စပိန်အသင်း ဗိုလ်လုပွဲတက်ခွင့်နဲ့ထိုက်တန်ပေမယ့် ကံကြမ္မာက မျက်နှာသာထပ်မပေးခဲ့

ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ပယ်နယ်တီအဆုံးအဖြတ်တွေမှာ နှစ်ကြိမ်အထိအနိုင်ရဖူးတဲ့အသင်းမရှိသေးတဲ့ မှတ်တမ်းကို စပိန်အသင်း ဆက်ထိန်းနိုင်ခဲ့ပြီး ချေပဂိုးသွင်းခဲ့တဲ့ မိုရာတာ ပယ်နယ်တီအဆုံးအဖြတ်မှာ လွဲချော်ခဲ့လို့ ‘ဟီးရိုး’ကနေ ‘ဇီးရိုး’ဖြစ်သွားခဲ့တယ်။ ဒီပွဲမှာ စပိန်အသင်းဟာ အီတလီအသင်းထက် ပုံစံကောင်းပြသခဲ့ပြီး ဗိုလ်လုပွဲတက်ခွင့်နဲ့ထိုက်တန်ပေမယ့် ကံကြမ္မာက သူတို့ကို မျက်နှာသာထပ်မပေးခဲ့ပါဘူး။

စပိန်အသင်းနည်းပြအင်းနရစ်ဟာ ထူးထူးခြားခြားဆိုသလိုပဲ တောင်ပံတိုက်စစ်ကစားသမား အော်လ်မိုကို False 9 ပုံစံအသုံးပြုခဲ့ပြီး အော်လ်မိုဟာ ခြေစွမ်းပြကစားနိုင်ခဲ့သလို သူ့ကို အီတလီခံစစ်က ထိန်းချုပ်နိုင်ဖို့ခက်ခဲခဲ့တယ်။

အီတလီအသင်းမှာ ပြဿနာရှိတာက ကွင်းလယ်ကနေ Through Ball တွေနဲ့ ဂိုးသွင်းခွင့်ဖန်တီးပေးနိုင်မယ့်သူမျိုး မရှိတာပဲဖြစ်ပြီး တောင်ပံတိုက်စစ်တွေ ကောင်းနေလွန်းလို့သာ ဒီအားနည်းချက်က သိပ်မထင်ရှားခဲ့တာပါ။ အခုပွဲမှာတော့ တောင်ပံတိုက်စစ်ကစားအားကျသွားချိန်မှာ အီတလီတိုက်စစ်တော်တော်လေး ရုန်းကန်ခဲ့ရပြီး ကံကောင်းလို့သာ စပိန်အသင်းကို ဂိုးထပ်မပေးခဲ့ရတာဖြစ်ပါတယ်။ စပိန်အသင်းကွင်းလယ်တိုက်စစ်ကစားသမား အော်လ်မိုကတော့ ဒီပွဲရဲ့အကောင်းဆုံးကစားသမားလို့တောင် သတ်မှတ်ရမှာဖြစ်ပြီး အီတလီခံစစ်နဲ့ ကွင်းလယ်ကြားက Space တွေကို ကောင်းကောင်းအသုံးချပြီးတော့ အကြိမ်ကြိမ်ဒုက္ခပေးနိုင်ခဲ့တယ်။

ဒ့ါအပြင် ကွင်းလယ်လူ ပက်ဒရီကလည်း တိုက်စစ်နဲ့ကွင်းလယ်ကို အကောင်းဆုံးချိတ်ဆက်ပေးခဲ့ပြီး ပထမပိုင်းမှာ အောင်မြင်တဲ့ဘောလုံးပေးပို့မှု (၃၁)ကြိမ်အထိပြုလုပ်ခဲ့တာကြောင့် ၁၀၀% တိကျတဲ့ Passing လုပ်ခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။ အီတလီအသင်းရဲ့ ကွင်းလယ်က ပထမပိုင်းတစ်ပိုင်းလုံး စပိန်အသင်းရဲ့ ကစားအားမှာ ကျရှုံးခဲ့ရပြီး ပထမပိုင်းမှာ အီမာဆင်ရဲ့ဂိုးပေါက်ကန်ချက်တစ်ကြိမ်သာရှိခဲ့တဲ့အထိ ဆိုးရွားခဲ့ပါတယ်။

