အင်္ဂလန်အသင်း နောက်ဆုံးအကြိမ် ဆုဖလားရတုန်းက ဒိုင်နိုဆောတွေတောင် မျိုးမသုဉ်းသေးဘူး-အီဗရာ

ပြိုင်ဘက်အသင်းတွေကို ပုံစံအမျိုးမျိုးနဲ့ လှောင်ပြောင်လေ့ရှိတဲ့ မန်ချက်စတာယူနိုက်တက်နောက်ခံလူ အီဗရာဟာ ဒီတစ်ကြိမ်မှာတော့ အင်္ဂလန်အသင်းကို ပစ်မှတ်ထားခဲ့ပြီး အင်္ဂလန်အသင်း နောက်ဆုံးအကြိမ် အဓိက ဆုဖလားရယူခဲ့တုန်းက ဒိုင်နိုဆောတွေတောင် မျိုးမသုဉ်းသေးဘူးလို့ လှောင်ပြောင်ခဲ့ပြန်ပါတယ်။

အီဗရာဟာ ပြီးခဲ့တဲ့မေလတုန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ချယ်လ်ဆီးကို မန်စီးတီးရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး သူ့ရဲ့ Twitter Account မှာ တစ်ချိန်က ပြိုင်ဘက်ဖြစ်ခဲ့ဖူးတဲ့ မန်စီးတီးအသင်းကို ကောင်းကောင်းလှောင်ခဲ့သလို အဲဒီအဖြစ်အပျက်က ပရိသတ်တွေပွဲကျစရာဖြစ်ခဲ့ရပါတယ်။ အင်္ဂလန်အသင်းဟာ ယူရို-၂၀၂၀ ဆီမီးဖိုင်နယ်ပွဲအဖြစ် မနက်ဖြန်မှာ ဒိန်းမတ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အဲဒီပွဲမတိုင်ခင် အီဗရာက အင်္ဂလန်အသင်းကို အားပေးသလိုနဲ့ မထိတထိစကားတွေပြောဆိုခဲ့တာပါ။

အီဗရာက သူ့ ပုံမှန် Troll နေကျ မန်စီးတီးပရိသတ်ဖြစ်သူ နာမည်ကျော် Oasis ဂီတအဖွဲ့သားဟောင်း နိုဝယ်ဂါလက်ဂါပုံစံအတိုင်း ဆံပင်အတုစွပ်ပြီး “ဒီနေ့ဒီအချိန်ရောက်ဖို့ ပရိသတ်တွေ နှစ်အကြာကြီးစောင့်ဆိုင်းခဲ့ရပါတယ်။ အင်္ဂလန်အသင်း နောက်ဆုံးအချိန် ချန်ပီယံဖြစ်ခဲ့တုန်းက ဒိုင်နိုဆောတွေတောင် မျိုးမသုဉ်းသေးပါဘူး။ ကြိုးစားထား ..သားကြီးတို့။ မင်းတို့တွေ ယူရိုချန်ပီယံဖြစ်အောင် လုပ်နိုင်ပါတယ်”ဆိုပြီး ပြောကြားထားတဲ့ ရုပ်သံကို Instagram မှာ Post တင်ခဲ့တာပါ။

အင်္ဂလန်အသင်းဟာ အိမ်ရှင်အဖြစ်ကျင်းပခဲ့တဲ့ ၁၉၆၆ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့တဲ့နောက်ပိုင်း ယူရိုနဲ့ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ခုမှာ တစ်ခါမှချန်ပီယံမဖြစ်ခဲ့ဘဲ ယူရိုပြိုင်ပွဲမှာဆိုရင် တစ်ကြိမ်မှ ဗိုလ်မစွဲဖူးပါဘူး။ အဲဒါကြောင့် အီဗရာက အင်္ဂလန်အသင်းရဲ့ အားနည်းချက်ကို ထေ့ငေါ့ပြောဆိုခဲ့လို့ အင်္ဂလန်အသင်းကိုပဲ အားပေးတာလား ဒါမှမဟုတ် တမင်တကာပဲ လှောင်ပြောင်တာပဲလားဆိုတာတော့ သူကိုယ်တိုင်ပဲ အသိဆုံးဖြစ်ပါလိ့မ်မယ်။

zawgyi

အဂၤလန္အသင္း ေနာက္ဆုံးအႀကိမ္ ဆုဖလားရတုန္းက ဒိုင္ႏိုေဆာေတြေတာင္ မ်ိဳးမသုဥ္းေသးဘူး-အီဗရာ

