အဖေ့လို စွမ်းဆောင်နိုင်မလား ကက်စ်ပါရှမိုက်ကယ်

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ ဘယ်သူမှမထင်ထားဘဲ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့တာက ဒိန်းမတ်အသင်းပဲဖြစ်ပါတယ်။

အုပ်စုတွင်းတုန်းက ဖင်လန်နဲ့အဖွင့်ပွဲမှာ နာမည်ကျော်ကွင်းလယ်လူ အဲရစ်ဆင်ရဲ့ သေကံမရောက်အသက်မပျောက်ခဲ့ရတဲ့အဖြစ်နဲ့အတူ အဖွင့်နှစ်ပွဲဆက်ရှုံးနိမ့်ပြီး အုပ်စုအဆင့်ကနေ လှည့်ပြန်ရဖို့ ရာနှုန်းပြည့်နီးပါးသေချာခဲ့ပေမယ့် နောက်ဆုံးပွဲမှာ ရုရှားကို ဂိုးပြတ်အနိုင်ယူပြီးတော့ ကံကြမ္မာရဲ့ဖေးမမှုကြောင့် ရှုံးထွက်(၁၆)သင်းအဆင့်အထိ တက်ရောက်နိုင်ခဲ့တယ်။

ရှုံးထွက်(၁၆)သင်းအဆင့်ကနေ ကွာတားဖိုင်နယ်အထိ ဒိန်းမတ်အသင်းဟာ အုပ်စုအဖွင့်နှစ်ပွဲတုန်းကလို ခြေစွမ်းမျိုးမဟုတ်တော့ဘဲ တည်ငြိမ်မှုအပြည့်၊ စုစည်းမှုရှိရှိနဲ့ကစားခဲ့ပြီး ဝေးလ်စ်၊ ချက်အသင်းတို့ကို ကျော်ဖြတ်ခဲ့တာကြောင့် အခု ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့တာပါ။

ဒိန်းမတ်အသင်း အခုလိုအဆင့်မျိုးရောက်အောင် စွမ်းဆောင်ရည်ကောင်းတွေပြသနေတဲ့သူတွေထဲမှာ အသင်းရဲ့ဂိုးသမား ကက်စ်ပါရှမိုက်ကယ်လည်း တစ်ဦးအပါအဝင်ပါပဲ။

ဒိန်းမတ်ဂန္ထဝင်ဂိုးသမားကြီး ပီတာရှမိုက်ကယ်ရဲ့သားဖြစ်သူ ကက်စ်ပါဟာ သူ့အဖေလိုမျိုး ကစားသမားဘဝမှာ ကြီးမားတဲ့အောင်မြင်မှုတွေ မရသေးပေမယ့် ကလပ်အသင်းအဆင့်မှာတော့ ပရီးမီးယားလိဂ်၊ FA ဖလားတွေရယူနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ကက်စ်ပါအနေနဲ့ ဖခင်ဖြစ်သူရဲ့ခြေရာကို အမီလိုက်နင်းနိုင်ဖို့အတွက် ဒိန်းမတ်အသင်းနဲ့အတူ အောင်မြင်မှုရယူဖို့လိုအပ်နေပါပြီ။

ကမ္ဘာ့ဘောလုံးလောကတစ်ခုလုံး Shock ဖြစ်ခဲ့ရတဲ့ ယူရို-၁၉၉၂ ပြိုင်ပွဲမှာ ဒိန်းမတ်အသင်းဗိုလ်စွဲတုန်းက ပီတာရှမိုက်ကယ်ဟာ အသင်းရဲ့ဂိုးပေါက်မှာ တံတိုင်းတစ်ခုလိုကာကွယ်စောင့်ရှောက်ခဲ့ပြီး နယ်သာလန်နဲ့ ဆီမီးဖိုင်နယ်ပွဲမှာ နာမည်ကျော်ကစားသမား ဗန်ဘက်စတန်ရဲ့ပယ်နယ်တီကို ကာကွယ်နိုင်ခဲ့သလို ဗိုလ်လုပွဲမှာလည်း ဂျာမနီအသင်းရဲ့ထိုးဖောက်မှုတွေကို ဟန့်တားပြီးတော့ နိုင်ငံအသင်းအတွက် သမိုင်းဝင်အောင်မြင်မှုအဖြစ် ယူရိုချန်ပီယံဆုရယူပေးနိုင်ခဲ့ပါတယ်။

အခုအချိန်မှာလည်း ယူရို-၉၂ ပြိုင်ပွဲတုန်းကလို ရှမိုက်ကယ်မျိုးဆက် ကက်စ်ပါရှမိုက်ကယ်က အသင်းအတွက် အကောင်းဆုံးလက်စွမ်းပြနေပြီး သူက ဒိန်းမတ်အသင်းအတွက် ကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှု နောက်ထပ်တစ်ကြိမ်ရယူဖို့ ဆန္ဒပြင်းပြနေပါလိမ့်မယ်။

အဖေတုန်းက နိုင်ငံ့ဂုဏ်ဆောင်ခဲ့သလို သားဖြစ်သူ ကက်စ်ပါရှမိုက်ကယ်အလှည့်မှာလည်း နိုင်ငံအတွက်သာမက ဖခင်ဖြစ်သူအတွက်ပါဂုဏ်ယူစရာဖြစ်အောင် စွမ်းဆောင်ပြနိုင်မလားဆိုတာကတော့ . . .