ကွင်းလယ်မှာ ဗာရက်တီရဲ့ စွမ်းဆောင်ရည်က သာမန်လောက်ပဲရှိတာကြောင့် ဂျော်ဂျင်ဟိုတစ်ယောက်တည်းအားနဲ့ ထိန်းချုပ်ကစားနေရပြီး အုပ်စုတွင်းတုန်းက နှစ်ဂိုးသွင်းခဲ့တဲ့ အီမိုဘီလီကလည်း ဂိုးရချင်ဇောများနေတာကြောင့် မလိုလားအပ်တဲ့တစ်ကိုယ်ကောင်းဆန်မှုတွေ လုပ်နေတာကို တွေ့ရတယ်။

ဒါပေမဲ့ အီတလီအသင်းရဲ့အဖွင့်ဂိုးကတော့ သူ့ရဲ့ရုန်းအားကြောင့်ရခဲ့တာလို့ပြောရမယ်။ ဒီဂိုးကိုတော့ ချီယေဆာက ပယ်နယ်တီဧရိယာဘယ်ခြမ်းကနေ လှပတဲ့ဝေ့ဝိုက်ကန်ချက်နဲ့ သွင်းယူခဲ့တာဖြစ်ပြီး ဒါဟာ သူ့အတွက် ဒုတိယမြောက်ဂိုးဖြစ်သလို ယူရို-၂၀၂၀ပြိုင်ပွဲမှာ အီတလီအသင်းအတွက် ချီယေဆာ၊ ပက်ဆီနာ၊ အင်ဆစ်ဂ်နီ၊ အီမိုဘီလီ၊ လိုကာတယ်လီတို့ဟာ နှစ်ဂိုးစီသွင်းယူခဲ့ကြတဲ့အတွက် ယူရို-၂၀၀၀ ပြိုင်ပွဲတုန်းက ပြင်သစ်အသင်းပြီးရင် ပြိုင်ပွဲတစ်ခုတည်းမှာ နှစ်ဂိုးသွင်းယူခဲ့တဲ့ ကစားသမားအရေအတွက်အများဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဂိုးပေးလိုက်ရပေမယ့် စပိန်အသင်း ကစားအားမကျသွားဘဲ အင်းနရစ်က ဖာရန်တောရက်စ်အစား မိုရာတာကို လူစားထိုးချိန်မှာ တိုက်စစ်က ပိုကောင်းလာပြီး အော်လ်မိုနဲ့ မိုရာတာတို့နှစ်ယောက်ရဲ့ ထိုးဖောက်မှုတွေကို အီတလီခံစစ် အသည်းအသန်ဖျက်ထုတ်ခဲ့ရတယ်။ ဒါပေမဲ့လည်း မိနစ်(၈၀)မှာတော့ စပိန်အသင်းချေပဂိုးရခဲ့ပြီး အော်လ်မိုနဲ့ မိုရာတာတို့ရဲ့ One-Two Play ကနေ မိုရာတာက တည်တည်ငြိမ်ငြိမ်နဲ့သွင်းယူခဲ့တာပါ။

မိုရာတာဟာ ယူရိုပြိုင်ပွဲတစ်လျှောက် (၆)ဂိုးအထိသွင်းယူနိုင်ခဲ့ပြီဖြစ်လို့ ဂန္ထဝင်တိုက်စစ်မှူးတောရက်စ်ကို ကျော်ဖြတ်ပြီး စပိန်ကစားသမားတွေထဲမှာ ယူရိုသွင်းဂိုးအများဆုံးကစားသမားဖြစ်လာခဲ့သလို ဝင်ဘလေကွင်းမှာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ဂိုးသွင်းခဲ့တဲ့ ပထမဆုံးစပိန်ကစားသမားအဖြစ် စံချိန်ဝင်ခဲ့ပါတယ်။

