ရွက်လှေပေါ်မှာ မိသားစုနဲ့ အပန်းဖြေနေတဲ့ ရော်နယ်ဒို

ရော်နယ်ဒိုဟာဟိုးလွန်ခဲ့တဲ့သတင်းပတ်တုန်းကတော့ပေါ်တူဂီအသင်းခေါင်းဆောင်လက်ပတ်ကိုဒေါသတကြီးလွှင့်ပစ်ခဲ့ပါတယ်။ နိုင်ငံအတွက် အကောင်းဆုံးကြိုးစားခဲ့ပေမယ့် ထိပ်တန်းအဆင့်ကို မရောက်ဘဲ လမ်းတစ်ဝက်က လှည့်ပြန်ခဲ့ရပါတယ်။

ပြိုင်ပွဲက ထွက်ရပြီးနောက်ဒိုလေးတစ်ယောက် စိတ်ကိုလွှတ်ချ အနားယူနေခဲ့ပါတယ်။ ကလေး ၄ ယောက်ဖခင်ရော်နယ်ဒိုဟာ ရွက်လှေတစ်စီးပေါ်တွင် ၁၁ နှစ်အရွယ် ခရစ်စတီယာနို ဂျူနီယာ၊ ၄ နှစ်အရွယ် အမွှာတွေဖြစ်တဲ့ Eva နဲ့ Mateo၊ သမီးငယ် Alanna၊ ချစ်သူဇနီးမယား ဂျော်ဂျီနာတို့နဲ့အတူ အနားယူအပန်းဖြေရင်း အချိန်ကုန်နေခဲ့ပါတယ်။

ပေါ်တူဂီတို့ဟာ ရှူံးထွက် 16 သင်းအဆင့်တွင် အောင်ဖျာလိပ် အိမ်ကို ပြန်သွားခဲ့ရပြီးနောက် ပေါ်တူဂီစတားဟာ မိသားစုနဲ့အတူ အနားယူချိန်ဖြစ်ကြောင်း ‘It’s time to rest with my loves.’ ဆိုပြီး ပို့စ်တစ်ခုတင်ထားခဲ့ပါတယ်။

ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုဟာလောလောလတ်လတ်အနေအထားမှာ နိုင်ငံလက်ရွေးစင်အသင်းအတွက် အောင်မြင်အောင် မကူညီနိုင်ပေမယ့် တစ်ကိုယ်ရည်မှတ်တမ်းနဲ့ ခြေစွမ်းပိုင်းမှာတော့ ထူးရှယ်အောင်မြင်မှုတွေရထားပါတယ်။

ကွင်းပြင်ပအကြီးမားဆုံးအောင်မြင်မှုတစ်ခု အနေနဲ့ကတော့ ရော်နယ်ဒိုဟာ အင်စတာဂရမ်မှာ ပို့စ်တစ်ခုတင်ပေးပြီး ကြော်ငြာပေးဖို့အတွက် ဒေါ်လာ ၁.၆ သန်းအထိ ရရှိကာ ဒါဟာ ကြော်ငြာခအများဆုံးရရှိတဲ့ လူပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်လာခဲ့တာပဲ ဖြစ်ပါတယ်။ Guardian ရဲ့ဖော်ပြချက်အရဆိုရင် ပေါ်တူဂီကစားသမားဟာ လူမှုကွန်ရက်တွေပေါ်မှာ ဝင်ငွေအများဆုံးရသူဖြစ်လာတယ်လို့ သိရပါတယ်။

zawgyi

႐ြက္ေလွေပၚမွာ မိသားစုနဲ႔ အပန္းေျဖေနတဲ့ ေရာ္နယ္ဒို

ေရာ္နယ္ဒိုဟာဟိုးလြန္ခဲ့တဲ့သတင္းပတ္တုန္းကေတာ့ေပၚတူဂီအသင္းေခါင္းေဆာင္လက္ပတ္ကိုေဒါသတႀကီးလႊင့္ပစ္ခဲ့ပါတယ္။ ႏိုင္ငံအတြက္ အေကာင္းဆုံးႀကိဳးစားခဲ့ေပမယ့္ ထိပ္တန္းအဆင့္ကို မေရာက္ဘဲ လမ္းတစ္ဝက္က လွည့္ျပန္ခဲ့ရပါတယ္။

ၿပိဳင္ပြဲက ထြက္ရၿပီးေနာက္ဒိုေလးတစ္ေယာက္ စိတ္ကိုလႊတ္ခ် အနားယူေနခဲ့ပါတယ္။ ကေလး ၄ ေယာက္ဖခင္ေရာ္နယ္ဒိုဟာ ႐ြက္ေလွတစ္စီးေပၚတြင္ ၁၁ ႏွစ္အ႐ြယ္ ခရစ္စတီယာႏို ဂ်ဴနီယာ၊ ၄ ႏွစ္အ႐ြယ္ အမႊာေတြျဖစ္တဲ့ Eva နဲ႔ Mateo၊ သမီးငယ္ Alanna၊ ခ်စ္သူဇနီးမယား ေဂ်ာ္ဂ်ီနာတို႔နဲ႔အတူ အနားယူအပန္းေျဖရင္း အခ်ိန္ကုန္ေနခဲ့ပါတယ္။

ေပၚတူဂီတို႔ဟာ ရႉံးထြက္ 16 သင္းအဆင့္တြင္ ေအာင္ဖ်ာလိပ္ အိမ္ကို ျပန္သြားခဲ့ရၿပီးေနာက္ ေပၚတူဂီစတားဟာ မိသားစုနဲ႔အတူ အနားယူခ်ိန္ျဖစ္ေၾကာင္း ‘It’s time to rest with my loves.’ ဆိုၿပီး ပို႔စ္တစ္ခုတင္ထားခဲ့ပါတယ္။

ေပၚတူဂီတိုက္စစ္မႉးေရာ္နယ္ဒိုဟာေလာေလာလတ္လတ္အေနအထားမွာ ႏိုင္ငံလက္ေ႐ြးစင္အသင္းအတြက္ ေအာင္ျမင္ေအာင္ မကူညီႏိုင္ေပမယ့္ တစ္ကိုယ္ရည္မွတ္တမ္းနဲ႔ ေျခစြမ္းပိုင္းမွာေတာ့ ထူးရွယ္ေအာင္ျမင္မႈေတြရထားပါတယ္။

ကြင္းျပင္ပအႀကီးမားဆုံးေအာင္ျမင္မႈတစ္ခု အေနနဲ႔ကေတာ့ ေရာ္နယ္ဒိုဟာ အင္စတာဂရမ္မွာ ပို႔စ္တစ္ခုတင္ေပးၿပီး ေၾကာ္ျငာေပးဖို႔အတြက္ ေဒၚလာ ၁.၆ သန္းအထိ ရရွိကာ ဒါဟာ ေၾကာ္ျငာခအမ်ားဆုံးရရွိတဲ့ လူပုဂၢိဳလ္အျဖစ္ မွတ္တမ္းဝင္လာခဲ့တာပဲ ျဖစ္ပါတယ္။ Guardian ရဲ႕ေဖာ္ျပခ်က္အရဆိုရင္ ေပၚတူဂီကစားသမားဟာ လူမႈကြန္ရက္ေတြေပၚမွာ ဝင္ေငြအမ်ားဆုံးရသူျဖစ္လာတယ္လို႔ သိရပါတယ္။