နေပုံရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒါဟာ ဆန်ချို နှင့် ဟာလန်းကြားက ရင်းနှီးမှုကို ဖော်ပြနေပြီး တကယ်လို့ ယူနိုက်တက်အနေနဲ့ ဒေါ့မွန်တိုက်စစ်မှူးကို ခေါ်ယူဖို့ ကြိုးစားလာတဲ့အခါ ဆန်ချိုက အကူအညီပေးရာရောက်စေနိုင်ပါတယ်။

Zawgyi

ဆန္ခ်ိဳ ေျပာင္းေ႐ြ႕သြားတဲ့အေပၚ သေဘာမက်တဲ့ ဟာလန္း

ဟာလန္ မိသားစုက ေဂ်ဒန္ ဆန္ခ်ိဳ ယူႏိုက္တက္ကို ေျပာင္းေ႐ြ႕သြားတဲ့အေပၚ သေဘာက်ပုံမရပါဘူး ။

ၿပီးခဲ့တဲ့ အပတ္အတြင္း ဟာလန္းရဲ႕ ဖခင္ Alfက သတင္းေထာက္ ဖာဘရီဇီယို ႐ိုမန္ႏိုရဲ႕ ဆန္ခ်ိဳ ယူႏိုက္တက္ကို ေျပာင္းေ႐ြ႕ႏိုင္ခဲ့ေၾကာင္း အတည္ျပဳေျပာၾကားထားတဲ့ ပို႔စ္ေအာက္မွာ သေဘာမက်ဟန္ရွိတဲ့ အျငင္းပြားဖြယ္ မွတ္ခ်က္ေပးမႈျပဳလုပ္ခဲ့ပါတယ္။

( ၁ ) ပတ္ခန႔္ အၾကာမွာ‌ေတာ့ ဟာလန္းကလည္း အဆိုပါအေျပာင္းအေ႐ြ႕အေပၚ စိတ္ပ်က္ေနပုံရေၾကာင္း ေပၚလြင္လာပါတယ္။

ဒိန္းမတ္အသင္းနဲ႔ ယူ႐ို ( ၂၀၂၀ ) ဆီမီးဖိုင္နယ္ ပြဲစဥ္မတိုင္မီ ဆန္ခ်ိဳက အင္စတာဂရမ္ကေန ၿပဳံးေနတဲ့ ပုံတစ္ခုတင္ခဲ့ၿပီး လုံးဝေပ်ာ္႐ႊင္ေနပုံရပါတယ္။

ဒါေပမယ့္ ဟာလန္းကေတာ့ အလားတူအေျခအေန မခံစားခဲ့ရပဲ ဆန္ခ်ိဳရဲ႕ ေပ်ာ္႐ႊင္ေနတဲ့ပုံကို ငိုေနတဲ့ အီမိုဂ်ိနဲ႔ တုံ႔ျပန္မွတ္ခ်က္ေပးခဲ့ပါတယ္။

ယူႏိုက္တက္ပရိသတ္ေတြ မ်ားစြာဟာ ဟာလန္းရဲ႕ အဆိုပါ မွတ္ခ်က္ေအာက္မွာ ဆန္ခ်ိဳလိုပဲ ယူႏိုက္တက္ကို ေျပာင္းေ႐ြ႕လာဖို႔ တိုက္တြန္းလ်က္ရွိၾကပါတယ္။

သူတို႔အတြဲက ဂ်ာမနီေျမမွာ ေဒါ့မြန္အသင္းနဲ႔အတူ ေျခစြမ္းျပခဲ့ေပမယ့္ ကာလၾကာရွည္ တြဲဖက္ကစားႏိုင္ျခင္းေတာ့ မရွိခဲ့ပါဘူး ။

ဟာလန္းက ၿပီးခဲ့တဲ့ရာသီအတြင္း ဆန္ခ်ိဳမပါဝင္ႏိုင္တဲ့ ပြဲစဥ္ေတြမွာပါ ဂိုးသြင္းစြမ္းရည္ျပသႏိုင္ခဲ့ေပမယ့္ ဖန္တီးႏိုင္စြမ္းေကာင္းမြန္တဲ့
အဂၤလန္ေတာင္ပံကစားသမားနဲ႔အတူ တြဲဖက္ကစားခြင့္မရေတာ့မယ့္အေပၚ အနည္းငယ္စိုးရိမ္ေနပုံရပါတယ္။

ဘာပဲျဖစ္ျဖစ္ ဒါဟာ ဆန္ခ်ိဳ ႏွင့္ ဟာလန္းၾကားက ရင္းႏွီးမႈကို ေဖာ္ျပေနၿပီး တကယ္လို႔ ယူႏိုက္တက္အေနနဲ႔ ေဒါ့မြန္တိုက္စစ္မႉးကို ေခၚယူဖို႔ ႀကိဳးစားလာတဲ့အခါ ဆန္ခ်ိဳက အကူအညီေပးရာေရာက္ေစႏိုင္ပါတယ္။