သာမန်ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပိုမိနစ်(၃၀)မှာလည်း (၁)ဂိုးစီသရေကျနေတာကြောင့် ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းခဲ့တာမှာတော့ အီတလီအသင်းက လိုကာတယ်လီရဲ့ကန်ချက်ကို စပိန်ဂိုးသမား အူနိုင်းဆီမွန် ကာကွယ်နိုင်ခဲ့ပေမယ့် စပိန်အသင်းက အော်လ်မိုရဲ့ကန်ချက် အပေါ်ထောင်သွားတဲ့အပြင် မိုရာတာကန်သွင်းမှုကိုလည်း ဒွန်နာရမ်မာ ပုတ်ထုတ်နိုင်ခဲ့ပြီး ကျန်တဲ့အီတလီကစားသမားတွေအားလုံး ဂိုးဝင်အောင်သွင်းခဲ့တာကြောင့် အီတလီအသင်းက (၄-၂)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

အီတလီအသင်းဟာ ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ၁၉၆၈၊ ၂၀၀၀၊ ၂၀၁၂ ခုနှစ်တွေမှာ ဗိုလ်လုပွဲတက်ခဲ့ပြီး အခု စတုတ္ထအကြိမ်မြောက်အဖြစ် ဗိုလ်လုပွဲတက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။

zawgyi

စပိန္အသင္း ဗိုလ္လုပြဲတက္ခြင့္နဲ႔ထိုက္တန္ေပမယ့္ ကံၾကမၼာက မ်က္ႏွာသာထပ္မေပးခဲ့

ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ပယ္နယ္တီအဆုံးအျဖတ္ေတြမွာ ႏွစ္ႀကိမ္အထိအႏိုင္ရဖူးတဲ့အသင္းမရွိေသးတဲ့ မွတ္တမ္းကို စပိန္အသင္း ဆက္ထိန္းႏိုင္ခဲ့ၿပီး ေခ်ပဂိုးသြင္းခဲ့တဲ့ မိုရာတာ ပယ္နယ္တီအဆုံးအျဖတ္မွာ လြဲေခ်ာ္ခဲ့လို႔ ‘ဟီး႐ိုး’ကေန ‘ဇီး႐ိုး’ျဖစ္သြားခဲ့တယ္။ ဒီပြဲမွာ စပိန္အသင္းဟာ အီတလီအသင္းထက္ ပုံစံေကာင္းျပသခဲ့ၿပီး ဗိုလ္လုပြဲတက္ခြင့္နဲ႔ထိုက္တန္ေပမယ့္ ကံၾကမၼာက သူတို႔ကို မ်က္ႏွာသာထပ္မေပးခဲ့ပါဘူး။

စပိန္အသင္းနည္းျပအင္းနရစ္ဟာ ထူးထူးျခားျခားဆိုသလိုပဲ ေတာင္ပံတိုက္စစ္ကစားသမား ေအာ္လ္မိုကို False 9 ပုံစံအသုံးျပဳခဲ့ၿပီး ေအာ္လ္မိုဟာ ေျခစြမ္းျပကစားႏိုင္ခဲ့သလို သူ႔ကို အီတလီခံစစ္က ထိန္းခ်ဳပ္ႏိုင္ဖို႔ခက္ခဲခဲ့တယ္။