ၿပိဳင္ဘက္အသင္းေတြကို ပုံစံအမ်ိဳးမ်ိဳးနဲ႔ ေလွာင္ေျပာင္ေလ့ရွိတဲ့ မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူ အီဗရာဟာ ဒီတစ္ႀကိမ္မွာေတာ့ အဂၤလန္အသင္းကို ပစ္မွတ္ထားခဲ့ၿပီး အဂၤလန္အသင္း ေနာက္ဆုံးအႀကိမ္ အဓိက ဆုဖလားရယူခဲ့တုန္းက ဒိုင္ႏိုေဆာေတြေတာင္ မ်ိဳးမသုဥ္းေသးဘူးလို႔ ေလွာင္ေျပာင္ခဲ့ျပန္ပါတယ္။

အီဗရာဟာ ၿပီးခဲ့တဲ့ေမလတုန္းက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ခ်ယ္လ္ဆီးကို မန္စီးတီးရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီး သူ႔ရဲ႕ Twitter Account မွာ တစ္ခ်ိန္က ၿပိဳင္ဘက္ျဖစ္ခဲ့ဖူးတဲ့ မန္စီးတီးအသင္းကို ေကာင္းေကာင္းေလွာင္ခဲ့သလို အဲဒီအျဖစ္အပ်က္က ပရိသတ္ေတြပြဲက်စရာျဖစ္ခဲ့ရပါတယ္။ အဂၤလန္အသင္းဟာ ယူ႐ို-၂၀၂၀ ဆီမီးဖိုင္နယ္ပြဲအျဖစ္ မနက္ျဖန္မွာ ဒိန္းမတ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး အဲဒီပြဲမတိုင္ခင္ အီဗရာက အဂၤလန္အသင္းကို အားေပးသလိုနဲ႔ မထိတထိစကားေတြေျပာဆိုခဲ့တာပါ။

အီဗရာက သူ႔ ပုံမွန္ Troll ေနက် မန္စီးတီးပရိသတ္ျဖစ္သူ နာမည္ေက်ာ္ Oasis ဂီတအဖြဲ႕သားေဟာင္း ႏိုဝယ္ဂါလက္ဂါပုံစံအတိုင္း ဆံပင္အတုစြပ္ၿပီး “ဒီေန႔ဒီအခ်ိန္ေရာက္ဖို႔ ပရိသတ္ေတြ ႏွစ္အၾကာႀကီးေစာင့္ဆိုင္းခဲ့ရပါတယ္။ အဂၤလန္အသင္း ေနာက္ဆုံးအခ်ိန္ ခ်န္ပီယံျဖစ္ခဲ့တုန္းက ဒိုင္ႏိုေဆာေတြေတာင္ မ်ိဳးမသုဥ္းေသးပါဘူး။ ႀကိဳးစားထား ..သားႀကီးတို႔။ မင္းတို႔ေတြ ယူ႐ိုခ်န္ပီယံျဖစ္ေအာင္ လုပ္ႏိုင္ပါတယ္”ဆိုၿပီး ေျပာၾကားထားတဲ့ ႐ုပ္သံကို Instagram မွာ Post တင္ခဲ့တာပါ။

အဂၤလန္အသင္းဟာ အိမ္ရွင္အျဖစ္က်င္းပခဲ့တဲ့ ၁၉၆၆ ကမာၻ႔ဖလားမွာ ဗိုလ္စြဲခဲ့တဲ့ေနာက္ပိုင္း ယူ႐ိုနဲ႔ကမာၻ႔ဖလားၿပိဳင္ပြဲႏွစ္ခုမွာ တစ္ခါမွခ်န္ပီယံမျဖစ္ခဲ့ဘဲ ယူ႐ိုၿပိဳင္ပြဲမွာဆိုရင္ တစ္ႀကိမ္မွ ဗိုလ္မစြဲဖူးပါဘူး။ အဲဒါေၾကာင့္ အီဗရာက အဂၤလန္အသင္းရဲ႕ အားနည္းခ်က္ကို ေထ့ေငါ့ေျပာဆိုခဲ့လို႔ အဂၤလန္အသင္းကိုပဲ အားေပးတာလား ဒါမွမဟုတ္ တမင္တကာပဲ ေလွာင္ေျပာင္တာပဲလားဆိုတာေတာ့ သူကိုယ္တိုင္ပဲ အသိဆုံးျဖစ္ပါလိ့မ္မယ္။