ဟာလန်းကို ဥရောပ အသင်းကြီးတွေဆီကနေ ကြားဖြတ် ခေါ်ယူဖို့ ချဲလ်ဆီးကို တိုက်တွန်းလိုက်တဲ့ ပီတစ်
ကွင်းလယ် ကစားသမားဟောင်း ပီတစ်က သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ ချဲလ်ဆီးအသင်းအနေနဲ့ လူငယ် တိုက်စစ်မှုး ဟာလန်းကို ဥရောပ အသင်းကြီးတွေဆီကနေ ကြားဖြတ်ခေါ်ယူသင့်တယ်လို့ အကြံပေး တိုက်တွန်းသွားလိုက်တာ ဖြစ်ပါတယ်။ နော်ဝေးတိုက်စစ်မှုးဟာလန်းဟာ ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှာ ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၄၁) ပွဲမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၄၁) ဂိုး သွင်းယူခဲ့ပြီး လက်ရှိမှာ အသင်းတိုင်း နဲ့ နည်းပြတိုင်းက လိုချင်နေကြတဲ့ တိုက်စစ်မှုး တစ်ဦးပါပဲ။
ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ရာသီက အသင်းရဲ့ ကစားသမားတွေကို အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ မန်စီးတီးအသင်းကို (၁-ဝ) ရလဒ်နဲ့ အနိုင် ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ် ဖလားကို (၂) ကြိမ်မြောက် ရရှိသွားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ လက်ရှိမှာတော့ တိုက်စစ်မှာ ဂျီရူး၊ အေဘရာဟမ် နဲ့ ဝါနာတို့ကို အားကိုးရပြီး ပီတစ်ကတော့ ချဲလ်ဆီးအသင်းအနေနဲ့ ဂိုးတွေ အများကြီး သွင်းနိုင်တဲ့ တိုက်စစ်မှုး ဟာလန်းကို ခေါ်ယူသင့်တယ်လို့ တိုက်တွန်း သွားခဲ့ပါတယ်။
ပီတစ်က “ကျွန်တော် ရိုးရိုးနဲ့ ရှင်းရှင်း ပြောမယ်။ ဂျီရူးက ချဲလ်ဆီးက ထွက်မယ့် လမ်းကြောင်းမှာ။ အေဘရာဟမ်က အငှားနဲ့ ထွက်သွားနိုင်ပါတယ်။ ဝါနာက ဂိုးသွင်းနိုင်ဖို့အတွက် ရုန်းကန်နေရတယ်။ ကိုင်ဟာဗက်ကတော့ တိုက်စစ်မှူး မဟုတ်ပါဘူး´´
“ချဲလ်ဆီးက တိုက်စစ်မှုး လိုအပ်တယ်။ ဂိုးတွေ အများကြီး သွင်းနိုင်တဲ့ တိုက်စစ်မှုး လိုပါတယ်။ ဟာလန်းကသာ အဖြေပါပဲ။ သူက တောက်ပတဲ့အနာဂတ်ကို ပိုင်ဆိုင်ပြီး သူက သန်မာပါတယ်။ သူက အားရှိတယ်။ သူ ငယ်လည်း ငယ်တယ်´´“ဟာလန်းရဲ့ တန်ဖိုးက အလွန် မြင့်ပြီးသားပါပဲ။ နည်းပြ တူချယ်နဲ့ ရင်းနှီးမှုက ချဲလ်ဆီးအသင်းကို ပြောင်းဖို့ အခွင့်အရေး ပို များစေပါတယ်။ သူက ချဲလ်ဆီးအသင်း လိုအပ်တဲ့ အဆုံးသတ်သမား ဖြစ်လာနိုင်ပါတယ်´´လို့ ပြောကြားသွားပါတယ်။
နည်းပြ တူချယ်ရဲ့ ချဲလ်ဆီးအသင်းဟာ အသင်းရဲ့ ကစားသမားဟောင်း ဖြစ်ပြီး လက်ရှိ အင်တာမီလန်အသင်းမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှုး လူကာကူကို ပြန်လည် ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ အင်္ဂလန် သတင်းတွေက ဖော်ပြနေပါတယ်။
zawgyi