အီတလီအသင္းမွာ ျပႆနာရွိတာက ကြင္းလယ္ကေန Through Ball ေတြနဲ႔ ဂိုးသြင္းခြင့္ဖန္တီးေပးႏိုင္မယ့္သူမ်ိဳး မရွိတာပဲျဖစ္ၿပီး ေတာင္ပံတိုက္စစ္ေတြ ေကာင္းေနလြန္းလို႔သာ ဒီအားနည္းခ်က္က သိပ္မထင္ရွားခဲ့တာပါ။ အခုပြဲမွာေတာ့ ေတာင္ပံတိုက္စစ္ကစားအားက်သြားခ်ိန္မွာ အီတလီတိုက္စစ္ေတာ္ေတာ္ေလး ႐ုန္းကန္ခဲ့ရၿပီး ကံေကာင္းလို႔သာ စပိန္အသင္းကို ဂိုးထပ္မေပးခဲ့ရတာျဖစ္ပါတယ္။ စပိန္အသင္းကြင္းလယ္တိုက္စစ္ကစားသမား ေအာ္လ္မိုကေတာ့ ဒီပြဲရဲ႕အေကာင္းဆုံးကစားသမားလို႔ေတာင္ သတ္မွတ္ရမွာျဖစ္ၿပီး အီတလီခံစစ္နဲ႔ ကြင္းလယ္ၾကားက Space ေတြကို ေကာင္းေကာင္းအသုံးခ်ၿပီးေတာ့ အႀကိမ္ႀကိမ္ဒုကၡေပးႏိုင္ခဲ့တယ္။

ဒ့ါအျပင္ ကြင္းလယ္လူ ပက္ဒရီကလည္း တိုက္စစ္နဲ႔ကြင္းလယ္ကို အေကာင္းဆုံးခ်ိတ္ဆက္ေပးခဲ့ၿပီး ပထမပိုင္းမွာ ေအာင္ျမင္တဲ့ေဘာလုံးေပးပို႔မႈ (၃၁)ႀကိမ္အထိျပဳလုပ္ခဲ့တာေၾကာင့္ ၁၀၀% တိက်တဲ့ Passing လုပ္ခဲ့သူအျဖစ္ မွတ္တမ္းဝင္ခဲ့တယ္။ အီတလီအသင္းရဲ႕ ကြင္းလယ္က ပထမပိုင္းတစ္ပိုင္းလုံး စပိန္အသင္းရဲ႕ ကစားအားမွာ က်ရႈံးခဲ့ရၿပီး ပထမပိုင္းမွာ အီမာဆင္ရဲ႕ဂိုးေပါက္ကန္ခ်က္တစ္ႀကိမ္သာရွိခဲ့တဲ့အထိ ဆိုး႐ြားခဲ့ပါတယ္။

ကြင္းလယ္မွာ ဗာရက္တီရဲ႕ စြမ္းေဆာင္ရည္က သာမန္ေလာက္ပဲရွိတာေၾကာင့္ ေဂ်ာ္ဂ်င္ဟိုတစ္ေယာက္တည္းအားနဲ႔ ထိန္းခ်ဳပ္ကစားေနရၿပီး အုပ္စုတြင္းတုန္းက ႏွစ္ဂိုးသြင္းခဲ့တဲ့ အီမိုဘီလီကလည္း ဂိုးရခ်င္ေဇာမ်ားေနတာေၾကာင့္ မလိုလားအပ္တဲ့တစ္ကိုယ္ေကာင္းဆန္မႈေတြ လုပ္ေနတာကို ေတြ႕ရတယ္။

