ဂွါဒီယိုလာကို ပြန်လည်ထိုးနှက်လိုက်တဲ့ လာလီဂါ ဥက္ကဌ

စပိန် လာလီဂါ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ တီဘက်စ်က သူ့ကိုဝေဖန်ခဲ့တဲ့ မန်စီးတီး နည်းပြ ဂွါဒီယိုလာကို လူသိရှင်ကြား ပြန်လည်ပြီး ဝေဖန်ထိုးနှက်လိုက်ပါတယ်။

ဂွါဒီယိုလာ က လာလီဂါကလပ်တွေ ငွေကြေးလိုအပ်ချက်ပြဿနာကြုံနေရတာဟာ ဥက္ကဌဖြစ်သူ တီဘက်စ် ရဲ့ စီမံခန့်ခွဲမှုအမှားတွေကြောင့်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဝေဖန်ပြောကြားခဲ့ပါတယ်။

ကစားသမားတွေ ၊ နည်းပြတွေ ၊ ကလပ်အသင်းပိုင်ရှင်တွေနဲ့ အမြဲလိုလိုစကားလုံးတိုက်ပွဲဆင်နွဲလေ့ရှိတဲ့ တီဘက်စ် က ချက်ချင်းဆိုသလို ဂွါဒီယိုလာ ကို Twitter ကနေ အခုလို ပြန်လည်ဝေဖန်လိုက်ပါတယ်။

“ ခင်ဗျား အနေနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီတွေအတွင်းမှာ ဘီလီယံပေါင်းများစွာ အရှုံးပေါ်ခဲ့တဲ့ မန်စီးတီးအသင်းရဲ့ ပိုင်ရှင်တွေဖြစ်တဲ့ City Group ရဲ့ ကိစ္စတွေကိုသာ ပိုပြီးစိုးရိမ်သင့်ပါတယ်။
ခင်ဗျားအသင်းရဲ့ ပိုင်ရှင်တွေဟာ ရင်းနှီးမြုပ်နှံမှုပြုလုပ်နေတဲ့ သူတွေမဟုတ်ပါဘူး။

ငွေကြေးနဲ့ ဘောလုံးကမ္ဘာကို ဖျက်စီးနေကြတဲ့သူတွေပါ။
လက်ရှိ ဘောလုံးလောကမှာ ငွေကြေးဖောင်းပွမှုတွေအဆမတန်ဖြစ်နေတာဟာ သူတို့ကြောင့်ပါ။
ခင်ဗျားကရော ငွေကြေးထောက်ပံ့မှုမပါပဲနဲ့ ဆုဖလားတွေအများကြီးကို ရရှိနိုင်မလား “ ဆိုပြီး တီဘက်စ် က ပြန်လည်ထိုးနှက်ခဲ့တာပါ။

ဒါ့အပြင် တီဘက်စ် က ပြီးခဲ့တဲ့ ၇ နှစ်လောက်ကမှ ရုပ်သံကနေ ဝင်ငွေရှာနိုင်ခဲ့တဲ့ စပိန်ကလပ်တွေကို လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ လုံး ရုပ်သံကနေ ဝင်ငွေပေါင်းများစွာရနေခဲ့တဲ့ အင်္ဂလန်ကလပ်တွေနဲ့ ငွေကြေးပိုင်းဆိုင်ရာနှိုင်းယှဉ်လို့မရသေးဖူးလို့ ထပ်လောင်းရေးသားခဲ့ပါတယ်။

Zawgyi

ဂြါဒီယိုလာကို ျပန္လည္ထိုးႏွက္လိုက္တဲ့ လာလီဂါ ဥကၠဌ

စပိန္ လာလီဂါ ေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠဌ တီဘက္စ္က သူ႔ကိုေဝဖန္ခဲ့တဲ့ မန္စီးတီး နည္းျပ ဂြါဒီယိုလာကို လူသိရွင္ၾကား ျပန္လည္ၿပီး ေဝဖန္ထိုးႏွက္လိုက္ပါတယ္။

ဂြါဒီယိုလာ က လာလီဂါကလပ္ေတြ ေငြေၾကးလိုအပ္ခ်က္ျပႆနာႀကဳံေနရတာဟာ ဥကၠဌျဖစ္သူ တီဘက္စ္ ရဲ႕ စီမံခန္႔ခြဲမႈအမွားေတြေၾကာင့္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းက ေဝဖန္ေျပာၾကားခဲ့ပါတယ္။

ကစားသမားေတြ ၊ နည္းျပေတြ ၊ ကလပ္အသင္းပိုင္ရွင္ေတြနဲ႔ အၿမဲလိုလိုစကားလုံးတိုက္ပြဲဆင္ႏြဲေလ့ရွိတဲ့ တီဘက္စ္ က ခ်က္ခ်င္းဆိုသလို ဂြါဒီယိုလာ ကို Twitter ကေန အခုလို ျပန္လည္ေဝဖန္လိုက္ပါတယ္။

“ ခင္ဗ်ား အေနနဲ႔ ၿပီးခဲ့တဲ့ ေဘာလုံးရာသီေတြအတြင္းမွာ ဘီလီယံေပါင္းမ်ားစြာ အရႈံးေပၚခဲ့တဲ့ မန္စီးတီးအသင္းရဲ႕ ပိုင္ရွင္ေတြျဖစ္တဲ့ City Group ရဲ႕ ကိစၥေတြကိုသာ ပိုၿပီးစိုးရိမ္သင့္ပါတယ္။

ခင္ဗ်ားအသင္းရဲ႕ ပိုင္ရွင္ေတြဟာ ရင္းႏွီးျမဳပ္ႏွံမႈျပဳလုပ္ေနတဲ့ သူေတြမဟုတ္ပါဘူး။

ေငြေၾကးနဲ႔ ေဘာလုံးကမာၻကို ဖ်က္စီးေနၾကတဲ့သူေတြပါ။
လက္ရွိ ေဘာလုံးေလာကမွာ ေငြေၾကးေဖာင္းပြမႈေတြအဆမတန္ျဖစ္ေနတာဟာ သူတို႔ေၾကာင့္ပါ။
ခင္ဗ်ားကေရာ ေငြေၾကးေထာက္ပံ့မႈမပါပဲနဲ႔ ဆုဖလားေတြအမ်ားႀကီးကို ရရွိႏိုင္မလား “ ဆိုၿပီး တီဘက္စ္ က ျပန္လည္ထိုးႏွက္ခဲ့တာပါ။

ဒါ့အျပင္ တီဘက္စ္ က ၿပီးခဲ့တဲ့ ၇ ႏွစ္ေလာက္ကမွ ႐ုပ္သံကေန ဝင္ေငြရွာႏိုင္ခဲ့တဲ့ စပိန္ကလပ္ေတြကို လြန္ခဲ့တဲ့ႏွစ္ေပါင္း ၃၀ လုံး ႐ုပ္သံကေန ဝင္ေငြေပါင္းမ်ားစြာရေနခဲ့တဲ့ အဂၤလန္ကလပ္ေတြနဲ႔ ေငြေၾကးပိုင္းဆိုင္ရာႏႈိင္းယွဥ္လို႔မရေသးဖူးလို႔ ထပ္ေလာင္းေရးသားခဲ့ပါတယ္။