zawgyi

အေဖ့လို စြမ္းေဆာင္ႏိုင္မလား ကက္စ္ပါရွမိုက္ကယ္

ယူ႐ို-၂၀၂၀ ၿပိဳင္ပြဲမွာ ဘယ္သူမွမထင္ထားဘဲ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ခဲ့တာက ဒိန္းမတ္အသင္းပဲျဖစ္ပါတယ္။ အုပ္စုတြင္းတုန္းက ဖင္လန္နဲ႔အဖြင့္ပြဲမွာ နာမည္ေက်ာ္ကြင္းလယ္လူ အဲရစ္ဆင္ရဲ႕ ေသကံမေရာက္အသက္မေပ်ာက္ခဲ့ရတဲ့အျဖစ္နဲ႔အတူ အဖြင့္ႏွစ္ပြဲဆက္ရႈံးနိမ့္ၿပီး အုပ္စုအဆင့္ကေန လွည့္ျပန္ရဖို႔ ရာႏႈန္းျပည့္နီးပါးေသခ်ာခဲ့ေပမယ့္ ေနာက္ဆုံးပြဲမွာ ႐ုရွားကို ဂိုးျပတ္အႏိုင္ယူၿပီးေတာ့ ကံၾကမၼာရဲ႕ေဖးမမႈေၾကာင့္ ရႈံးထြက္(၁၆)သင္းအဆင့္အထိ တက္ေရာက္ႏိုင္ခဲ့တယ္။

ရႈံးထြက္(၁၆)သင္းအဆင့္ကေန ကြာတားဖိုင္နယ္အထိ ဒိန္းမတ္အသင္းဟာ အုပ္စုအဖြင့္ႏွစ္ပြဲတုန္းကလို ေျခစြမ္းမ်ိဳးမဟုတ္ေတာ့ဘဲ တည္ၿငိမ္မႈအျပည့္၊ စုစည္းမႈရွိရွိနဲ႔ကစားခဲ့ၿပီး ေဝးလ္စ္၊ ခ်က္အသင္းတို႔ကို ေက်ာ္ျဖတ္ခဲ့တာေၾကာင့္ အခု ဆီမီးဖိုင္နယ္အဆင့္အထိ တက္ေရာက္ႏိုင္ခဲ့တာပါ။ ဒိန္းမတ္အသင္း အခုလိုအဆင့္မ်ိဳးေရာက္ေအာင္ စြမ္းေဆာင္ရည္ေကာင္းေတြျပသေနတဲ့သူေတြထဲမွာ အသင္းရဲ႕ဂိုးသမား ကက္စ္ပါရွမိုက္ကယ္လည္း တစ္ဦးအပါအဝင္ပါပဲ။

ဒိန္းမတ္ဂႏၴဝင္ဂိုးသမားႀကီး ပီတာရွမိုက္ကယ္ရဲ႕သားျဖစ္သူ ကက္စ္ပါဟာ သူ႔အေဖလိုမ်ိဳး ကစားသမားဘဝမွာ ႀကီးမားတဲ့ေအာင္ျမင္မႈေတြ မရေသးေပမယ့္ ကလပ္အသင္းအဆင့္မွာေတာ့ ပရီးမီးယားလိဂ္၊ FA ဖလားေတြရယူႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။ ကက္စ္ပါအေနနဲ႔ ဖခင္ျဖစ္သူရဲ႕ေျခရာကို အမီလိုက္နင္းႏိုင္ဖို႔အတြက္ ဒိန္းမတ္အသင္းနဲ႔အတူ ေအာင္ျမင္မႈရယူဖို႔လိုအပ္ေနပါၿပီ။

ကမာၻ႔ေဘာလုံးေလာကတစ္ခုလုံး Shock ျဖစ္ခဲ့ရတဲ့ ယူ႐ို-၁၉၉၂ ၿပိဳင္ပြဲမွာ ဒိန္းမတ္အသင္းဗိုလ္စြဲတုန္းက ပီတာရွမိုက္ကယ္ဟာ အသင္းရဲ႕ဂိုးေပါက္မွာ တံတိုင္းတစ္ခုလိုကာကြယ္ေစာင့္ေရွာက္ခဲ့ၿပီး နယ္သာလန္နဲ႔ ဆီမီးဖိုင္နယ္ပြဲမွာ နာမည္ေက်ာ္ကစားသမား ဗန္ဘက္စတန္ရဲ႕ပယ္နယ္တီကို ကာကြယ္ႏိုင္ခဲ့သလို ဗိုလ္လုပြဲမွာလည္း ဂ်ာမနီအသင္းရဲ႕ထိုးေဖာက္မႈေတြကို ဟန႔္တားၿပီးေတာ့ ႏိုင္ငံအသင္းအတြက္ သမိုင္းဝင္ေအာင္ျမင္မႈအျဖစ္ ယူ႐ိုခ်န္ပီယံဆုရယူေပးႏိုင္ခဲ့ပါတယ္။

အခုအခ်ိန္မွာလည္း ယူ႐ို-၉၂ ၿပိဳင္ပြဲတုန္းကလို ရွမိုက္ကယ္မ်ိဳးဆက္ ကက္စ္ပါရွမိုက္ကယ္က အသင္းအတြက္ အေကာင္းဆုံးလက္စြမ္းျပေနၿပီး သူက ဒိန္းမတ္အသင္းအတြက္ ႀကီးက်ယ္ခမ္းနားတဲ့ေအာင္ျမင္မႈ ေနာက္ထပ္တစ္ႀကိမ္ရယူဖို႔ ဆႏၵျပင္းျပေနပါလိမ့္မယ္။ အေဖတုန္းက ႏိုင္ငံ့ဂုဏ္ေဆာင္ခဲ့သလို သားျဖစ္သူ ကက္စ္ပါရွမိုက္ကယ္အလွည့္မွာလည္း ႏိုင္ငံအတြက္သာမက ဖခင္ျဖစ္သူအတြက္ပါဂုဏ္ယူစရာျဖစ္ေအာင္ စြမ္းေဆာင္ျပႏိုင္မလားဆိုတာကေတာ့ . . .