ဒါေပမဲ့ အီတလီအသင္းရဲ႕အဖြင့္ဂိုးကေတာ့ သူ႔ရဲ႕႐ုန္းအားေၾကာင့္ရခဲ့တာလို႔ေျပာရမယ္။ ဒီဂိုးကိုေတာ့ ခ်ီေယဆာက ပယ္နယ္တီဧရိယာဘယ္ျခမ္းကေန လွပတဲ့ေဝ့ဝိုက္ကန္ခ်က္နဲ႔ သြင္းယူခဲ့တာျဖစ္ၿပီး ဒါဟာ သူ႔အတြက္ ဒုတိယေျမာက္ဂိုးျဖစ္သလို ယူ႐ို-၂၀၂၀ၿပိဳင္ပြဲမွာ အီတလီအသင္းအတြက္ ခ်ီေယဆာ၊ ပက္ဆီနာ၊ အင္ဆစ္ဂ္နီ၊ အီမိုဘီလီ၊ လိုကာတယ္လီတို႔ဟာ ႏွစ္ဂိုးစီသြင္းယူခဲ့ၾကတဲ့အတြက္ ယူ႐ို-၂၀၀၀ ၿပိဳင္ပြဲတုန္းက ျပင္သစ္အသင္းၿပီးရင္ ၿပိဳင္ပြဲတစ္ခုတည္းမွာ ႏွစ္ဂိုးသြင္းယူခဲ့တဲ့ ကစားသမားအေရအတြက္အမ်ားဆုံးအသင္းအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ဂိုးေပးလိုက္ရေပမယ့္ စပိန္အသင္း ကစားအားမက်သြားဘဲ အင္းနရစ္က ဖာရန္ေတာရက္စ္အစား မိုရာတာကို လူစားထိုးခ်ိန္မွာ တိုက္စစ္က ပိုေကာင္းလာၿပီး ေအာ္လ္မိုနဲ႔ မိုရာတာတို႔ႏွစ္ေယာက္ရဲ႕ ထိုးေဖာက္မႈေတြကို အီတလီခံစစ္ အသည္းအသန္ဖ်က္ထုတ္ခဲ့ရတယ္။ ဒါေပမဲ့လည္း မိနစ္(၈၀)မွာေတာ့ စပိန္အသင္းေခ်ပဂိုးရခဲ့ၿပီး ေအာ္လ္မိုနဲ႔ မိုရာတာတို႔ရဲ႕ One-Two Play ကေန မိုရာတာက တည္တည္ၿငိမ္ၿငိမ္နဲ႔သြင္းယူခဲ့တာပါ။

မိုရာတာဟာ ယူ႐ိုၿပိဳင္ပြဲတစ္ေလွ်ာက္ (၆)ဂိုးအထိသြင္းယူႏိုင္ခဲ့ၿပီျဖစ္လို႔ ဂႏၴဝင္တိုက္စစ္မႉးေတာရက္စ္ကို ေက်ာ္ျဖတ္ၿပီး စပိန္ကစားသမားေတြထဲမွာ ယူ႐ိုသြင္းဂိုးအမ်ားဆုံးကစားသမားျဖစ္လာခဲ့သလို ဝင္ဘေလကြင္းမွာ ကလပ္အသင္းနဲ႔ ႏိုင္ငံအသင္းအတြက္ ဂိုးသြင္းခဲ့တဲ့ ပထမဆုံးစပိန္ကစားသမားအျဖစ္ စံခ်ိန္ဝင္ခဲ့ပါတယ္။

သာမန္ပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပိုမိနစ္(၃၀)မွာလည္း (၁)ဂိုးစီသေရက်ေနတာေၾကာင့္ ပယ္နယ္တီအဆုံးအျဖတ္ကန္သြင္းခဲ့တာမွာေတာ့ အီတလီအသင္းက လိုကာတယ္လီရဲ႕ကန္ခ်က္ကို စပိန္ဂိုးသမား အူႏိုင္းဆီမြန္ ကာကြယ္ႏိုင္ခဲ့ေပမယ့္ စပိန္အသင္းက ေအာ္လ္မိုရဲ႕ကန္ခ်က္ အေပၚေထာင္သြားတဲ့အျပင္ မိုရာတာကန္သြင္းမႈကိုလည္း ဒြန္နာရမ္မာ ပုတ္ထုတ္ႏိုင္ခဲ့ၿပီး က်န္တဲ့အီတလီကစားသမားေတြအားလုံး ဂိုးဝင္ေအာင္သြင္းခဲ့တာေၾကာင့္ အီတလီအသင္းက (၄-၂)ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။

အီတလီအသင္းဟာ ယူ႐ိုၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ ၁၉၆၈၊ ၂၀၀၀၊ ၂၀၁၂ ခုႏွစ္ေတြမွာ ဗိုလ္လုပြဲတက္ခဲ့ၿပီး အခု စတုတၳအႀကိမ္ေျမာက္အျဖစ္ ဗိုလ္လုပြဲတက္ေရာက္ခဲ့တာလည္းျဖစ္ပါတယ္။